• Follow Us on

Home COVID 19 ကာလ စက္႐ုံပိတ္အလုပ္သမားမ်ားႏွင့္ အေျခခံလူတန္းစားမ်ားအတြက္ အႀကိမ္ႀကိမ္ေထာက္ပံ့ မႈမ်ားျပဳလုပ္ခဲ့ၿပီး မည္သည့္အစိုးရလက္ထက္မွ ဒါမ်ိဳးမလုပ္ခဲ့ဖူးေၾကာင္း မုံရြာေအာင္ရွင္ေျပာ

COVID 19 ကာလ စက္႐ုံပိတ္အလုပ္သမားမ်ားႏွင့္ အေျခခံလူတန္းစားမ်ားအတြက္ အႀကိမ္ႀကိမ္ေထာက္ပံ့ မႈမ်ားျပဳလုပ္ခဲ့ၿပီး မည္သည့္အစိုးရလက္ထက္မွ ဒါမ်ိဳးမလုပ္ခဲ့ဖူးေၾကာင္း မုံရြာေအာင္ရွင္ေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၇
 
COVID 19 ကာလ စက္႐ုံပိတ္အလုပ္သမားမ်ားႏွင့္ အေျခခံလူတန္းစားမ်ားအတြက္ အႀကိမ္ႀကိမ္ေထာက္ ပံ့မႈမ်ားျပဳလုပ္ခဲ့ၿပီး မည္သည့္အစိုးရလက္ထက္မွ ဒါမ်ိဳးမလုပ္ခဲ့ဖူးေၾကာင္း NLD ပါတီဗဟိုျပန္ၾကားေရးေကာ္ မတီ၀င္ အေထြေထြအတြင္းေရးမွဴး မုံရြာေအာင္ရွင္မွ ေျပာသည္။
 
အဆိုပါ COVID 19 ကာလအတြင္း အစိုးရမွထုတ္ျပန္ခဲ့သည့္ ညႊန္ၾကားခ်က္မ်ားႏွင့္ပတ္သက္ၿပီး စက္႐ုံ၊ အလုပ္႐ုံမ်ားႏွင့္ က်ပန္းလုပ္ကိုင္လ်က္ရွိသည့္ အေျခခံလူတန္းစားအမ်ားစု အက်ပ္အတည္းျဖစ္ကာ မိမိ ကိုယ္ကိုအဆုံးစီရင္ျပဳလုပ္မႈမ်ား ျဖစ္ပြားခဲ့သည့္ကိစၥႏွင့္ပတ္သက္ၿပီး နိုင္ငံေတာ္အစိုးရအေနႏွင့္ ျပည္သူ လူထုစား၀တ္ေနေရးအတြက္ ေအာက္ေျခထိေရာက္ေအာင္မည္သို႔ ေျဖရွင္းေဆာင္ရြက္သင့္ေၾကာင္းကို People Media မွ ဆက္သြယ္ေမးျမန္းရာ အထက္ပါအတိုင္းေျဖၾကားခဲ့ျခင္းျဖစ္သည္။
 
“အစိုးရက ကိုဗစ္ပထမလွိုင္းကာလကတည္း က အမ်ားႀကီးလုပ္ေပးခဲ့တာပါ။ ေငြေၾကးထုတ္ေခ်းတာေတြ၊ စက္႐ုံပိတ္တဲ့အလုပ္သမားေတြအတြက္လည္း ေငြေၾကးေတြထုတ္ေပးခဲ့တာပဲ။ အခုလည္းထပ္ၿပီးေတာ့ ေထာက္ပံ့ေၾကးေတြ အႀကိမ္ႀကိမ္ေပးေနတာပါပဲ။ အဲဒါက ဘယ္အစိုးရလက္ထက္မွ ဒါမ်ိဳးမလုပ္ခဲ့ဖူးပါဘူး”ဟု NLD ပါတီ ဗဟိုျပန္ၾကားေရးေကာ္မတီအေထြေထြအတြင္းေရးမွဴး မုံရြာေအာင္ရွင္မွ ေျပာသည္။
 
ထို႔အျပင္ နိုင္ငံေတာ္အစိုးရမွ ျပည္သူလူထုထံသို႔ ေထာက္ပံ့မႈမ်ားျပဳလုပ္ခဲ့ေသာ္လည္းအခ်ိဳ႕ေနရာမ်ားတြင္ ေထာက္ပံ့ေငြမရရွိသူမ်ားလည္းရွိသည္။
 
