• Follow Us on

Home တ႐ုတ္ေက်ာက္မီးေသြးတြင္းတြင္ ေလမရသျဖင့္ လုပ္သား ၁၆ ေယာက္ေသဆံုး

တ႐ုတ္ေက်ာက္မီးေသြးတြင္းတြင္ ေလမရသျဖင့္ လုပ္သား ၁၆ ေယာက္ေသဆံုး

Share this post

႐ွန္ဟိုင္း၊ စက္တင္ဘာ ၂၈
 
တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္း႐ွိေျမေအာက္ေက်ာက္မီးေသြးတြင္းတစ္တြင္းတြင္ ပိတ္မိၿပီးေနာက္ လုပ္သား ၁၆ ေယာက္ေသဆံုးခဲ့ၿပီီး ၁ ေယာက္စိုးရိမ္ရသည့္အေျခအေနတြင္႐ွိေနသည္ဟု တ႐ုတ္အစိုးရပိုင္ CCTV ႐ုပ္သံကေဖာ္ျပသည္။
 
တနဂၤေႏြေန႔အေစာပိုင္းက ပစၥည္းအတင္အခ်လုပ္သည့္ႀကိဳးမီးေလာင္ၿပီးေနာက္ အႏၱရာယ္႐ွိသည့္ကာဘြန္မိုေနာက္ဆိုက္ဓာတ္ေငြ႔မ်ားထြက္ခဲ့သည္ဟု အစိုးရအရာ႐ွိမ်ားကိုကိုးကားၿပီး ႏုိင္ငံပိုင္ရွင္ဟြာသတင္းေအဂ်င္စီကေဖာ္ျပသည္။
 
အသက္႐ွင္ေနသူကိုကယ္ဆယ္ရန္ က်န္းမာေရး၀န္ထမ္းမ်ားက ႀကိဳးစားေနၾကသည္။
 
မီးေလာင္ရသည့္အေၾကာင္းရင္းကို စံုစမ္းစစ္ေဆးေနသည္ဟု ကီြဂ်န္းခ႐ိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ေ၀ဘိုလူမႈကြန္ရက္တြင္ေျပာသည္။
 
ေဆာင္ေဇာင္းေက်ာက္မီးေသြးတြင္းကို ႏိုင္ငံပိုင္စြမ္းအင္လုပ္ငန္း ခ်ံဳကင္းအန္နာဂ်ီကပိုင္ဆိုင္ၿပီး ခ်ံဳကင္းၿမိဳ႕ျပင္တြင္႐ွိသည္။
 
ေဘးကင္းလံုၿခံဳေရးမွတ္တမ္းမ်ားအားနည္းၿပီး စည္းမ်ဥ္းစည္းကမ္းမ်ားက်င့္သံုးမႈအားနည္းသည့္ တ႐ုတ္ႏိုင္ငံတြင္ သတၱဳတူးေဖာ္ေရးလုပ္ငန္းမေတာ္တဆမႈမ်ားသည္ မၾကာခဏျဖစ္ေလ့႐ွိသည္။
 
Ref : 16 dead from carbon monoxide poisoning in Chinese coal mine
 
#PeopleMedia
 
(Unicode)
တရုတ်ကျောက်မီးသွေးတွင်းတွင် လေမရသဖြင့် လုပ်သား ၁၆ ယောက်သေဆုံး
………………………………………
 
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၈
 
တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိမြေအောက်ကျောက်မီးသွေးတွင်းတစ်တွင်းတွင် ပိတ်မိပြီးနောက် လုပ်သား ၁၆ ယောက်သေဆုံးခဲ့ပြီီး ၁ ယောက်စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်ဟု တရုတ်အစိုးရပိုင် CCTV ရုပ်သံကဖော်ပြသည်။
 
တနင်္ဂနွေနေ့အစောပိုင်းက ပစ္စည်းအတင်အချလုပ်သည့်ကြိုးမီးလောင်ပြီးနောက် အန္တရာယ်ရှိသည့်ကာဘွန်မိုနောက်ဆိုက်ဓာတ်ငွေ့များထွက်ခဲ့သည်ဟု အစိုးရအရာရှိများကိုကိုးကားပြီး နိုင်ငံပိုင်ရှင်ဟွာသတင်းအေဂျင်စီကဖော်ပြသည်။
 
အသက်ရှင်နေသူကိုကယ်ဆယ်ရန် ကျန်းမာရေးဝန်ထမ်းများက ကြိုးစားနေကြသည်။
 
မီးလောင်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်ဟု ကွီဂျန်းခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဝေဘိုလူမှုကွန်ရက်တွင်ပြောသည်။
 
ဆောင်ဇောင်းကျောက်မီးသွေးတွင်းကို နိုင်ငံပိုင်စွမ်းအင်လုပ်ငန်း ချုံကင်းအန်နာဂျီကပိုင်ဆိုင်ပြီး ချုံကင်းမြို့ပြင်တွင်ရှိသည်။
 
ဘေးကင်းလုံခြုံရေးမှတ်တမ်းများအားနည်းပြီး စည်းမျဉ်းစည်းကမ်းများကျင့်သုံးမှုအားနည်းသည့် တရုတ်နိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ငန်းမတော်တဆမှုများသည် မကြာခဏဖြစ်လေ့ရှိသည်။
 
Ref : 16 dead from carbon monoxide poisoning in Chinese coal mine
 
#PeopleMedia

Share this post