• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၁ သန္းေက်ာ္ေန

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၁ သန္းေက်ာ္ေန

Share this post

လန္ဒန္၊ စက္တင္ဘာ ၂၉
 
ကမာၻတ၀န္းကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆံုးသူ ၁ သန္းေက်ာ္ေနၿပီး ေဒသအမ်ားအျပားတြင္ ကူးစက္မႈျမင့္ တက္ေနသည္ဟု သုေတသီမ်ားကေျပာသည္။
 
ဂၽြန္ေဟာ့ကင္းတကၠသိုလ္၏အခ်က္အလက္မ်ားအရ အေမရိကန္၊ ဘရာဇီးႏွင့္ အိႏၵိယ ၃ ႏိုင္ငံတြင္ေသဆံုး သူမ်ားသည္ ကမာၻတ၀န္းေသဆံုးမႈ၏တစ္၀က္နီးပါး႐ွိေနသည္။
 
အမွန္တကယ္ေသဆံုးသည့္ကိန္းဂဏန္းပိုမ်ားေနႏိုင္ေၾကာင္း ကၽြမ္းက်င္သူမ်ားက သတိေပးေနသည္။
 
စိတ္ႏွလံုးထိုင္းမႈိင္းေစသည့္ကိန္းဂဏန္းမ်ားျဖစ္ၿပီး စိတ္ထိခိုက္ဖြယ္သမိုင္းမွတ္တိုင္တစ္ခုျဖစ္သည္ဟု ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္ကေျပာသည္။
 
COVID-19 ေရာဂါျဖစ္ေစသည့္ကို႐ိုနာဗိုင္းရပ္စ္ကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာတြင္ တ႐ုတ္ႏုိင္ငံ၊ ၀ူဟန္ၿမိဳ႕၌ စတင္ေတြ႔႐ွိခဲ့ၿပီး ၁၀ လနီးပါးအၾကာတြင္ ယခုပမာဏအထိေသဆံုးခဲ့ျခင္းျဖစ္သည္။
 
ႏိုင္ငံ ၁၈၈ ႏိုင္ငံသို႔ပ်ံ႕ႏွံ႔ခဲ့ၿပီး ကူးစက္အတည္ျပဳလူ ၃၂ သန္းေက်ာ္လည္း႐ွိေနသည္။
 
Ref : Coronavirus: Global Covid-19 death toll passes one million
 
#PeopleMedia
 
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သန်းကျော်နေ
……………………………………
 
လန်ဒန်၊ စက်တင်ဘာ ၂၉
 
ကမ္ဘာတဝန်းကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၁ သန်းကျော်နေပြီး ဒေသအများအပြားတွင် ကူးစက်မှုမြင့် တက်နေသည်ဟု သုတေသီများကပြောသည်။
 
ဂျွန်ဟော့ကင်းတက္ကသိုလ်၏အချက်အလက်များအရ အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယ ၃ နိုင်ငံတွင်သေဆုံး သူများသည် ကမ္ဘာတဝန်းသေဆုံးမှု၏တစ်ဝက်နီးပါးရှိနေသည်။
 
အမှန်တကယ်သေဆုံးသည့်ကိန်းဂဏန်းပိုများနေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးနေသည်။
 
စိတ်နှလုံးထိုင်းမှိုင်းစေသည့်ကိန်းဂဏန်းများဖြစ်ပြီး စိတ်ထိခိုက်ဖွယ်သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကပြောသည်။
 
COVID-19 ရောဂါဖြစ်စေသည့်ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ စတင်တွေ့ရှိခဲ့ပြီး ၁၀ လနီးပါးအကြာတွင် ယခုပမာဏအထိသေဆုံးခဲ့ခြင်းဖြစ်သည်။
 
နိုင်ငံ ၁၈၈ နိုင်ငံသို့ပျံ့နှံ့ခဲ့ပြီး ကူးစက်အတည်ပြုလူ ၃၂ သန်းကျော်လည်းရှိနေသည်။
 
Ref : Coronavirus: Global Covid-19 death toll passes one million
 
#PeopleMedia

Share this post