• Follow Us on

Home ကိယက်ဗ်မြို့အနီးတွင် ရုရှားတပ်များနှင့် ယူကရိန်းတပ်များ တိုက်ပွဲများဆက်လက်ဖြစ်ပွား

ကိယက်ဗ်မြို့အနီးတွင် ရုရှားတပ်များနှင့် ယူကရိန်းတပ်များ တိုက်ပွဲများဆက်လက်ဖြစ်ပွား

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

ကျူးကျော်လာတဲ့ ရုရှားတပ်တွေကို ယူကရိန်းတပ်ဖွဲ့ဝင်တွေက ခုခံတိုက်ခိုက်လျက်ရှိရာ ယူကရိန်းနိုင်ငံမြို့ တော်ကိယက်ဗ်မြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ပါတယ်။

 

ကိယက်ဗ်မြို့ဆင်ခြေဖုံးဒေသမှာရှိတဲ့လေယာဉ်ကွင်းတစ်ကွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တကယ်လို့ ရုရှား တပ်တွေ ကိယက်ဗ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်ဆိုရင် အဲဒီတိုက်ပွဲဟာ ကိယက်ဗ်မြို့ကို ရုရှားတပ်ဖွဲ့ဝင်တွေ သိမ်းပိုက်နိုင်ဖို့အတွက် အားယူတဲ့တိုက်ပွဲဖြစ်လာနိုင်ပါတယ်။

 

ယူကရိန်းနိုင်ငံ အရှေ့ဘက်၊ မြောက်ဘက်နဲ့ တောင်ဘက်တွေကနေ ရုရှားတပ်ဖွဲ့တွေက ကြာသာပတေးနေ့က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်မျက်နှာသုံးလေးခုမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေက ပြန်လည်တိုက်ခိုက်နေ တယ်လို့ သိရပါတယ်။ ကိယက်ဗ်မြို့ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာခံနေရပြီး အနည်းဆုံး လမ်းတစ်လမ်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

 

ကိယက်ဗ်မြို့တွင်မှာ အဖျက်သမားတွေ လှုပ်ရှားနေဖွယ်ရှိတယ်လို့ ယူကရိန်းအစိုးရက သတိပေးထားတဲ့ ကြားက မြို့တော်ရဲ့ မြောက်ဘက်ဆင်ခြေဖုံးအရပ်နဲ့ မြို့တွင်းပိုင်းမှာ သေနတ်သံတွေကြားနေရပါတယ်။

 

လူဦးရေထူထပ်တဲ့ ပေါ့ဇ်နီယာခီနယ်မြေအပါအဝင် မြို့တွင်းကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အ တွက် အနည်းဆုံးရှစ်ဦးဒဏ်ရာရထားပြီး ယူကရိန်းပြည်သူတွေကတော့ မြေအောက်ရထားဘူတာရုံတွေမှာ ဝင်ရောက်ခိုလှုံနေကြပါတယ်။

 

“ပူတင်လား … ပူတင် ခွေးသေဝက်သေ သေတာကို ကျွန်တော်တို့မြင်ချင်ပါတယ်။” လို့ ကိယက်ဗ်မြို့သား တစ်ဦးက BBC သတင်းထောက် နစ်ခ်ဘိတ်ကိုပြောပါတယ်။

 

ရုရှားတွေက ကိယက်ဗ်မြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး ရုရှားလေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

 

“သူတို့ အရပ်ဖက်ပစ်မှတ်တွေကို မတိုက်ခိုက်ပါဘူးလို့ ရုရှားတွေကပြောတယ်။ ဒါဟာ လိမ်တာပါဗျာ။ တကယ့် အဖြစ်မှန်က သူတို့ပစ်မှတ်ထားတိုက်ခိုက်တဲ့နယ်မြေကို သူတို့ကောင်းကောင်း မခွဲခြားပါဘူး။” လို့ သောကြာနေ့ ကထုတ်လွှင့်ခဲ့တဲ့ ရုပ်သံအစီအစဉ်မှာ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။

 

လက်ရှိအချိန်အထိ အရပ်သား/ စစ်သား ၁၃၇ ယောက်သေဆုံးသွားပြီဖြစ်ကြောင်း ယူကရိန်းအစိုးရကပြောပါ တယ်။ ယူကရိန်းပြည်သူ ၁၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီလို့ ကုလသမဂ္ဂက ခန့်မှန်းတွက် ချက်ထားပါတယ်။

 

ရုရှားက စတင်တိုက်ခိုက်တဲ့အချိန်မှာပဲ ယူကရိန်းပြည်သူ အနည်းဆုံး ၁၀၀၀ ခန့်ဟာ ရထားနဲ့ ပိုလိန်အရှေ့ တောင်ပိုင်းမှာရှိတဲ့ ရှဲမီဆလောက် (Przemysl) မြို့ကို ထွက်ပြေးရောက်ရှိခဲ့ပါတယ်။

 

Ref: Fighting rages near Kyiv after Russia invasion

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: Fighting rages near Kyiv after Russia invasion

 

#PeopleMedia


Share this post