• Follow Us on

Home ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာအပါအဝင် (၄) ဦးသည် တစ်ဦးလျင် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရ

ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာအပါအဝင် (၄) ဦးသည် တစ်ဦးလျင် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၁ (People Media)

 

ရှမ်းပြည်နယ်အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင် အပါအဝင် (၄) ဦးသည် ဒီဇင်ဘာလ ၁၀ ရက်နေ့က တစ်ဦးလျင် ထောင်ဒဏ် (၃) နှစ်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရ ကြောင်း သိရသည်။

 

ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ၊ သတင်းထောက် စိုင်းစည်သူနှင့် ထုတ်ဝေသူ ကိုတင်အောင်ကျော်တို့ကို ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆို ထားခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘောဇတိုင်းသတင်းဌာနမှ သတင်းများကို (၈) လကျော်ကြာ ထိန်းသိမ်းထားပြီးနောက် ညောင်ရွှေအကျဉ်း ထောင်အတွင်းရှိ ထောင်တွင်းတရားရုံးမှ ယမန်နေ့မှာတော့ ထောင်ဒဏ်(၃)နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

Photo – ကမ္ဘောဇတိုင်းသတင်းဌာန

 

#PeopleMedia #ကမ္ဘောဇတိုင်းသတင်းဌာန

 

(unicode)


………………………………………………………………….

 


 


 


 


 


 



Share this post