• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးစစ္ပြဲ ေတာင္ကိုရီးယား ေၾကညာၿပီ

ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးစစ္ပြဲ ေတာင္ကိုရီးယား ေၾကညာၿပီ

Share this post

MPI

ႏိုင္ငံတကာ၊ မတ္ ၄

ေတာင္ကိုရီးယားသမၼတက မတ္လ ၃ ရက္တြင္ ကို႐ိုနာဗိုင္းရပ္စ္တိုက္ဖ်က္ရန္ စစ္ေၾကညာခဲ့ၿပီး တ႐ုတ္ ႏိုင္ငံျပင္ပတြင္ အဆိုးရြားဆုံး ကူးစက္ခံေနရသည့္ ေတာင္ကိုရီးယားႏိုင္ငံ၌ ကူးစက္ခံရသူအေရအတြက္ ၆၀၀ ျမင့္ တက္လာျခင္းေၾကာင့္ အရံေဆး႐ုံကုတင္မ်ား၊ မ်က္ႏွာဖုံးမ်ားျပဳလုပ္ထားရန္ အမိန္႔ေပးလိုက္သည္။

သမၼတ မြန္ေဂ်အင္းက မ်က္ႏွာဖုံးမ်ား ျပတ္လပ္မႈအတြက္ ေတာင္းပန္ခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ေပါင္း ၄၈၁၂ မႈျဖစ္ပြားၿပီး ၃၄ ဦး ေသဆုံးခဲ့သည့္ အာရွတိုက္၏ စတုတၳအႀကီးဆုံး စီးပြားေရးတိုင္းျပည္ ေတာင္ကို ရီးယားရွိ ဗိုင္းရပ္စ္ေဘးသင့္ အေသးစားလုပ္ငန္းမ်ားကို ေထာက္ပံ့ေပးမည္ဟု ကတိျပဳခဲ့သည္။

ဒယ္ဂူႏ်င့္ ေဂ်ာင္ဘြတ္ျပည္နယ္မ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ အျမင့္ဆုံးအဆင့္ ပ်ံ႕ႏွံ႔ေနေသာ ေၾကာင့္ တစ္တိုင္းျပည္လုံးက စစ္ပြဲေၾကညာသည့္အဆင့္ ေရာက္ရွိလာခဲ့ေၾကာင္း အစိုးရအဖြဲ႕အစည္းအေဝး၌ သမၼတ မြန္ေဂ်အင္းက ေျပာသည္။

“မ်က္ႏွာဖုံးေတြ လုံလုံေလာက္ေလာက္ မေထာက္ပံ့ႏိုင္ၿပီး အဆင္မေျပမႈျဖစ္ ေစလို႔ ျပည္သူေတြအတြက္ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး” ဟု ၄င္းက ေျပာသည္။

ေတာင္ကိုရီးယားႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေပါင္း ၄၈၁၂ မႈျဖစ္ပြားခဲ့ရာ ၉၀ ရာခိုင္ႏႈန္းနီးပါးမွာ ဒယ္ဂူႏွင့္ အိမ္နီးခ်င္း ေျမာက္ေဂ်ာင္ဆန္ျပည္နယ္တြင္ ျဖစ္ပြားေၾကာင္း ကိုရီးယား ဗဟိုေရာဂါထိန္းခ်ဳပ္ေရးႏွင့္ တားဆီးေရးဗဟိုဌာနက ေျပာသည္။

“တစ္ႏိုင္ငံလုံးက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါတိုက္ဖ်က္ေရး စစ္ပြဲဆင္ႏႊဲတဲ့အဆင့္ ေရာက္ရွိလာပါၿပီ။ အစိုးရဌာနေတြအေနနဲ႔ ၂၄ နာရီစလုံး တာဝန္ထမ္းေဆာင္ရမွာျဖစ္ပါတယ္” ဟု သမၼတ မြန္ေဂ်အင္းကဆိုသည္။

ကိုးကား -ေအအက္ဖ္ပီ

Ref; South Korea declares ‘war’ on coronavirus as cases approach 5,000

(unicode)
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးစစ်ပွဲ တောင်ကိုရီးယား ကြေညာပြီ
………………………………………………………….

MPI

နိုင်ငံတကာ၊ မတ် ၄

တောင်ကိုရီးယားသမ္မတက မတ်လ ၃ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် စစ်ကြေညာခဲ့ပြီး တရုတ် နိုင်ငံပြင်ပတွင် အဆိုးရွားဆုံး ကူးစက်ခံနေရသည့် တောင်ကိုရီးယားနိုင်ငံ၌ ကူးစက်ခံရသူအရေအတွက် ၆၀၀ မြင့် တက်လာခြင်းကြောင့် အရံဆေးရုံကုတင်များ၊ မျက်နှာဖုံးများပြုလုပ်ထားရန် အမိန့်ပေးလိုက်သည်။

သမ္မတ မွန်ဂျေအင်းက မျက်နှာဖုံးများ ပြတ်လပ်မှုအတွက် တောင်းပန်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပေါင်း ၄၈၁၂ မှုဖြစ်ပွားပြီး ၃၄ ဦး သေဆုံးခဲ့သည့် အာရှတိုက်၏ စတုတ္ထအကြီးဆုံး စီးပွားရေးတိုင်းပြည် တောင်ကို ရီးယားရှိ ဗိုင်းရပ်စ်ဘေးသင့် အသေးစားလုပ်ငန်းများကို ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့သည်။

ဒယ်ဂူနျင့် ဂျောင်ဘွတ်ပြည်နယ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ အမြင့်ဆုံးအဆင့် ပျံ့နှံ့နေသော ကြောင့် တစ်တိုင်းပြည်လုံးက စစ်ပွဲကြေညာသည့်အဆင့် ရောက်ရှိလာခဲ့ကြောင်း အစိုးရအဖွဲ့အစည်းအဝေး၌ သမ္မတ မွန်ဂျေအင်းက ပြောသည်။

“မျက်နှာဖုံးတွေ လုံလုံလောက်လောက် မထောက်ပံ့နိုင်ပြီး အဆင်မပြေမှုဖြစ် စေလို့ ပြည်သူတွေအတွက် ကျွန်တော် စိတ်မကောင်းပါဘူး” ဟု ၄င်းက ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၄၈၁၂ မှုဖြစ်ပွားခဲ့ရာ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ဒယ်ဂူနှင့် အိမ်နီးချင်း မြောက်ဂျောင်ဆန်ပြည်နယ်တွင် ဖြစ်ပွားကြောင်း ကိုရီးယား ဗဟိုရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဗဟိုဌာနက ပြောသည်။

“တစ်နိုင်ငံလုံးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါတိုက်ဖျက်ရေး စစ်ပွဲဆင်နွှဲတဲ့အဆင့် ရောက်ရှိလာပါပြီ။ အစိုးရဌာနတွေအနေနဲ့ ၂၄ နာရီစလုံး တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်” ဟု သမ္မတ မွန်ဂျေအင်းကဆိုသည်။

ကိုးကား -အေအက်ဖ်ပီ

Ref; South Korea declares ‘war’ on coronavirus as cases approach 5,000


Share this post