• Follow Us on

Home ကိုဗစ္ေရာဂါအေျခအေနေပၚ မူတည္၍ ေအာင္လက္မွတ္ႏွင့္ အမွတ္စာရင္းမ်ားထုတ္ေပးျခင္းအား ဆက္လက္ ရပ္ဆိုင္းထားမည္ဟု စာစစ္ဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးေျပာ

ကိုဗစ္ေရာဂါအေျခအေနေပၚ မူတည္၍ ေအာင္လက္မွတ္ႏွင့္ အမွတ္စာရင္းမ်ားထုတ္ေပးျခင္းအား ဆက္လက္ ရပ္ဆိုင္းထားမည္ဟု စာစစ္ဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးေျပာ

Share this post

 
ရန္ကုန္၊ ေအာက္တိုဘာ ၇
 
ကိုဗစ္ေရာဂါအေျခအေနေပၚမူတည္၍ ေအာင္လက္မွတ္ႏွင့္ အမွတ္စာရင္းမ်ားထုတ္ေပးျခင္းအား ဆက္လက္ ရပ္ဆိုင္းထားမည္ဟု ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာျမတ္စိုးေအာင္က ေျပာသည္။
 
အဆိုပါေအာင္လက္မွတ္ႏွင့္အမွတ္စာရင္းထုတ္ေပးျခင္းလုပ္ငန္းမ်ားအား COVID-19 ေရာဂါေၾကာင့္ ယာယီရပ္ဆိုင္းရျခင္းျဖစ္ၿပီး ျပန္လည္ထုတ္ေပးမည့္အခ်ိန္ကာလအား အတိအက်ေျပာၾကားနိုင္ျခင္းမရွိေသးဟု ၄င္းကဆိုသည္။
 
“ကိုဗစ္ေပၚမူတည္ၿပီး ရပ္ဆိုင္းထားမယ္။ ဘယ္ႏွစ္ကဟာမွမေပးဘူး။ အသစ္ေတြလည္းမေပးဘူး၊ အရင္အ ေဟာင္းေတြလည္းမ‌ေပးဘူး” ဟု ေဒါက္တာျမတ္စိုးေအာင္ကေျပာသည္။
 
ထိုသို႔ ေအာင္လက္မွတ္ႏွင့္ အမွတ္စာရင္းထုတ္ေပးျခင္းကို ျမန္မာနိုင္ငံစာစစ္ဦးစီးဌာနက စက္တင္ဘာ ၉ ရက္က စတင္ရပ္ဆိုင္းထားျခင္းျဖစ္ကာ ရပ္ဆိုင္းကာလ တစ္လနီးပါးရွိလာၿပီျဖစ္သည္။
 
ယင္းလုပ္ငန္းမ်ားရပ္ဆိုင္းရျခင္းမွာ COVID-19 ေရာဂါေၾကာင့္ ႐ုံးမ်ားအသြားအလာကန႔္သတ္မႈမ်ားရွိၿပီး ႐ုံးအခ်င္းခ်င္းသြားလာရန္ခက္ခဲသည့္အေျခအေနေၾကာင့္ျဖစ္သည္ဟု ေဒါက္တာျမတ္စိုးေအာင္ကဆိုသည္။
 
Photo – ျမန္မာနိုင္ငံစာစစ္ဦးစီးဌာန
 
#PeopleMedia #ပညာေရး
 
(unicode)
ကိုဗစ်ရောဂါအခြေအနေပေါ် မူတည်၍ အောင်လက်မှတ်နှင့် အမှတ်စာရင်းများထုတ်ပေးခြင်းအား ဆက်လက် ရပ်ဆိုင်းထားမည်ဟု စာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးပြော
………………………………………….
 
ရန်ကုန်၊ အောက်တိုဘာ ၇
 
ကိုဗစ်ရောဂါအခြေအနေပေါ်မူတည်၍ အောင်လက်မှတ်နှင့် အမှတ်စာရင်းများထုတ်ပေးခြင်းအား ဆက်လက် ရပ်ဆိုင်းထားမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်စိုးအောင်က ပြောသည်။
 
အဆိုပါအောင်လက်မှတ်နှင့်အမှတ်စာရင်းထုတ်ပေးခြင်းလုပ်ငန်းများအား COVID-19 ရောဂါကြောင့် ယာယီရပ်ဆိုင်းရခြင်းဖြစ်ပြီး ပြန်လည်ထုတ်ပေးမည့်အချိန်ကာလအား အတိအကျပြောကြားနိုင်ခြင်းမရှိသေးဟု ၄င်းကဆိုသည်။
 
“ကိုဗစ်ပေါ်မူတည်ပြီး ရပ်ဆိုင်းထားမယ်။ ဘယ်နှစ်ကဟာမှမပေးဘူး။ အသစ်တွေလည်းမပေးဘူး၊ အရင်အ ဟောင်းတွေလည်းမ‌ပေးဘူး” ဟု ဒေါက်တာမြတ်စိုးအောင်ကပြောသည်။
 
ထိုသို့ အောင်လက်မှတ်နှင့် အမှတ်စာရင်းထုတ်ပေးခြင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက စက်တင်ဘာ ၉ ရက်က စတင်ရပ်ဆိုင်းထားခြင်းဖြစ်ကာ ရပ်ဆိုင်းကာလ တစ်လနီးပါးရှိလာပြီဖြစ်သည်။
 
ယင်းလုပ်ငန်းများရပ်ဆိုင်းရခြင်းမှာ COVID-19 ရောဂါကြောင့် ရုံးများအသွားအလာကန့်သတ်မှုများရှိပြီး ရုံးအချင်းချင်းသွားလာရန်ခက်ခဲသည့်အခြေအနေကြောင့်ဖြစ်သည်ဟု ဒေါက်တာမြတ်စိုးအောင်ကဆိုသည်။
 
Photo – မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
 
 
#PeopleMedia #ပညာရေး

Share this post