• Follow Us on

Home ျပည္ခိုင္ၿဖိဳးပါတီမွ Mask မ်ားႏွင့္ ပါတီစတစ္ကာ Campain ျမစ္ႀကီးနားမွာ ျပဳလုပ္

ျပည္ခိုင္ၿဖိဳးပါတီမွ Mask မ်ားႏွင့္ ပါတီစတစ္ကာ Campain ျမစ္ႀကီးနားမွာ ျပဳလုပ္

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၈

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ ျပည္ခိုင္ၿဖိဳးပါတီမွ Mask ႏွာေခါင္းစည္းမ်ားႏွင့္ ပါတီစတစ္ကာမ်ား ကပ္ေဝျခင္း၊ ကမ္ပိန္း(Campain)ျပဳလုပ္ခဲ့သည္။

အဆိုပါ Campain ကို ျမစ္ႀကီးနားၿမိဳ႕၊ ယုဇနရပ္ကြက္ရွိ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၏႐ုံးေရွ႕တြင္ ျပဳလုပ္ခဲ့ၿပီး လမ္းသြားလမ္းလာျပည္သူမ်ားကိုMaskမ်ားေပးေဝခဲ့ၿပီး ပါတီစတစ္ကာမ်ားကပ္ေပးျခင္းႏွင့္ ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ ဝင္ေရာက္ယွဉ္ၿပိဳင္မည့္ ပါတီကိုယ္စား လွယ္ေလာင္း(၈)ဦး၏ ဗြီႏိုင္းပိုစတာစိုက္ထူပြဲကိုလည္း ေဆာင္ရြက္ခဲ့သည္။

ထိုCampainကို ျပဳလုပ္ရျခင္းမွာ စက္တင္ဘာလ၈ရက္ေန႔မွ စတင္၍ မဲဆြယ္စည္း႐ုံးျခင္း ခြင့္ျပဳသည္ျဖစ္ရာ ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ ပါတီေအာင္ႏိုင္ေရးအတြက္ရည္ရြယ္ၿပီး ျပည္သူမ်ားကို ၎တို႔ပါတီကို မဲေပးရန္အတြက္ မက္ေဆ့ (message)ေပးျခင္းျဖစ္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီဥကၠဌ ဦးၫြန္႔ဝင္းကေျပာသည္။

” ကြၽန္ေတာ္တို႔ ဒီေန႔လုပ္တာက စတစ္ကာ Campain ေပါ႔ ျပည္သူေတြကို ျပည္ခိုင္ၿဖိဳးပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းေတြကို မဲေပးဖို႔အတြက္ မက္ေဆ့ (message) ေပးတာျဖစ္သလို တစ္ဖက္ကလည္း Second Waveအျဖစ္ျပန္လာေနတဲ့ Covid-19ေၾကာင့္ ျပည္သူေတြကို က်န္းမာေရးအသိပညာေပးတဲ့အေနနဲ႔ Maskေတြကို ေဝေပးတယ္၊ ကိုယ္တိုင္လည္းတပ္ဆင္ေပးၾကတာျဖစ္ပါတယ္”ဟု ပါတီဥကၠဌ ဦးၫြန္႔ဝင္းက ဆိုသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မွ ၂၀၂၀ခုႏွစ္ စက္တင္ဘာလ၈ရက္ေန႔မွစတင္၍ ရက္ေပါင္း (၆၀)ၾကာ ၂၀၂၀ေရြးေကာက္ပြဲတြင္ ပါဝင္ယွဉ္ၿပိဳင္မည့္ ပါတီမ်ားအား မဲဆြယ္စည္း႐ုံးခြင့္ျပဳေၾကာင္း ျပည္ေထာင္စုေၾကညာထားၿပီးျဖစ္သည္။

သူသူ၊ ေဝယံ

#PeopleMedia #EPN #2020election #USDP #ျမစ္ႀကီးနား

(unicode)
ပြည်ခိုင်ဖြိုးပါတီမှ Mask များနှင့် ပါတီစတစ်ကာ Campain မြစ်ကြီးနားမှာ ပြုလုပ်
………………………………………………

မြစ်ကြီးနား၊ စက်တင်ဘာ ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြည်ခိုင်ဖြိုးပါတီမှ Mask နှာခေါင်းစည်းများနှင့် ပါတီစတစ်ကာများ ကပ်ဝေခြင်း၊ ကမ်ပိန်း(Campain)ပြုလုပ်ခဲ့သည်။

အဆိုပါ Campain ကို မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ရုံးရှေ့တွင် ပြုလုပ်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူများကိုMaskများပေးဝေခဲ့ပြီး ပါတီစတစ်ကာများကပ်ပေးခြင်းနှင့် မြစ်ကြီးနားမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုယ်စား လှယ်လောင်း(၈)ဦး၏ ဗွီနိုင်းပိုစတာစိုက်ထူပွဲကိုလည်း ဆောင်ရွက်ခဲ့သည်။

ထိုCampainကို ပြုလုပ်ရခြင်းမှာ စက်တင်ဘာလ၈ရက်နေ့မှ စတင်၍ မဲဆွယ်စည်းရုံးခြင်း ခွင့်ပြုသည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီအောင်နိုင်ရေးအတွက်ရည်ရွယ်ပြီး ပြည်သူများကို ၎င်းတို့ပါတီကို မဲပေးရန်အတွက် မက်ဆေ့ (message)ပေးခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးညွန့်ဝင်းကပြောသည်။

” ကျွန်တော်တို့ ဒီနေ့လုပ်တာက စတစ်ကာ Campain ပေါ့ ပြည်သူတွေကို ပြည်ခိုင်ဖြိုးပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့အတွက် မက်ဆေ့ (message) ပေးတာဖြစ်သလို တစ်ဖက်ကလည်း Second Waveအဖြစ်ပြန်လာနေတဲ့ Covid-19ကြောင့် ပြည်သူတွေကို ကျန်းမာရေးအသိပညာပေးတဲ့အနေနဲ့ Maskတွေကို ဝေပေးတယ်၊ ကိုယ်တိုင်လည်းတပ်ဆင်ပေးကြတာဖြစ်ပါတယ်”ဟု ပါတီဥက္ကဌ ဦးညွန့်ဝင်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မှ ၂၀၂၀ခုနှစ် စက်တင်ဘာလ၈ရက်နေ့မှစတင်၍ ရက်ပေါင်း (၆၀)ကြာ ၂၀၂၀ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများအား မဲဆွယ်စည်းရုံးခွင့်ပြုကြောင်း ပြည်ထောင်စုကြေညာထားပြီးဖြစ်သည်။

သူသူ၊ ဝေယံ

#PeopleMedia #EPN #2020election #USDP #မြစ်ကြီးနား


Share this post