• Follow Us on

Home အထက္မင္းလွတြင္ အေပါင္ဆိုင္တြင္းဝင္ေရာက္ခိုးယူရာ ေငြက်ပ္ ၂၂ သိန္းခန္႔ ယူေဆာင္ကာ ပိုင္ရွင္အား ႐ိုက္ႏွက္ထြက္ေျပး

အထက္မင္းလွတြင္ အေပါင္ဆိုင္တြင္းဝင္ေရာက္ခိုးယူရာ ေငြက်ပ္ ၂၂ သိန္းခန္႔ ယူေဆာင္ကာ ပိုင္ရွင္အား ႐ိုက္ႏွက္ထြက္ေျပး

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၁၇

မေကြးတိုင္းေဒသႀကီး အထက္မင္းလွၿမိဳ႕တြင္ အမိန္႔ရအေပါင္ဆိုင္အတြင္း ဝင္ေရာက္ခိုးယူကာ ပိုင္ရွင္အား ႐ိုက္ႏွက္ထြက္ေျပးမႈ ယေန႔ နံနက္ပိုင္းတြင္ ျဖစ္ပြားခဲ့သည္။

အဆိုပါ မင္းလွၿမိဳ႕ အမွတ္(၂)ရပ္ကြက္ ခိုင္ေရႊဝါလမ္းရွိ အမိန္႔ရ အေပါင္ဆိုင္တြင္ အမ်ိဳးသားတစ္ဦးမွ ဝင္ေရာက္ခိုးယူေနခဲ့ျခင္းျဖစ္ၿပီး အိမ္ရွင္အမ်ိဳးသားႏွင့္ဆုံမိခ်ိန္တြင္အိမ္ရွင္အား ႐ိုက္ႏွက္ထြက္ေျပး သြားခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ အိမ္ရွင္အမ်ိဳးသားတြင္ နဖူးေပါက္ၿပဲဒဏ္ရာရရွိခဲ့ၿပီး ခိုးယူ႐ိုက္ႏွက္ထြက္ေျပးသြားသူထံသို႔ ေငြက်ပ္ ၂၂သိန္း ခန္႔ပါသြားေၾကာင္း သက္ဆိုင္ရာရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ျဖစ္စဉ္ႏွင့္ပတ္သက္ၿပီး မင္းလွၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွ မႈခင္းေဆးစစ္ခ်က္ရယူ၍ အမႈေရးဖြင့္ကာ တရားခံ ဖမ္းဆီးရမိေရးကို ဆက္လက္ေဆာင္ရြက္လ်က္ရွိသည္။

သက္ေနာင္ (မင္းလွ)

#PeopleMedia #မင္းလွ

(unicode)
အထက်မင်းလှတွင် အပေါင်ဆိုင်တွင်းဝင်ရောက်ခိုးယူရာ ငွေကျပ် ၂၂ သိန်းခန့် ယူဆောင်ကာ ပိုင်ရှင်အား ရိုက်နှက်ထွက်ပြေး
………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၁၇

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့တွင် အမိန့်ရအပေါင်ဆိုင်အတွင်း ဝင်ရောက်ခိုးယူကာ ပိုင်ရှင်အား ရိုက်နှက်ထွက်ပြေးမှု ယနေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

အဆိုပါ မင်းလှမြို့ အမှတ်(၂)ရပ်ကွက် ခိုင်ရွှေဝါလမ်းရှိ အမိန့်ရ အပေါင်ဆိုင်တွင် အမျိုးသားတစ်ဦးမှ ဝင်ရောက်ခိုးယူနေခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်အမျိုးသားနှင့်ဆုံမိချိန်တွင်အိမ်ရှင်အား ရိုက်နှက်ထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အိမ်ရှင်အမျိုးသားတွင် နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ခိုးယူရိုက်နှက်ထွက်ပြေးသွားသူထံသို့ ငွေကျပ် ၂၂သိန်း ခန့်ပါသွားကြောင်း သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှ မှုခင်းဆေးစစ်ချက်ရယူ၍ အမှုရေးဖွင့်ကာ တရားခံ ဖမ်းဆီးရမိရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

သက်နောင် (မင်းလှ)

#PeopleMedia #မင်းလှ


Share this post