ယင္းကိစၥႏွင့္ပတ္သက္ၿပီး ၄င္းမွ “အဲဒါကေအာက္ပိုင္းနဲ႔ဆိုင္တယ္။ ၾကပ္မတ္ရမွာပဲ။ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ေတြရဲ႕ အပိုင္းေတြနဲ႔ပဲဆိုင္တယ္။ မရရင္လည္း မရတဲ့ျပည္သူလူထုက တိုင္ရမယ္၊ ေအာ္ရမယ္။ အဲဒါမွ ျဖစ္မွာ။ အခုဒီကိစၥက အစိုးရရဲ႕တာ၀န္မဟုတ္ဘူးေလ။ အစိုးရကေတာ့ အားလုံးရဖို႔အတြက္ လုပ္ေပးလိုက္တာပါပဲ။ အစိုးရက ကိုဗစ္ကာလမွာ ဘယ္လိုမွၾကည့္ေနတဲ့အစိုးရမဟုတ္ဘူးေလ”ဟု ဆိုသည္။
 
ဆက္လက္ၿပီး က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ကိုဗစ္ကပ္ေရာဂါထိန္းခ်ဳပ္သည့္အေနျဖင့္ ရန္ကုန္ တိုင္းေဒသႀကီးအတြင္းရွိ လက္ခစား(CMP)လုပ္ငန္းမ်ားမွ အလုပ္သမားမ်ားအား ေအာက္တိုဘာ ၂၁ ရက္ အထိလုပ္ငန္းခြင္သို႔ သြားေရာက္ျခင္းမျပဳရန္ အမိန႔္ထုတ္ျပန္ခဲ့သည္။
 
“အိမ္မွာ‌ေနဖို႔ပဲ ထုတ္ျပန္ခ်က္ေတြကပါတယ္။ စား၀တ္ေနေရးကိစၥကို ထည့္မစဥ္းစားထားတာေတြ ေတြ႕ရ တယ္။ အစိုးရအ‌ေနနဲ႔ ေအာက္‌ေျခလူတန္းစား‌ေတြရဲ႕အ‌ေျခအ‌ေနကို အခု ထက္ပိုမိုသိနိုင္‌ေအာင္ ႀကိဳးစား သင့္တယ္”ဟု Ation Labor Right အဖြဲ႕မွ စည္း႐ုံးေရးမွဴး သင္တန္းဆရာ ကိုမ်ိဳးညီညီကေျပာသည္။
 
အလားတူ လက္ရွိအခ်ိန္တြင္ စက္႐ုံမ်ားယာယီပိတ္ထားရ၍ လုပ္ခလစာမရရွိေသးသည့္ အလုပ္သမားမ်ား ေနအိမ္ႏွင့္ အေဆာင္လခမေပးနိုင္သည့္အေပၚ အိမ္ပိုင္ရွင္၊ အေဆာင္ပိုင္ရွင္မ်ားက လူမႈေရးအရနားလည္ လက္ခံၿပီး ႏွင္ခ်ျခင္းမျပဳဘဲေစာင့္ဆိုင္းေပးရန္ ျမန္မာနိုင္ငံလုံးဆိုင္ရာအလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္(CTUM)မွ ေမတၱာရပ္ခံထားသည္ဟုဆိုသည္။
 
#PeopleMedia #အလုပ္သမားအေရး
 
(Unicode)
COVID 19 ကာလ စက်ရုံပိတ်အလုပ်သမားများနှင့် အခြေခံလူတန်းစားများအတွက် အကြိမ်ကြိမ်ထောက်ပံ့ မှုများပြုလုပ်ခဲ့ပြီး မည်သည့်အစိုးရလက်ထက်မှ ဒါမျိုးမလုပ်ခဲ့ဖူးကြောင်း မုံရွာအောင်ရှင်ပြော
………………………………………………….
 
ရန်ကုန်၊ အောက်တိုဘာ – ၇
 
COVID 19 ကာလ စက်ရုံပိတ်အလုပ်သမားများနှင့် အခြေခံလူတန်းစားများအတွက် အကြိမ်ကြိမ်ထောက် ပံ့မှုများပြုလုပ်ခဲ့ပြီး မည်သည့်အစိုးရလက်ထက်မှ ဒါမျိုးမလုပ်ခဲ့ဖူးကြောင်း NLD ပါတီဗဟိုပြန်ကြားရေးကော် မတီဝင် အထွေထွေအတွင်းရေးမှူး မုံရွာအောင်ရှင်မှ ပြောသည်။
 
