• Follow Us on

Home တ႐ုတ္စစ္သုေသသီေတြရဲ႕ COVID-19 ကာကြယ္ေဆးကို လူသားမွာ စမ္းသပ္ကုသ

တ႐ုတ္စစ္သုေသသီေတြရဲ႕ COVID-19 ကာကြယ္ေဆးကို လူသားမွာ စမ္းသပ္ကုသ

Share this post

ေဘက်င္း၊ ဇြန္ ၂၅

တ႐ုတ္စစ္ဘက္ဆိုင္ရာသုေတသနအဖြဲ႕တစ္ဖြဲ႕ရဲ႕ စမ္းသပ္ဆဲ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို လူသားေတြမွာ စမ္းသပ္ကုသဖို႔ ခြင့္ျပဳလိုက္ပါတယ္။

အခုေဆးဟာ အဲဒီအဖြဲ႕ရဲ႕ဒုတိယေျမာက္နဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ ၈ ခုေျမာက္လူသားမွာစမ္းသပ္ကုသတဲ့ေဆးျဖစ္ၿပီးေတာ့ ကမာၻအႏွံ႔ ကို႐ိုနာဗိုင္းရပ္စ္ကုသမႈမွာ ေရႇ႕ေျပးအေနနဲ႔ေပၚေပါက္လာတာတာပါ။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻတ၀န္းေသဆံုးသူ ၄၇၀၀၀၀ ေက်ာ္ေနခ်ိန္မွာ ဘယ္ကာကြယ္ေဆးကိုမွ ေစ်းကြက္ထဲေရာင္းခ်ဖို႔ အတည္မျပဳေသးေပမဲ့ ကမာၻတ၀န္းမွာေတာ့ ကာကြယ္ေဆးနမူနာတစ္ဒါဇင္ေက်ာ္ဟာ လူသားကို စမ္းသပ္ကုသေနတဲ့အဆင့္ အသီးသီးကိုေရာက္ေနၾကပါတယ္။

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္နဲ႔ ဆက္စပ္ေနတဲ့သုေတသနအဖြဲ႔ စစ္ဘက္ဆိုင္ရာသိပၸံအကယ္ဒမီ (AMS) က ဒီေဆးကို ဖန္တီးခဲ့ၿပီး တ႐ုတ္အမ်ိဳးသားေဆးဝါးထုတ္ကုန္မ်ားႀကီးၾကပ္ကြပ္ကဲမႈအဖြဲ႔က လူသားေတြမွာ စမ္းသပ္ခြင့္ျပဳခဲ့တာပါ။

ARCoV လို႔ နာမည္ေပးထားတဲ့ေဆးကို ျပည္တြင္းထုတ္ကုန္ၾကမ္းေတြနဲ႔ပဲထုတ္လုပ္ဖန္တီးတာျဖစ္ၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ထုတ္ လုပ္ႏိုင္တဲ့စြမ္းရည္လည္း႐ွိႏိုင္တယ္လို႔ သုေတသနတာ၀န္ခံက်င္ခ်န္ဖန္းက WeChat မွာ ဗုဒၶဟူးေန႔ညပိုင္းက ထုတ္ျပန္ပါတယ္။

Ref : COVID-19: Chinese military researchers test new vaccine in human trials

#PeopleMedia

(unicode)
တရုတ်စစ်သုသေသီတွေရဲ့ COVID-19 ကာကွယ်ဆေးကို လူသားမှာ စမ်းသပ်ကုသ
………………………………………………………

ဘေကျင်း၊ ဇွန် ၂၅

တရုတ်စစ်ဘက်ဆိုင်ရာသုတေသနအဖွဲ့တစ်ဖွဲ့ရဲ့ စမ်းသပ်ဆဲ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူသားတွေမှာ စမ်းသပ်ကုသဖို့ ခွင့်ပြုလိုက်ပါတယ်။

အခုဆေးဟာ အဲဒီအဖွဲ့ရဲ့ဒုတိယမြောက်နဲ့ တရုတ်နိုင်ငံရဲ့ ၈ ခုမြောက်လူသားမှာစမ်းသပ်ကုသတဲ့ဆေးဖြစ်ပြီးတော့ ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ်ကုသမှုမှာ ရှေ့ပြေးအနေနဲ့ပေါ်ပေါက်လာတာတာပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းသေဆုံးသူ ၄၇၀၀၀၀ ကျော်နေချိန်မှာ ဘယ်ကာကွယ်ဆေးကိုမှ ဈေးကွက်ထဲရောင်းချဖို့ အတည်မပြုသေးပေမဲ့ ကမ္ဘာတဝန်းမှာတော့ ကာကွယ်ဆေးနမူနာတစ်ဒါဇင်ကျော်ဟာ လူသားကို စမ်းသပ်ကုသနေတဲ့အဆင့် အသီးသီးကိုရောက်နေကြပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ ဆက်စပ်နေတဲ့သုတေသနအဖွဲ့ စစ်ဘက်ဆိုင်ရာသိပ္ပံအကယ်ဒမီ (AMS) က ဒီဆေးကို ဖန်တီးခဲ့ပြီး တရုတ်အမျိုးသားဆေးဝါးထုတ်ကုန်များကြီးကြပ်ကွပ်ကဲမှုအဖွဲ့က လူသားတွေမှာ စမ်းသပ်ခွင့်ပြုခဲ့တာပါ။

ARCoV လို့ နာမည်ပေးထားတဲ့ဆေးကို ပြည်တွင်းထုတ်ကုန်ကြမ်းတွေနဲ့ပဲထုတ်လုပ်ဖန်တီးတာဖြစ်ပြီးတော့ မြန်မြန်ဆန်ဆန်ထုတ် လုပ်နိုင်တဲ့စွမ်းရည်လည်းရှိနိုင်တယ်လို့ သုတေသနတာဝန်ခံကျင်ချန်ဖန်းက WeChat မှာ ဗုဒ္ဓဟူးနေ့ညပိုင်းက ထုတ်ပြန်ပါတယ်။

Ref : COVID-19: Chinese military researchers test new vaccine in human trials

#PeopleMedia


Share this post