• Follow Us on

Home ကိုဗစ္၁၉ ေၾကာင့္ မဲဆြယ္စည္း႐ုံးရာတြင္ အြန္လိုင္းျဖင့္သာ စည္း႐ုံးေစခ်င္သည္ဟု ဖားကန့္ ေဒသခံမ်ားဆို

ကိုဗစ္၁၉ ေၾကာင့္ မဲဆြယ္စည္း႐ုံးရာတြင္ အြန္လိုင္းျဖင့္သာ စည္း႐ုံးေစခ်င္သည္ဟု ဖားကန့္ ေဒသခံမ်ားဆို

Share this post

ဖားကန့္၊ စက္တင္ဘာလ ၂၃

ဖားကန့္ၿမိဳ႕နယ္တြင္ ကိုဗစ္ ၁၉ ပိုးေတြ႕သူ ဦးေရမ်ားလာတာေၾကာင့္ မဲဆြယ္ စည္း႐ုံးမႉမ်ား ျပဳလုပ္ရာတြင္ အြန္လိုင္းျဖင့္သာ စည္း႐ုံးျခင္းမ်ား ျပဳလုပ္ေစခ်င္ေၾကာင္း ဖားကန့္ၿမိဳ႕နယ္ေန ရပ္မိရပ္ဖမ်ားက ေျပာသည္။

မဲဆြယ္စည္း႐ုံးေရးကာလျဖစ္ေသာ္လည္း ျပည္သူမ်ား ထိခိုက္မႉမရွိ​ေစရန္၊ ေရာဂါ ျပန့္ပြားမႈကိုကာကြယ္နိုင္ရန္ သတိျပဳေစခ်င္ေၾကာင္း ဖားကန့္ေဒသေန ရပ္မိရပ္ဖတစ္ဦးျဖစ္သည့္ ဦးေနာ္ဆန့္ က ေျပာသည္။

“က်ေနာ္တို႔ ဖားကန့္မွာ ေရာဂါပိုးေတြ႕ရွိသူေတြ မ်ားလာၿပီျဖစ္တယ္၊ အခုက မဲဆြယ္ကာလလည္းေရာက္ေနၿပီ၊ ဒါေၾကာင့္ အခုကာလမွာ ျပည္သူေတြကို ထိခိုက္မႈ မရွိေစဖို႔၊ ေရာဂါျပန္ပြားတာကိုလည္းကာကြယ္နိုင္ဖို႔ မဲဆြယ္စည္း႐ုံးေရးေတြကို ျဖစ္နိုင္ရင္ အြန္လိုင္းေပၚကပဲ လုပ္ေစခ်င္ပါတယ္။” ဟု ၎က ေျပာသည္။

ဖားကန့္ၿမိဳ႕နယ္တြင္ ကိုဗစ္ ၁၉ ပိုးေတြ႕ လူနာ ၉ ဦးအထိ ရွိလာတာေၾကာင့္ ဖားကန့္ၿမိဳ႕ေန မိဘျပည္သူမ်ားကို မိမိအိမ္တြင္ ေနထိုင္ရန္၊ အသြားအလာ ဂ႐ုစိုက္ရန္၊ မျဖစ္မေနမွသာ အျပင္သို႔ သြားလာၾကရန္ ကခ်င္ျပည္နယ္ ကိုဗစ္ ၁၉ ကာကြယ္ေရးႏွင့္ အေရးေပၚတုံ႕ျပန္ေရးေကာ္မတီက စက္တင္ဘာလ ၂၁ ရက္ေန႕တြင္ အသိေပးထုတ္ျပန္ထားၿပီး ျဖစ္သည္။

ဖားကန့္ၿမိဳ႕နယ္အတြင္း Stay Home ခ်မွတ္ထားတာေၾကာင့္ အျပင္ထြက္၍ လူအုပ္စုျဖင့္ မဲဆြယ္ျခင္းမ်ားကို ျပဳလုပ္ခြင့္ျပဳမွာ မဟုတ္ေၾကာင္း ဖားကန့္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမွ ဥကၠ႒ ဦးသိန္းဟန္က ေျပာသည္။

“က်ေနာ္တို႔ ကေတာ့ ဖားကန္ၿမိဳ႕နယ္မွာ stay home လုပ္ခိုင္းတာေၾကာင့္ မဲဆြယ္တာကို အျပင္ထြက္ၿပီး လူနဲ႕ လွည့္လည္တာေတြ လုပ္ခိုင္းမွာေတာ့ မဟုတ္ဘူး၊ အြန္လိုင္းကေနပဲ မဲဆြယ္ရင္ေတာ့ တစ္မ်ိဳးေပါ့” ဟု ၎က ေျပာသည္။

