• Follow Us on

Home အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား ထောက်ပံ့ ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများအား ထောက်ပံ့ ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

Share this post

နေပြည်တော်၊ မတ် ၂၉

 

အကြမ်းဖက်သမားများမီးရှို့ဖျက်ဆီးခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများအား ယမန်နေ့က ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့သည်။

 

ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ပအိုဝ့်တိုင်းရင်းသားများ နေထိုင်သော ကျေးရွာများဖြစ်သည့် နမ့်ဟူး ကျေးရွာ၊ ပန်လျန်းကျေးရွာ၊ ကျောက်ကချားကျေးရွာများရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူ များ ပြန်လည်အခြေချနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ပန်လျန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး ကျောင်းဆောက်လုပ်ရန်အတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက် ကပ်လှူဒါန်းခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ကျောက်ကချားကျေးရွာသို့သွားရောက်၍ ဒေသခံတိုင်းရင်းသားပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့သည်။

 

#PeopleMedia


Share this post