• Follow Us on

Home ကယန္းအမ်ိဳးသားပါတီ၏ အဓိကၿပိဳင္ဘက္သည္ ျပည္ခိုင္ၿဖိဳးပါတီႏွင့္ NLD ပါတီရွိေၾကာင္း ပါတီအတြင္းေရးမွဴး ဦးခြန္ကေလးမင္းေျပာဆို

ကယန္းအမ်ိဳးသားပါတီ၏ အဓိကၿပိဳင္ဘက္သည္ ျပည္ခိုင္ၿဖိဳးပါတီႏွင့္ NLD ပါတီရွိေၾကာင္း ပါတီအတြင္းေရးမွဴး ဦးခြန္ကေလးမင္းေျပာဆို

Share this post

ရန္ကုန္ ၊ စက္တင္ဘာ ၊ ၁၇

လာမည့္ ၂၀၂၀ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ကယားျပည္နယ္၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရး ပါတီသည္ ၇ ပါတီ ရွိေသာ္လည္း ကယန္းအမ်ိဳးသားပါတီ၏ အဓိကၿပိဳင္ဘက္ပါတီသည္ ျပည္ခိုင္ၿဖိဳးပါတီႏွင့္ NLD ပါတီသာရွိေၾကာင္း ပါတီအတြင္းေရးမွဴးျဖစ္သူ ဦးခြန္ကေလးမင္းက ေျပာပါတယ္။

ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ ေရြးေကာက္ပြဲဝင္မည့္ ႏိုင္ငံေရးပါတီ ၉၃ ပါတီ အနက္ ကယားျပည္နယ္တြင္ ႏိုင္ငံေရးပါတီ ၇ ပါတီခန္႔သည္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာလည္း ျဖစ္ပါတယ္။

“အဓိက ကြၽန္ေတာ္တို႔ အဓိကၿပိဳင္ဘက္က USDP နဲ႔ NLD ပဲရွိတယ္။ က်န္တဲ့ ပါတီေတြက ရွိမွာမဟုတ္ဘူး၊ ဥပမာ သူရဦးေရႊမန္းပါတီတို႔ ဘာတို႔ ” ဟု ဦးခြန္ကေလးမင္းက ေျပာပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အေနျဖင့္ ၿပီးခဲ့သည့္ ရက္ပိုင္းမဲဆြယ္မႈ ေဟာေျပာ ခ်က္တြင္ ေတာင္ၿပိဳကမ္းၿပိဳႏိုင္လိုေၾကာင္း ေျပာဆိုခဲ့ေသာ္လည္း ကယားျပည္နယ္တြင္ ယခင္ကဲ့သို႔ ေတာင္ၿပိဳကမ္းၿပိဳႏိုင္ရန္ မလြယ္ကူေၾကာင္း ၎ကဆိုပါတယ္။

“ေဒၚစုေျပာတဲ့အတိုင္း ေတာင္ၿပိဳကမ္းၿပိဳလည္း ႏိုင္ခ်င္တယ္ဆိုေတာ့ အဲ့ဒါက သူ့ဆႏၵပဲျဖစ္မယ္။ ျဖစ္လာႏိုင္မျဖစ္လာႏိုင္ဆိုတာ ေျမျပင္ကို သူသိခ်င္မွသိမွာေပါ႔ အထူးသျဖင့္ ကယားျပည္နယ္ကေတာ့ ေတာင္ၿပိဳကမ္းၿပိဳထက္စာရင္ တစ္ဝက္ေလာက္ေတာ့ ေလ်ာ့က်သြားမယ္” ဟု ဦးခြန္ကေလးမင္းက ေျပာပါတယ္။

ကယန္းအမ်ိဳးသားပါတီအေနျဖင့္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ စသည့္ မဲဆႏၵနယ္ေျမမ်ား၌ ဝင္ေရာက္ယွဉ္ၿပိဳင္သြားမွာလည္း ျဖစ္ပါတယ္။

#PeopleMedia #ကယန္းအမ်ိဳးသားပါတီ #2020election

(unicode)
ကယန်းအမျိုးသားပါတီ၏ အဓိကပြိုင်ဘက်သည် ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီရှိကြောင်း ပါတီအတွင်းရေးမှူး ဦးခွန်ကလေးမင်းပြောဆို
…………………………………………………

ရန်ကုန် ၊ စက်တင်ဘာ ၊ ၁၇

လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီသည် ၇ ပါတီ ရှိသော်လည်း ကယန်းအမျိုးသားပါတီ၏ အဓိကပြိုင်ဘက်ပါတီသည် ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီသာရှိကြောင်း ပါတီအတွင်းရေးမှူးဖြစ်သူ ဦးခွန်ကလေးမင်းက ပြောပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ ၉၃ ပါတီ အနက် ကယားပြည်နယ်တွင် နိုင်ငံရေးပါတီ ၇ ပါတီခန့်သည် ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

“အဓိက ကျွန်တော်တို့ အဓိကပြိုင်ဘက်က USDP နဲ့ NLD ပဲရှိတယ်။ ကျန်တဲ့ ပါတီတွေက ရှိမှာမဟုတ်ဘူး၊ ဥပမာ သူရဦးရွှေမန်းပါတီတို့ ဘာတို့ ” ဟု ဦးခွန်ကလေးမင်းက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းမဲဆွယ်မှု ဟောပြော ချက်တွင် တောင်ပြိုကမ်းပြိုနိုင်လိုကြောင်း ပြောဆိုခဲ့သော်လည်း ကယားပြည်နယ်တွင် ယခင်ကဲ့သို့ တောင်ပြိုကမ်းပြိုနိုင်ရန် မလွယ်ကူကြောင်း ၎င်းကဆိုပါတယ်။

“ဒေါ်စုပြောတဲ့အတိုင်း တောင်ပြိုကမ်းပြိုလည်း နိုင်ချင်တယ်ဆိုတော့ အဲ့ဒါက သူ့ဆန္ဒပဲဖြစ်မယ်။ ဖြစ်လာနိုင်မဖြစ်လာနိုင်ဆိုတာ မြေပြင်ကို သူသိချင်မှသိမှာပေါ့ အထူးသဖြင့် ကယားပြည်နယ်ကတော့ တောင်ပြိုကမ်းပြိုထက်စာရင် တစ်ဝက်လောက်တော့ လျော့ကျသွားမယ်” ဟု ဦးခွန်ကလေးမင်းက ပြောပါတယ်။

ကယန်းအမျိုးသားပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် စသည့် မဲဆန္ဒနယ်မြေများ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

#PeopleMedia #ကယန်းအမျိုးသားပါတီ #2020election


Share this post