• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ေဘးကေန ကယ္တင္လာသူေတြကို ဆႏၵျပသူေတြတိုက္ခိုက္

ကို႐ိုနာဗိုင္းရပ္စ္ေဘးကေန ကယ္တင္လာသူေတြကို ဆႏၵျပသူေတြတိုက္ခိုက္

Share this post

ေဖေဖာ္ဝါရီ ၂၁၊ ကိယက္ဗ္

တ႐ုတ္ႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္သင့္ခဲ့တဲ့ေနရာကေန ကယ္ထုတ္လာတဲ့သူေတြပါတဲ့ဘတ္စ္ကားကို ယူကရိန္း ၿမိဳ႕တစ္ၿမိဳ႕မွာ ဆႏၵျပသူေတြက ဝိုင္း၀န္းတိုက္ခိုက္ခဲ့ၾကပါတယ္။

ႏိုင္ငံအလယ္ပိုင္းေပၚတာဗာေဒသက ႏိုဗီဆန္ဟာရီၿမိဳ႕က ေဆး႐ံုဆီ ကယ္လာသူေတြကို ေ႐ႊ႕ေျပာင္းေပးၿပီး ၁၄ ရက္ၾကာ သီးသန္႔ထိန္းသိမ္းထားမွာပါ။

စာနာေထာက္ထားၾကဖို႔ ဆႏၵျပသူေတြကို ယူကရိန္းသမၼတဗိုေလာ့ဒီမ်ာ ဇီလန္စကီကတိုက္တြန္းပါတယ္။

တခ်ိဳ႕ကယ္ထုတ္လာသူေတြဟာ ဗိုင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ ယူကရိန္းက်န္းမာေရး၀န္ႀကီးဌာန အေယာင္ေဆာင္ၿပီး အီးေမးပို႔ေပးထားတာ႐ွိတယ္လို႔ ယူကရိန္းလံုျခံဳေရးဌာနကေျပာပါတယ္။

သတင္းမွားေတြကိုု စံုစမ္းစစ္ေဆးေနတယ္လို႔လည္း ထုတ္ျပန္ပါတယ္။ ကယ္ထုတ္လာသူေတြနဲ႔ ညီၫြတ္ ေၾကာင္းျပတဲ့အေနနဲ႔ သီးသန္႔ထားသူေတြနဲ႔အတူ႐ွိေနမယ္လို႔ ယူကရိန္းက်န္းမာေရး၀န္ႀကီးဇိုယာနာ စကာလက္ စကာကေျပာၿပီး ၀န္ႀကီးဌာနကို Skype ကတစ္ဆင့္စီမံခန္႔ခြဲသြားမယ္လို႔လည္း ေျပာထားပါတယ္။

Source – BBC

#PeopleMedia #Ukarine

(Unicode)
ကိုရိုနာဗိုင်းရပ်စ်ဘေးကနေ ကယ်တင်လာသူတွေကို ဆန္ဒပြသူတွေတိုက်ခိုက်
………………………………………………………

ဖေဖော်ဝါရီ ၂၁၊ ကိယက်ဗ်

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်သင့်ခဲ့တဲ့နေရာကနေ ကယ်ထုတ်လာတဲ့သူတွေပါတဲ့ဘတ်စ်ကားကို ယူကရိန်း မြို့တစ်မြို့မှာ ဆန္ဒပြသူတွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်။

နိုင်ငံအလယ်ပိုင်းပေါ်တာဗာဒေသက နိုဗီဆန်ဟာရီမြို့က ဆေးရုံဆီ ကယ်လာသူတွေကို ရွှေ့ပြောင်းပေးပြီး ၁၄ ရက်ကြာ သီးသန့်ထိန်းသိမ်းထားမှာပါ။

စာနာထောက်ထားကြဖို့ ဆန္ဒပြသူတွေကို ယူကရိန်းသမ္မတဗိုလော့ဒီမျာ ဇီလန်စကီကတိုက်တွန်းပါတယ်။

တချို့ကယ်ထုတ်လာသူတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ယူကရိန်းကျန်းမာရေးဝန်ကြီးဌာန အယောင်ဆောင်ပြီး အီးမေးပို့ပေးထားတာရှိတယ်လို့ ယူကရိန်းလုံခြုံရေးဌာနကပြောပါတယ်။

သတင်းမှားတွေကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ထုတ်ပြန်ပါတယ်။ ကယ်ထုတ်လာသူတွေနဲ့ ညီညွတ် ကြောင်းပြတဲ့အနေနဲ့ သီးသန့်ထားသူတွေနဲ့အတူရှိနေမယ်လို့ ယူကရိန်းကျန်းမာရေးဝန်ကြီးဇိုယာနာ စကာလက် စကာကပြောပြီး ဝန်ကြီးဌာနကို Skype ကတစ်ဆင့်စီမံခန့်ခွဲသွားမယ်လို့လည်း ပြောထားပါတယ်။

Source – BBC

#PeopleMedia #Ukarine


Share this post