• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားျမင့္တက္လာျခင္းသည္ တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္မႈမ်ားေၾကာင့္ျဖစ္ေၾကာင္း ထိုင္း၀န္ႀကီးခ်ဳပ္အျပစ္တင္

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားျမင့္တက္လာျခင္းသည္ တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္မႈမ်ားေၾကာင့္ျဖစ္ေၾကာင္း ထိုင္း၀န္ႀကီးခ်ဳပ္အျပစ္တင္

Share this post

ဆာမြတ္ဆာခြန္၊ ဒီဇင္ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မၾကာေသးခင္က ထိုင္းႏိုင္ငံတြင္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားျမင့္တက္လာျခင္းသည္ တရားမ၀င္နယ္စပ္ျဖတ္ ေက်ာ္မႈမ်ားေၾကာင့္ျဖစ္ေၾကာင္း ထိုင္း၀န္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္အိုခ်ာက အဂၤါေန႔တြင္ အျပစ္တင္သည္။
 
ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ၿမိဳ႕ေတာ္ဘန္ေကာက္ႏွင့္မေ၀းဘဲ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားအမ်ားစု႐ွိသည့္ ပုစြန္ေစ်းမွလူအမ်ားစုအပါအ၀င္ ကူးစက္အတည္ျပဳလူနာ ၁၀၀၀ ေက်ာ္႐ွိလာၿပီးေနာက္ ေျပာျခင္းျဖစ္သည္။
 
ယခုတပတ္အတြင္း ႏွစ္သစ္ကူးအခမ္းအနားမ်ားမတိုင္မီ က်န္းမာေရးစည္းကမ္းတင္းၾကပ္မႈမ်ားေၾကညာႏိုင္ ေခ်႐ွိေၾကာင္းလည္း ပရာ႐ြတ္ကေျပာသည္။
 
ယခုတပတ္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေရာဂါဆိုင္ရာအထူးအဖြဲ႔ႏွင့္ေတြ႕ဆံုၿပီး အေျခအေနႏွင့္ ကိုက္ညီ မည့္ထပ္တိုးစည္းကမ္းမ်ားကိုေဆြးေႏြးမည္ဟု ပရာရြတ္ကေျပာသည္။
 
အဂၤါေန႔တြင္ ထိုင္းႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၄၂၇ ေယာက္ထပ္တိုးၿပီး ယခုလအတြင္း ထိုပုစြန္ ေစ်းသို႔သြားေရာက္ခဲ့သည့္ ႏိုင္ငံ၏ခ႐ိုင္ ၄ ပံု ၁ ပံု႐ွိလူမ်ားကို အာဏာပိုင္မ်ားထံအေၾကာင္းၾကားရန္ က်န္းမာ ေရးအရာ႐ွိမ်ားက တိုက္တြန္းသည္။
 
ထိုင္းေရထြက္ကုန္လုပ္ငန္းက႑၏အဓိကလုပ္သားရင္းျမစ္ျဖစ္သည့္ ျမန္မာႏိုင္ငံမွအမ်ားစုပါ၀င္ေသာေ႐ႊ႕ေ ျပာင္းလုပ္သား ၃၉၇ ေယာက္လည္းပါ၀င္သည္။
 
ၿပီးခဲ့သည့္သီတင္းပတ္ကုန္မတိုင္မီအထိ ထိုင္းတြင္ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၄၃၀၀ ခန္႔ႏွင့္ ေသဆံုးသူ ၆၀ သာ႐ွိေသာ္လည္း ရက္ပိုင္းအတြင္း အတည္ျပဳလူနာ ၁၀၀၀ ေက်ာ္ျမင့္တက္လာသည္။
 
Ref : Thai PM blames COVID-19 surge on illegal migration, hints at new curbs
 
#PeopleMedia
 
(unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်လာခြင်းသည် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကြောင့်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်အပြစ်တင်
………………………………………………………………
 
ဆာမွတ်ဆာခွန်၊ ဒီဇင်ဘာ ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မကြာသေးခင်က ထိုင်းနိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်လာခြင်းသည် တရားမဝင်နယ်စပ်ဖြတ် ကျော်မှုများကြောင့်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက အင်္ဂါနေ့တွင် အပြစ်တင်သည်။
 
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြို့တော်ဘန်ကောက်နှင့်မဝေးဘဲ မြန်မာရွှေ့ပြောင်းလုပ်သားအများစုရှိသည့် ပုစွန်စျေးမှလူအများစုအပါအဝင် ကူးစက်အတည်ပြုလူနာ ၁၀၀၀ ကျော်ရှိလာပြီးနောက် ပြောခြင်းဖြစ်သည်။
 
ယခုတပတ်အတွင်း နှစ်သစ်ကူးအခမ်းအနားများမတိုင်မီ ကျန်းမာရေးစည်းကမ်းတင်းကြပ်မှုများကြေညာနိုင် ချေရှိကြောင်းလည်း ပရာရွတ်ကပြောသည်။
 
ယခုတပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရောဂါဆိုင်ရာအထူးအဖွဲ့နှင့်တွေ့ဆုံပြီး အခြေအနေနှင့် ကိုက်ညီ မည့်ထပ်တိုးစည်းကမ်းများကိုဆွေးနွေးမည်ဟု ပရာရွတ်ကပြောသည်။
 
အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၄၂၇ ယောက်ထပ်တိုးပြီး ယခုလအတွင်း ထိုပုစွန် စျေးသို့သွားရောက်ခဲ့သည့် နိုင်ငံ၏ခရိုင် ၄ ပုံ ၁ ပုံရှိလူများကို အာဏာပိုင်များထံအကြောင်းကြားရန် ကျန်းမာ ရေးအရာရှိများက တိုက်တွန်းသည်။
 
ထိုင်းရေထွက်ကုန်လုပ်ငန်းကဏ္ဍ၏အဓိကလုပ်သားရင်းမြစ်ဖြစ်သည့် မြန်မာနိုင်ငံမှအများစုပါဝင်သောရွှေ့ေ ပြာင်းလုပ်သား ၃၉၇ ယောက်လည်းပါဝင်သည်။
 
ပြီးခဲ့သည့်သီတင်းပတ်ကုန်မတိုင်မီအထိ ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၄၃၀၀ ခန့်နှင့် သေဆုံးသူ ၆၀ သာရှိသော်လည်း ရက်ပိုင်းအတွင်း အတည်ပြုလူနာ ၁၀၀၀ ကျော်မြင့်တက်လာသည်။
 
Ref : Thai PM blames COVID-19 surge on illegal migration, hints at new curbs
 
#PeopleMedia

Share this post