• Follow Us on

Home ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁၀) သန်းအား မြန်မာနိုင်ငံ၌ ဝယ်ယူထုတ်လုပ်မှု သဘောတူစာချုပ်ကို တရုတ်-မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုး

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁၀) သန်းအား မြန်မာနိုင်ငံ၌ ဝယ်ယူထုတ်လုပ်မှု သဘောတူစာချုပ်ကို တရုတ်-မြန်မာ နှစ်နိုင်ငံ လက်မှတ်ရေးထိုး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၃ (People Media)

 

Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (RTF Bulk) Doses ၁၀ သန်း မြန်မာနိုင်ငံ၌ ဝယ်ယူထုတ်လုပ် ရန် တရုတ်-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ်ကို ဒီဇင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မြို့ Lotte Hotel ၌ လက် မှတ်ရေးထိုးခဲ့သည်။

 

အဆိုပါ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(RTF Bulk Doses) ၁၀ သန်း ဝယ်ယူရေး သဘောတူ စာချုပ်ကို မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဝင်းနှင့် Sinopharm China Natio nal Biotech Group ကိုယ်စား မစ္စတာရန်ရှောင်မင်းတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းအချက်အလက်များအရ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် ဘေးထွက်ဆိုးကျိုးနည်းပါးပြီး အာနိသင်ထက်မြက် သည်ကို သိရှိရသောကြောင့် Sinopharm CNBG မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို Ready to Fill Bulk အနေဖြင့် ဝယ်ယူ၍ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Doses ၁၀ သန်း ထုတ်လုပ်နိုင်ရေးအတွက် RTF Bulk ဝယ်ယူခြင်းဖြစ်ရာ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်း၏ ခြေလှမ်းသစ်တစ်ရပ်လည်း ဖြစ်ပါကြောင်း၊ နောင်တွင် ကာကွယ်ဆေးကဲ့သို့သော ဇီဝဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်မည်ဟု ယုံကြည်ပြီး မိမိတို့နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး စတင် ဆောင်ရွက်သည့်နေ့ဖြစ်၍ ထူးခြားသောနေ့တစ်နေ့လည်းဖြစ်ပါကြောင်း၊ Sinopharm CNBG နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အရေးကြီးသော ကာကွယ်ဆေးများသာမက အခြား ဆေးဝါးများကိုလည်း ပူးတွဲ၍ ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က မြန်မာနိုင်ငံ၌ ကို ဗစ်ရောဂါ တတိယလှိုင်းဖြစ်ပွားချိန်တွင် တရုတ်နိုင်ငံက ကိုဗစ်ရောဂါကာကွယ်ဆေးပစ္စည်းများကို အများဆုံး ထောက်ပံ့ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ထိုးနှံခဲ့သည့် ကိုဗစ်ရောဂါကာကွယ်ဆေး အများစုသည် တရုတ် နိုင်ငံမှ ထုတ်လုပ်သောဆေးများဖြစ်ပြီး ယခု RTF Bulk များဝယ်ယူရေး သဘောတူစာချုပ်ချုပ်ဆိုခြင်းသည် မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါထိန်းချုပ်‌ရေးလုပ်ငန်းများတွင် များစွာအထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ ဆွေမျိုးပေါက်ဖော်ရင်နှီးမှုများ တိုးမြှင့်နိုင်ရေးကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia #COVID19 #တရုတ်-မြန်မာ

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post