• Follow Us on

Home ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ရာတွင်ရှေ့ပြေးနေသည့်တရုတ်နိုင်ငံက လုပ်သားများကို ကာကွယ်ဆေးထိုးပေးနေ


Share this post

ဘေကျင်း၊ သြဂုတ် ၂၈








#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်ရာတွင်ရှေ့ပြေးနေသည့်တရုတ်နိုင်ငံက လုပ်သားများကို ကာကွယ်ဆေးထိုးပေးနေ
……………………………………………………

ဘေကျင်း၊ ဩဂုတ် ၂၈

နိုဝင်ဘာတွင် COVID-19 ရောဂါကာကွယ်ဆေးတစ်မျိုး ဈေးကွက်အတွင်းသို့ရောက်နိုင်မည်ဟု ခန့်မှန်းရကြောင်း ယခုလအစောပိုင်းတွင် လူသိများသောပုဂ္ဂလိကပိုင်တရုတ်စီးပွားရေးလုပ်ငန်းကြီးတစ်ခု၏ခေါင်းဆောင်က ဝန်ထမ်းများကိုပြောသည်။

ထိုဆေးကို စီးပွားရေးပြန်နာလန်ထူနိုင်မှုဟုရှုမြင်ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းခွဲတစ်ခုရှိသည့်လုပ်ငန်းရှင်ကပြောသည်။

သူ့လုပ်ငန်းအနေဖြင့် ထိုဆေးများကို ပိုမိုရောင်းချရန်အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ထိုမှတ်ချက်များကို အတွင်းသိတစ်ယောက်ကပြောသည်။

သီတင်းပတ်အနည်းငယ်အတွင်း တိုးတက်မှုအကြောင်းကို တရုတ်အစိုးရက လူသိရှင်ကြားရှင်းပြရန် တိုက်တွန်းထားသည်။

အကျိုးသက်ရောက်မှုရှိသည့်ကာကွယ်ဆေးတစ်မျိုးထုတ်လုပ်ဖြန့်ဝေရန်ပြိုင်ပွဲကိုအနိုင်ရရန် မဆုတ်မနစ်အားထုတ်မှုများတွင် ကမ္ဘာတဝန်းခြေစလက်စများကို လက်ရှိတွင် တရုတ်နိုင်ငံက အသုံးပြုနေသည်။

ပြီးခဲ့သည့်တစ်ပတ်တွင် ထုတ်လုပ်နေဆဲကာကွယ်ဆေးတစ်မျိုးကို အစိုးရမီဒီယာတွင် ဓာတ်ပုံဖြင့်ဖော်ပြသည်။

Ref : Coronavirus: Vaccine front-runner China already inoculating workers

#PeopleMedia


Share this post