• Follow Us on

Home ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစက်ရုံအတွက် လိုအပ်သည့်စက်ရုံကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစက်ရုံအတွက် လိုအပ်သည့်စက်ရုံကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၉ (People Media)

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစက်ရုံအတွက် လိုအပ်သည့်စက်ရုံကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

ယမန်နေ့က စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးဆေးရုံခွဲ(ရွာသာကြီး)၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးစက်ရုံသို့ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်တွင်းဆေးဝါးထုတ်လုပ်မှုနှင့် ပတ် သက်၍ နိုင်ငံတော်အနေဖြင့် ဖြေလျှော့ပေးမှုများရှိသော်လည်း အခွန်ဆိုင်ရာများနှင့် ပတ်သက်၍ ထိုက်သင့် သည်ဆောင်ရွက်ချက်များ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် အရည်အသွေးချင်းတူ လျှင် ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ထုတ် လုပ်သူနှင့် သုံးစွဲသူနှစ်ဖက်စလုံးအတွက် ကြည့်ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး အဓိက ထား ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးဝါးကုန်ကြမ်း တင်သွင်းသူများအနေဖြင့် အခွန်ငွေများအား ထိုက်သင့် သည့် အခွန်နှုန်းထားဖြင့်သာ ကောက်ခံကြောင်း၊ မိမိအနေဖြင့် ပြည်တွင်းဆေးဝါးထုတ်လုပ်မှုနှင့် ကုန်ထုတ် လုပ်မှုများကို အားပေးပါကြောင်း ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် လက်ရှိကာလအတွင်း အသုံးပြုနိုင်ရေးအမြန်ရရှိအောင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ရေရှည်အတွက် ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး သုတေသနပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများနှင့် ဆေးဘက်ဆိုင်ရာနည်းပညာ ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြင် လိုအပ်သည့်အချိန်တွင် အခြားကာကွယ်ဆေးများ ပြောင်းလဲထုတ်လုပ်နိုင်ရေး မျှော်တွေး၍ စီမံဆောင်ရွက်ရန်လိုကြောင်း၊ လတ်တလောတွင် ငွေကြေးကုန်ကျမှုရှိ နိုင်သော်လည်း ကိုဗစ်-၁၉ ၏ မျိုးရိုးဗီဇပြောင်းလဲဖြစ်ပွားမှုကို အဆိုးဆုံးအခြေအနေအထိ မျှော်တွေးကာ ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်ပကိုမှီခိုရန်မလိုဘဲ နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

 

#PeopleMedia #COVID19 #နစက

 

(unicode)


…………………………………………………………………………..

 


 


 


 


 


 



Share this post