ဖားကန့္ၿမိဳ႕နယ္အတြင္း ပါတီေပါင္း (၆) ပါတီ ဝင္ေရာက္ ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ကိုယ္စားလွယ္ေလာင္း (၂၃) ဦး ပါဝင္ေၾကာင္းႏွင့္ မဲေပးနိုင္သည့္ မဲဆႏၵရွင္လူဦးေရ၊ (ပထမအႀကိမ္စာရင္းအရ) ၁ သိန္း ၅ ေသာင္းေက်ာ္ရွိေနေၾကာင္း သိရသည္။

သတင္း – ေဝယံ
ဓါတ္ပုံ – ေနာေနာ္
#PeopleMedia #EPN #COVID19 #ဖားကန႔္

[Unicode]
ကိုဗစ်၁၉ ကြောင့် မဲဆွယ်စည်းရုံးရာတွင် အွန်လိုင်းဖြင့်သာ စည်းရုံးစေချင်သည်ဟု ဖားကန့် ဒေသခံများဆို

ဖားကန့်၊ စက်တင်ဘာလ ၂၃

ဖားကန့်မြို့နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့သူ ဦးရေများလာတာကြောင့် မဲဆွယ် စည်းရုံးမှူများ ပြုလုပ်ရာတွင် အွန်လိုင်းဖြင့်သာ စည်းရုံးခြင်းများ ပြုလုပ်စေချင်ကြောင်း ဖားကန့်မြို့နယ်နေ ရပ်မိရပ်ဖများက ပြောသည်။

မဲဆွယ်စည်းရုံးရေးကာလဖြစ်သော်လည်း ပြည်သူများ ထိခိုက်မှူမရှိ​စေရန်၊ ရောဂါ ပြန့်ပွားမှုကိုကာကွယ်နိုင်ရန် သတိပြုစေချင်ကြောင်း ဖားကန့်ဒေသနေ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးနော်ဆန့် က ပြောသည်။

“ကျနော်တို့ ဖားကန့်မှာ ရောဂါပိုးတွေ့ရှိသူတွေ များလာပြီဖြစ်တယ်၊ အခုက မဲဆွယ်ကာလလည်းရောက်နေပြီ၊ ဒါကြောင့် အခုကာလမှာ ပြည်သူတွေကို ထိခိုက်မှု မရှိစေဖို့၊ ရောဂါပြန်ပွားတာကိုလည်းကာကွယ်နိုင်ဖို့ မဲဆွယ်စည်းရုံးရေးတွေကို ဖြစ်နိုင်ရင် အွန်လိုင်းပေါ်ကပဲ လုပ်စေချင်ပါတယ်။” ဟု ၎င်းက ပြောသည်။

ဖားကန့်မြို့နယ်တွင် ကိုဗစ် ၁၉ ပိုးတွေ့ လူနာ ၉ ဦးအထိ ရှိလာတာကြောင့် ဖားကန့်မြို့နေ မိဘပြည်သူများကို မိမိအိမ်တွင် နေထိုင်ရန်၊ အသွားအလာ ဂရုစိုက်ရန်၊ မဖြစ်မနေမှသာ အပြင်သို့ သွားလာကြရန် ကချင်ပြည်နယ် ကိုဗစ် ၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာလ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားပြီး ဖြစ်သည်။

ဖားကန့်မြို့နယ်အတွင်း Stay Home ချမှတ်ထားတာကြောင့် အပြင်ထွက်၍ လူအုပ်စုဖြင့် မဲဆွယ်ခြင်းများကို ပြုလုပ်ခွင့်ပြုမှာ မဟုတ်ကြောင်း ဖားကန့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောသည်။

“ကျနော်တို့ ကတော့ ဖားကန်မြို့နယ်မှာ stay home လုပ်ခိုင်းတာကြောင့် မဲဆွယ်တာကို အပြင်ထွက်ပြီး လူနဲ့ လှည့်လည်တာတွေ လုပ်ခိုင်းမှာတော့ မဟုတ်ဘူး၊ အွန်လိုင်းကနေပဲ မဲဆွယ်ရင်တော့ တစ်မျိုးပေါ့” ဟု ၎င်းက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ပါတီပေါင်း (၆) ပါတီ ဝင်ရောက် ယှဥ်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်း (၂၃) ဦး ပါဝင်ကြောင်းနှင့် မဲပေးနိုင်သည့် မဲဆန္ဒရှင်လူဦးရေ၊ (ပထမအကြိမ်စာရင်းအရ) ၁ သိန်း ၅ သောင်းကျော်ရှိနေကြောင်း သိရသည်။

သတင်း – ဝေယံ
ဓါတ်ပုံ – နောနော်
#PeopleMedia #EPN #COVID19 #ဖားကန့်


Share this post