• Follow Us on

Home မိုးကုတ်မြို့၌ CDM ဝန်ထမ်းမိသားစုသည် ဒလန်ဟု စွတ်စွဲခံရပြီးနောက် ဖခင်ဖြစ်သူနှင့် သမီးဖြစ်သူတို့ လုပ်ကြံ သတ်ဖြတ်ခံရ

မိုးကုတ်မြို့၌ CDM ဝန်ထမ်းမိသားစုသည် ဒလန်ဟု စွတ်စွဲခံရပြီးနောက် ဖခင်ဖြစ်သူနှင့် သမီးဖြစ်သူတို့ လုပ်ကြံ သတ်ဖြတ်ခံရ

Share this post

မန္တလေး၊ ဒီဇင်ဘာ ၁၁ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ CDM ပြုလုပ်ထားသည့် ဝန်ထမ်းမိသားစုသည် မိုးကုတ်မြို့နယ်ရှိ Page တစ်ခုမှ ဒလန်ဟု စွပ်စွဲပြီးနောက် ဒီဇင်ဘာ ၁၀ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်က ပန်းမရပ်(ရွာသစ်)၊ ကျောက်သပိတ်ရပ်ကွက်တွင် နေ ထိုင်သူ CDM ဝန်ထမ်း ဦးတင်ရွှေ၊ ၎င်း၏သမီးဖြစ်သူ မအဉ္ဇာလီဝင်းနှင့် ၎င်း၏ သားဖြစ်သူ မောင်ဇာနည်အောင် တို့သည် နေအိမ်အတွင်း ရှိနေစဉ် အမျိုးသားသုံးဦးမှ အိမ်အတွင်းသို့ ဝင်ရောက်၍ ဓားဖြင့်ဝင်ရောက်၍ သတ် ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

“သူတို့ကို ဒလန်ပါဆိုပြီးတော့ မိုးကုတ်မြို့ဒေသပေ့တစ်ခုက စပြီးတော့ တင်တာပါ။ တကယ်တော့ အခု မိသားစုဟာ CDM လုပ်ထားတဲ့မိသားစုပါ။ သူတို့က ဒလန်လို့စွတ်စွဲလို့ အသတ်ခံရပေမယ့် အခုလို ဘာမှ မဟုတ်အပြစ်မဲ့တဲ့မိသားစု အသတ်ခံရကျတော့ စာတစ်လုံးနဲ့ပဲ တောင်းပန်တာကို တင်ထားတယ်၊ ဒါဟာ တကယ်တော့ မဖြစ်သင့်ပါဘူး” ဟု လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ဦးတင်ရွှေနှင့် နီးစပ်သူတစ်ဦးက ပြော ပါတယ်။

 

သေဆုံးသူ ဦးတင်ရွှေနှင့် ၎င်း၏သမီးဖြစ်သူ မအဉ္ဇာလီဝင်းတို့သည် စိတ်သဘောထားကောင်းမွန်သည့် မိသား စုဖြစ်ပြီး ရပ်ရေးရွာရေးကိစ္စများတွင် တက်ကြွစွာကူညီသူများဖြစ်ကြောင်း ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် အစိုးရ ဝန်ထမ်းဖြစ်သော်လည်း NLD ပါတီအား မဲထည့်ခဲ့သူများဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောဆိုခဲ့ပါတယ်။

 

Photo – Credit

 

#PeopleMedia #မိုးကုတ်မြို့ #CDM

 

(unicode)


……………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၁၁ (People Media)

 


 


 


 


 

Photo – Credit

 



Share this post