အဆိုပါ COVID 19 ကာလအတွင်း အစိုးရမှထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များနှင့်ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံများနှင့် ကျပန်းလုပ်ကိုင်လျက်ရှိသည့် အခြေခံလူတန်းစားအများစု အကျပ်အတည်းဖြစ်ကာ မိမိ ကိုယ်ကိုအဆုံးစီရင်ပြုလုပ်မှုများ ဖြစ်ပွားခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနှင့် ပြည်သူ လူထုစားဝတ်နေရေးအတွက် အောက်ခြေထိရောက်အောင်မည်သို့ ဖြေရှင်းဆောင်ရွက်သင့်ကြောင်းကို People Media မှ ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
 
“အစိုးရက ကိုဗစ်ပထမလှိုင်းကာလကတည်း က အများကြီးလုပ်ပေးခဲ့တာပါ။ ငွေကြေးထုတ်ချေးတာတွေ၊ စက်ရုံပိတ်တဲ့အလုပ်သမားတွေအတွက်လည်း ငွေကြေးတွေထုတ်ပေးခဲ့တာပဲ။ အခုလည်းထပ်ပြီးတော့ ထောက်ပံ့ကြေးတွေ အကြိမ်ကြိမ်ပေးနေတာပါပဲ။ အဲဒါက ဘယ်အစိုးရလက်ထက်မှ ဒါမျိုးမလုပ်ခဲ့ဖူးပါဘူး”ဟု NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီအထွေထွေအတွင်းရေးမှူး မုံရွာအောင်ရှင်မှ ပြောသည်။
 
ထို့အပြင် နိုင်ငံတော်အစိုးရမှ ပြည်သူလူထုထံသို့ ထောက်ပံ့မှုများပြုလုပ်ခဲ့သော်လည်းအချို့နေရာများတွင် ထောက်ပံ့ငွေမရရှိသူများလည်းရှိသည်။
 
ယင်းကိစ္စနှင့်ပတ်သက်ပြီး ၄င်းမှ “အဲဒါကအောက်ပိုင်းနဲ့ဆိုင်တယ်။ ကြပ်မတ်ရမှာပဲ။ ကျေးရွာအုပ်ချုပ်ရေးမှူး တွေရဲ့ အပိုင်းတွေနဲ့ပဲဆိုင်တယ်။ မရရင်လည်း မရတဲ့ပြည်သူလူထုက တိုင်ရမယ်၊ အော်ရမယ်။ အဲဒါမှ ဖြစ်မှာ။ အခုဒီကိစ္စက အစိုးရရဲ့တာဝန်မဟုတ်ဘူးလေ။ အစိုးရကတော့ အားလုံးရဖို့အတွက် လုပ်ပေးလိုက်တာပါပဲ။ အစိုးရက ကိုဗစ်ကာလမှာ ဘယ်လိုမှကြည့်နေတဲ့အစိုးရမဟုတ်ဘူးလေ”ဟု ဆိုသည်။
 
ဆက်လက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်ကပ်ရောဂါထိန်းချုပ်သည့်အနေဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ လက်ခစား(CMP)လုပ်ငန်းများမှ အလုပ်သမားများအား အောက်တိုဘာ ၂၁ ရက် အထိလုပ်ငန်းခွင်သို့ သွားရောက်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့သည်။
 
“အိမ်မှာ‌နေဖို့ပဲ ထုတ်ပြန်ချက်တွေကပါတယ်။ စားဝတ်နေရေးကိစ္စကို ထည့်မစဉ်းစားထားတာတွေ တွေ့ရ တယ်။ အစိုးရအ‌နေနဲ့ အောက်‌ခြေလူတန်းစား‌တွေရဲ့အ‌ခြေအ‌နေကို အခု ထက်ပိုမိုသိနိုင်‌အောင် ကြိုးစား သင့်တယ်”ဟု Ation Labor Right အဖွဲ့မှ စည်းရုံးရေးမှူး သင်တန်းဆရာ ကိုမျိုးညီညီကပြောသည်။
 
အလားတူ လက်ရှိအချိန်တွင် စက်ရုံများယာယီပိတ်ထားရ၍ လုပ်ခလစာမရရှိသေးသည့် အလုပ်သမားများ နေအိမ်နှင့် အဆောင်လခမပေးနိုင်သည့်အပေါ် အိမ်ပိုင်ရှင်၊ အဆောင်ပိုင်ရှင်များက လူမှုရေးအရနားလည် လက်ခံပြီး နှင်ချခြင်းမပြုဘဲစောင့်ဆိုင်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)မှ မေတ္တာရပ်ခံထားသည်ဟုဆိုသည်။
 
#PeopleMedia #အလုပ်သမားအရေး

Share this post