• Follow Us on

Home ကာတာနိုင်ငံသို့ပေးပို့မည့် အဆင့်မြင့် F-15QA တိုက်လေယာဉ်ကို ဘိုးရင်းကုမ္ပဏီ ထုတ်ဖော်ပြသ

ကာတာနိုင်ငံသို့ပေးပို့မည့် အဆင့်မြင့် F-15QA တိုက်လေယာဉ်ကို ဘိုးရင်းကုမ္ပဏီ ထုတ်ဖော်ပြသ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၇ (People Media)

 

ဘိုးရင်းကုမ္ပဏီသည် အမေရိကန်လေတပ်၊ ကာတာလေတပ်တို့နှင့် ပူးပေါင်း၍ ကာတာလေတပ်အတွက် ပေးပို့ သွားမည့် F-15 တိုက်လေယာဉ်ကို အဆင့်မြှင့်တင်ထားသော F-15QA တိုက်လေယာဉ် အမည်ပေးခြင်းနှင့် မိတ်ဆက်ထုတ်ဖော်ပြသခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။

 

“F-15QA တိုက်လေယာဉ်ကို မိတ်ဆက်ထုတ်ဖော်ပြသလိုက်တာဟာ အလွန်အရေးပါတဲ့မှတ်တိုင်တစ်ခုပါ။ လေ ယာဉ်ရဲ့စွမ်းရည်တစ်ခုတည်းကိုထုတ်ဖော်ပြသလိုက်တာ မဟုတ်ပါဘူး။ မိတ်ဖက်အဖွဲ့အစည်းတွေ တိုးမြှင့်လိုက် တာကိုပါပြသလိုက်တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ကာတာနိုင်ငံကို မျှဝေလိုက်တဲ့ နှစ်နိုင်ငံ ဆက် ဆံရေးဟာ တာဝန်ရှိတဲ့ဗဟိုကြီးကြပ်မှုနယ်မြေအတွင်းမှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အလွန်အရေးကြီးပါ တယ်။ ကျွန်တော်တို့ မဟာမိတ်နိုင်ငံရဲ့ အတူလက်တွဲပူးပေါင်းဆောင်ရွက်ဖို့ စဉ်ဆက်မပြတ် အာရုံစိုက်ပြီး အမြဲ တမ်းလိုလိုလားလားရှိနေတာကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒီကနေ့နဲ့ နေ့ရက်တိုင်းမှာ ကျွန်တော်တို့ရဲ့ မဟာမိတ် ကာတာနိုင်ငံနဲ့ အတူရပ်တည်ဖို့ဆိုတာ ဂုဏ်ယူစရာအခွင့်ထူးတစ်ရပ်ပါပဲ။” ဟု အမှတ် ၉ လေတပ်ဖွဲ့ ၏တပ်မှူး ဒုတိယဗိုလ်မှူးကြီး ဂရက်ဂူးလော့တ်ကပြောသည်။

 

လေယာဉ်မှူးသင်တန်းပေးပြီးနောက် ယခုနှစ်နှောင်းပိုင်းကာလတွင် F-15QA တိုက်လေယာဉ် ပထမအသုတ်ကို ကာတာနိုင်ငံသို့ ပေးပို့သွားမည်ဖြစ်သည်။

 

“ကာတာနိုင်ငံအတွက် F-15QA တိုက်လေယာဉ်ဟာ F-15 တိုက်လေယာဉ်ကို အဆင့်မြှှင့်တင်ထားတဲ့ မျိုးဆက် သစ်တိုက်လေယာဉ်ဖြစ်ပါတယ်။ ကွန်ပြူတာနဲ့ထိန်းချုပ်တဲ့ လေကြောင်းထိန်းချုပ်မှုစနစ်၊ LCD screens နဲ့အတူ ဒစ်ဂျစ်တယ်သုံး ဒိုင်ခွက်စနစ်၊ ခေတ်မီဆန်ဆာတွေနဲ့အတူတွဲဖက်ထားတဲ့ ရေဒါစနစ်၊ အီလက်ထရောနစ် စစ် ဆင်ရေးလက်နက်စနစ် စတဲ့ခေတ်မီအဆင့်မြင့်စနစ်တွေပါဝင်ပါတယ်။” ဟု F-15 တိုက်လေယာဉ်ပရိုဂရမ်၏ ဒု ဥက္ကဋ္ဌဖြစ်သူ ပရတ်ကူးမားက ပြောသည်။

 

ယခုနှစ်အစောပိုင်းကာလငတည်းကစတင်ခဲ့သော အကြိုလေယာဉ်မှူးသင်တန်းကာလအတွင်း ဘိုးရင်းကုမ္ပဏီ က ကာတာလေတပ်အတွက် ပြုပြင်ထိန်းသိမ်းရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးအကူအညီများပေးလျက်ရှိသည်။ ၎င်းအပြင် တိုက်လေယာဉ်များပို့ဆောင်ပြီးသည့်အချိန်တွင် အပိုပစ္စည်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးအကူအ ညီများပေးနေစဉ်အတွင်း ဘိုးရင်းကုမ္ပဏီသည် ကာတာလေတပ်အတွက် လေယာဉ်အမှုထမ်းနှင့် ပြုပြင်ထိန်း သိမ်းရေးစင်တာတစ်ခုကို ၂၀၂၄ ခုနှစ်တွင် ကာတာနိုင်ငံ၊ အယ်လ်အူဒီးရစ်လေတပ်အခြေစိုက်စခန်း၌ တည် ဆောက်ပေးသွားမည်ဖြစ်သည်။

 

“ကြိုတင်စီစဉ်ထားတဲ့ သင်တန်းနဲ့ ပြုပြင်ထိန်းသိမ်းရေးထောက်ပံ့မှုတွေကတစ်ဆင့် ကျွန်တော်တို့တန်ဖိုးထားတဲ့ ကာတာနိုင်ငံအတွက် အလုံးစုံထောက်ပံ့ကူညီရတာ ဘိုးရင်းကုမ္ပဏီက ဂုဏ်ယူပါတယ်။ ကာတာနိုင်ငံနဲ့ ထာဝရ မိတ်ဖက်ဖြစ်ဖို့နဲ့ ကာတာလေတပ်ရဲ့စစ်ဆင်ရေးလိုအပ်ချက်တွေကို ထပ်မံဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ ကုမ္ပဏီက မျှော်လင့်စောင့်စားနေပါတယ်။” ဟု ဘိုးရင်းကုမ္ပဏီ၏ နိုင်ငံတကာအစိုးရနှင့် ကာကွယ်ရေးအဖွဲ့ဌာန မှ ဒုတိယဥက္ကဋ္ဌ တာ့ဘ်ဂျန် တာဘို ရှိုးဂရန်းကပြောသည်။

 

Ref: Boeing unveils F-15QA Ababil, Qatar Emiri Air Force advanced jet

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: Boeing unveils F-15QA Ababil, Qatar Emiri Air Force advanced jet

 

#PeopleMedia


Share this post