• Follow Us on

Home ကာစီနိုလောင်းကစားပါဝင်တဲ့ ဖျော်ဖြေရေးရုံကြီးတွေ ဖွင့်လှစ်ဖို့ ထိုင်းဝန်ကြီးချုပ်ထောက်ခံ

ကာစီနိုလောင်းကစားပါဝင်တဲ့ ဖျော်ဖြေရေးရုံကြီးတွေ ဖွင့်လှစ်ဖို့ ထိုင်းဝန်ကြီးချုပ်ထောက်ခံ

Share this post

နိုင်ငံတကာ၊ မတ် ၂၉

 

ထိုင်းနိုင်ငံတွင်း ကာစီနိုလောင်းကစားတွေပါဝင်တဲ့ ဖျော်ဖြေရေးရုံကြီးတွေ ဖွင့်လှစ်ရေးကို အားပေးထောက်ခံ ကြောင်း ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ပြောကြားလိုက်ပါတယ်။

 

ကာစီနိုင်ကို တရားဝင်ခွင့်ပြုပေးလိုက်တာဟာ တရားမဝင်လောင်းကစားတွေကို ထိန်းချုပ်ပြီးသားဖြစ်သွားနိုင်သ လို လောင်းကစားဝိုင်းက ငွေကြေးတွေဟာလည်း နိုင်ငံတော်ဘဏ္ဍာတိုက်ထဲကို စီးဝင်လာနိုင်တယ်လို့ ယုံကြည် ကြောင်း ဝန်ကြီးချုပ်က ကြာသပတေးနေ့ (မတ်လ ၂၈ ရက်နေ့) က ပြောပါတယ်။

 

တရားဝင်လည်ပတ်လုပ်ကိုင်နေတဲ့ ဖျော်ဖြေရေးရုံကြီးတွေက နိုင်ငံအတွက် စနစ်တကျအခွန်ကောက်ခံနိုင်မှာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အခုလို ဖျော်ဖြေရေးရုံကြီးတွေ ဖွင့်လှစ်ဖို့ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှုပြုလုပ်ထားပြီး အောက်လွှတ်တော်ကော်မ တီတစ်ရပ်က ပြင်ဆင်တင်ပြထားတဲ့ အစီရင်ခံစာတစ်စောင်ကို အောက်လွှတ်တော်က ခွင့်ပြုလိုက်တဲ့အချိန်မှာ မစ္စတာဆရက်ထာက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

အဲဒီလို ဖျော်ဖြေရေးရုံကြီးတွေဟာ ဥပဒေနဲ့အညီ လည်ပတ်ဆောင်ရွက်ရမှာဖြစ်ပြီး လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ဒေသအာဏာပိုင်တွေက ကြီးကြပ်သွားမှာဖြစ်ကြောင်းပြောဆိုရင်း ကာစီနိုရုံတွေဖွင့်လှစ်လိုက်လို့ အပျက်သ ဘောဆောင်တဲ့ လူမှုရေးထိခိုက်မှုတွေဖြစ်ပေါ်လာနိုင်မယ့်အရေး စိုးရိမ်ပူပန်နေမှုတွေကိုလည်း ၎င်းက ဖြေ သိမ့်ပြောဆိုခဲ့ပါတယ်။

 

အပျက်သဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့လည်း အဲဒီလို ဖျော် ဖြေရေးရုံကြီးတွေကနေ စီးပွားရေးအကျိုးအမြတ်တွေ ရရှိလာမှာဖြစ်တယ်လို့ လေ့လာတွေ့ရှိရကြောင်း အောက် လွှတ်တော်ကော်မတီဥက္ကဋ္ဌဖြစ်သူ ဘဏ္ဍာရေးဒုတိယဝန်ကြီး ဂျူလာပန်အမွန်းဗီဗတ်က ကြာသပတေးနေ့က ပြောပါတယ်။

 

ဒီဖျော်ဖြေရေးရုံကြီးတွေဟာ အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးသလို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ပြီး တရားမဝင်လောင်းကစားတွေကိုပါ ထိန်းချုပ်နိုင်လိမ့်မယ်လို့ မစ္စတာဂျူလာပန်က ပြောပါတယ်။

 

အခုလိုဖျော်ဖြေရေးရုံကြီးတွေ လည်ပတ်လုပ်ကိုင်နိုင်ဖို့အတွက် ဥပဒေကြောင်းအရ ထောက်ပံ့နိုင်ဖို့အတွက် ဥပဒေကြမ်းတစ်ရပ်ကို သတ်မှတ်ပြဋ္ဌာန်းသင့်ကြောင်း လေ့လာမှုအစီရင်ခံစာမှာဖော်ပြထားပါတယ်။

 

အဲဒီလို ဖျော်ဖြေရေးရုံကြီးတွေ ဖွင့်လှစ်ခဲ့ရင် ဒေသခံပြည်သူတွေဟာ အဲဒီနေရာတွေမှာ အလုပ်အကိုင်ရရှိမှာဖြစ် ပြီး ဒေသခံတွေ အဲဒီအခွင့်အလမ်းရရှိဖို့အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းနဲ့ ပတ်သက်ပြီး ဥပဒေပြ ဋ္ဌာန်းသွားရမှာဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

 

ဒါ့အပြင် ဒီလုပ်ငန်းတွေကနေ ဂိမ်းကစားတဲ့အခွန်နဲ့ ဖျော်ဖြေရေးရုံကြီးတွေက လောင်းကစားအခွန်လိုမျိုး အခွန် အမျိုးအစားအသစ်တွေကို ကောက်ခံဖို့လည်း လေ့လာမှုအစီရင်ခံစာက အကြံပြုထားပါတယ်။

 

အဲဒီလို ဖျော်ဖြေရေးရုံကြီးတွေမှာ ဟိုတယ်တွေ၊ ဈေးဝယ်စင်တာတွေ၊ ဖျော်ဖြေရေးကစားကွင်းတွေ ပါဝင်မှာဖြစ် ပြီး အဲဒီလိုရုံတစ်ခု တည်ဆောက်ဖို့အတွက် ဘတ်ငွေ ဘီလျံ ၁၀၀ ထက်မနည်းရင်းနှီးမြှုပ်နှံရမှာဖြစ်ကြောင်း မစ္စတာဂျူလာပန်က ပြောပါတယ်။

 

ဆန်းစစ်လေ့လာမှုကို အောက်လွှတ်တော်က ခွင့်ပြုပြီးနောက် ဆက်လက်စဉ်းစားနိုင်ဖို့ အစိုးရအဖွဲ့ထံ တင်ပြ သွားမှာဖြစ်ပြီး ဥပဒေကြမ်းတစ်ရပ်ပြဋ္ဌာန်းဖို့ လွှတ်တော်ကို ရောက်ရှိလာတဲ့အချိန်မှာ အသေးစိတ်ဆက်လက် ဆွေးနွေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်တဲ့ ဥပဒေကြမ်းကို အခုနှစ်အကုန်လောက်မှာ ပြဋ္ဌာန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း အောက်လွှတ်တော်ကော်မတီဒုတိယဥက္ကဋ္ဌ ချက်ကရာပိုလ်တန်ဆုသီသမ်က ပြောပါတယ်။

 

Ref: PM backs casino legalization

 

#PeopleMedia


Share this post