• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္အေရးျပင္းထန္ေနခ်ိန္ ဘဂၤါလီအေရး ျမန္မာကို ပိုဖိအားေပးဖို႔ ၿဗိတိန္၀န္ႀကီးကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး ၀န္ႀကီးတိုက္တြန္း

ကို႐ိုနာဗိုင္းရပ္စ္အေရးျပင္းထန္ေနခ်ိန္ ဘဂၤါလီအေရး ျမန္မာကို ပိုဖိအားေပးဖို႔ ၿဗိတိန္၀န္ႀကီးကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး ၀န္ႀကီးတိုက္တြန္း

Share this post

ဒါကာ၊ ဇြန္ ၂၅

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုဆို)ဒုကၡသည္ေတြ ရခိုင္ျပည္နယ္ကို ျပန္ႏိုင္ေအာင္လုပ္ေပးျခင္းအားျဖင့္ အၾကပ္အတည္းကို ခ်က္ခ်င္းေျဖ႐ွင္းႏိုင္ေအာင္ ျမန္မာႏိုင္ငံကို ဖိအားေပးဖို႔ ၿဗိတိန္ကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံကတိုက္တြန္းလိုက္ပါတယ္။

ဗုဒၶဟူးေန႔မွာ ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးအဗၺဒူ မိုမန္နဲ႔ ၿဗိတိန္ႏိုင္ငံတကာဖြံ႔ၿဖိဳးတိုးတက္ေရး၀န္ႀကီးအန္နီမာရီ ထရီဗီလီ ယန္တို႔ အြန္လိုင္းကတစ္ဆင့္ေဆြးေႏြးရာမွာ မိုမန္ကတိုက္တြန္းခဲ့တာပါ။

ဘဂၤါလီဒုကၡသည္ေတြျပန္လာဖို႔ ျမန္မာဘက္က ဘာမွမလုပ္ရေသးဘူးလို႔ မိုမန္ကေျပာၿပီး ကုန္သြယ္ေရးနဲ႔ ရင္းႏွီးႁမွဳပ္ႏွံမႈေတြ အပါအ၀င္ ျမန္မာႏိုင္ငံကို ဖိအားေတြပိုမေပးမခ်င္း ဘဂၤါလီအၾကပ္အတည္းကိုေျဖ႐ွင္းႏိုင္မွာမဟုတ္ဘူးလို႔လည္း ေျပာပါတယ္။

ရခိုင္ျပည္နယ္က အိမ္ေတြဆီ ေဘးကင္း၊ ဂုဏ္သိကၡာ႐ွိၿပီး စိတ္ဆႏၵပါပါနဲ႔ ေနရပ္ျပန္ႏိုင္ေအာင္နဲ႔ ေနရပ္ျပန္တဲ့အထိေထာက္ပံႏိုင္ ေအာင္ ဘဂၤလားေဒ့႐ွ္အစိုးရ၊ ႏိုင္ငံတကာမိတ္ဖက္ေတြနဲ႔ ကုလသမဂၢလံုျခံဳေရးေကာင္စီတို႔နဲ႔ပူးေပါင္းၿပီး အလုပ္လုပ္သြားမယ္လို႔ ထရီဗီလီယန္ကတံု႔ျပန္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံေနရသူ ၁၂၂၀၀၀ ေက်ာ္႐ွိေနတဲ့ဘဂၤလားေဒ့႐ွ္ႏိုင္ငံ၊ ေကာ့က္စ္ဘဇားခ႐ိုင္မွာ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသား ေတြနဲ႔ ဘဂၤလီေတြကို ၿဗိတိန္ေနာက္ခံ႐ွိတဲ့သီးသန္႔ခြဲထားေရးနဲ႔ကုသေရးစင္တာေတြက ဘယ္လိုကူညီကာကြယ္ေပးႏိုင္မလဲ ဆိုတာလည္း ျမင္ေတြ႕ေနရတယ္လို႔ ထရီဗီလီယန္ကေျပာပါတယ္။

Ref : UK minister urged to mount pressure on Myanmar over Rohingya on virtual Bangladesh visit

#PeopleMedia

(unicode)
ကိုရိုနာဗိုင်းရပ်စ်အရေးပြင်းထန်နေချိန် ဘင်္ဂါလီအရေး မြန်မာကို ပိုဖိအားပေးဖို့ ဗြိတိန်ဝန်ကြီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးတိုက်တွန်း
…………………………………………………

ဒါကာ၊ ဇွန် ၂၅

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဆို)ဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို ပြန်နိုင်အောင်လုပ်ပေးခြင်းအားဖြင့် အကြပ်အတည်းကို ချက်ချင်းဖြေရှင်းနိုင်အောင် မြန်မာနိုင်ငံကို ဖိအားပေးဖို့ ဗြိတိန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကတိုက်တွန်းလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအဗ္ဗဒူ မိုမန်နဲ့ ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအန်နီမာရီ ထရီဗီလီ ယန်တို့ အွန်လိုင်းကတစ်ဆင့်ဆွေးနွေးရာမှာ မိုမန်ကတိုက်တွန်းခဲ့တာပါ။

ဘင်္ဂါလီဒုက္ခသည်တွေပြန်လာဖို့ မြန်မာဘက်က ဘာမှမလုပ်ရသေးဘူးလို့ မိုမန်ကပြောပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အပါအဝင် မြန်မာနိုင်ငံကို ဖိအားတွေပိုမပေးမချင်း ဘင်္ဂါလီအကြပ်အတည်းကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်က အိမ်တွေဆီ ဘေးကင်း၊ ဂုဏ်သိက္ခာရှိပြီး စိတ်ဆန္ဒပါပါနဲ့ နေရပ်ပြန်နိုင်အောင်နဲ့ နေရပ်ပြန်တဲ့အထိထောက်ပံနိုင် အောင် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာမိတ်ဖက်တွေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့နဲ့ပူးပေါင်းပြီး အလုပ်လုပ်သွားမယ်လို့ ထရီဗီလီယန်ကတုံ့ပြန်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူ ၁၂၂၀၀၀ ကျော်ရှိနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့က်စ်ဘဇားခရိုင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တွေနဲ့ ဘင်္ဂလီတွေကို ဗြိတိန်နောက်ခံရှိတဲ့သီးသန့်ခွဲထားရေးနဲ့ကုသရေးစင်တာတွေက ဘယ်လိုကူညီကာကွယ်ပေးနိုင်မလဲ ဆိုတာလည်း မြင်တွေ့နေရတယ်လို့ ထရီဗီလီယန်ကပြောပါတယ်။

Ref : UK minister urged to mount pressure on Myanmar over Rohingya on virtual Bangladesh visit

#PeopleMedia


Share this post