• Follow Us on

Home ကို႐ိုနာဗိ္ုင္းရပ္စ္ရင္ဆိုင္ေနရတဲ့ တ႐ုတ္နဲ႔ တျခားႏိုင္ငံေတြကို ေဒၚလာသန္း ၁၀၀ အေမရိကန္လွဴဒါန္း

ကို႐ိုနာဗိ္ုင္းရပ္စ္ရင္ဆိုင္ေနရတဲ့ တ႐ုတ္နဲ႔ တျခားႏိုင္ငံေတြကို ေဒၚလာသန္း ၁၀၀ အေမရိကန္လွဴဒါန္း

Share this post

ေဖေဖာ္ဝါရီ ၈၊ ဝါ႐ွင္တန္ဒီစီ

ကို႐ိုနာဗိုင္းရပ္စ္ 2019-nCoV ကို ရင္ဆိုင္ေနၾကတဲ့ တ႐ုတ္ႏိုင္ငံနဲ႔ တျခားႏိုင္ငံေတြကို အေမရိကန္ျပည္ေထာင္စု က ေသာၾကာေန႔မွာ ေဒၚလာသန္း ၁၀၀ လွဴဒါန္းခဲ့ပါတယ္။ ဒီလွဴဒါန္းမႈဟာ ဗိုင္းရပ္စ္ျပန္႔ပြားမႈကို တံု႔ျပန္ရာမွာ အေမရိကန္က အားေကာင္းေကာင္းနဲ႔ ဦးေဆာင္ပါ၀င္ေနတယ္ဆိုတာေဖာ္ျပေနတယ္လို႔ အေမရိကန္ႏိုင္ငံျခား ေရး၀န္ႀကီးမိုက္ ပြန္ပီယိုက ထုတ္ျပန္ခ်က္တစ္ခုမွာေျပာပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕လူ႔အခြင့္အေရးကိစၥေတြကေန ႏိုင္ငံျခားအေျခခံအေဆာက္အဦတည္ေဆာက္ေရးကိစၥေတြမွာ ေငြသံုးစြဲမႈေတြအေပၚ ေ၀ဖန္ေလ့႐ွိတဲ့ပြန္ပီယိုက အကူအညီေတြကို တိုက္႐ိုက္ျဖစ္ေစ၊ ႏိုင္ငံစံုပါ၀င္တဲ့အသင္း အဖြဲ႕ေတြကျဖစ္ေစေပးသြားမယ္လို႔လည္းေျပာပါတယ္။ အေမရိကန္အစိုးရခြင့္ျပဳခ်ေပးထားၿပီး အတိအက်ထုတ္ မေျပာလိုတဲ့ရန္ပံုေငြထဲကေနလွဴဒါန္းတာလို႔လည္း ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၈ ရက္၊ စေနေန႔အထိဆိုရင္ တ႐ုတ္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆံုးသူ ၇၂၂ ေယာက္႐ွိ လာၿပီး ကူးစက္ခံရသူ ၃၄၅၀၀ ေက်ာ္႐ွိေနၿပီလို႔ တ႐ုတ္အစိုးရက ထုတ္ျပန္ပါတယ္။ ဒါ့ေၾကာင့္ ၂၀၀၃ -၂၀၀၄ ခုႏွစ္က အလားတူကို႐ိုနာဗိုင္းရပ္စ္တစ္မ်ိဳးေၾကာင့္ျဖစ္တဲ့ဆားစ္ေရာဂါထက္ တ႐ုတ္ႏိုင္ငံမွာ ေသဆံုးသူဦးေရ ပိုမ်ားလာပါၿပီ။ ဒါေပမဲ့ ဆားစ္ေရာဂါျဖစ္ပြားမႈေၾကာင့္ တစ္ကမာၻလံုးမွာေသဆံုးသူ ၇၇၀ ေက်ာ္႐ွိခဲ့ၿပီး အခုဗိုင္း ရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံျပင္ပမွာ ေသဆံုးသူ ၂ ဦးပဲ႐ွိပါတယ္။

Source – AFP

Photo – People’s Daily China

#PeopleMedia #USA #Offering #China #Wuhan #CoronaVirus #2019nCoV #Deadtoll

(Unicode)
ကိုရိုနာဗိ်ုင်းရပ်စ်ရင်ဆိုင်နေရတဲ့ တရုတ်နဲ့ တခြားနိုင်ငံတွေကို ဒေါ်လာသန်း ၁၀၀ အမေရိကန်လှူဒါန်း
…………………………………………………………

ဖေဖော်ဝါရီ ၈၊ ဝါရှင်တန်ဒီစီ

ကိုရိုနာဗိုင်းရပ်စ် 2019-nCoV ကို ရင်ဆိုင်နေကြတဲ့ တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေကို အမေရိကန်ပြည်ထောင်စု က သောကြာနေ့မှာ ဒေါ်လာသန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ ဒီလှူဒါန်းမှုဟာ ဗိုင်းရပ်စ်ပြန့်ပွားမှုကို တုံ့ပြန်ရာမှာ အမေရိကန်က အားကောင်းကောင်းနဲ့ ဦးဆောင်ပါဝင်နေတယ်ဆိုတာဖော်ပြနေတယ်လို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးမိုက် ပွန်ပီယိုက ထုတ်ပြန်ချက်တစ်ခုမှာပြောပါတယ်။

တရုတ်နိုင်ငံရဲ့လူ့အခွင့်အရေးကိစ္စတွေကနေ နိုင်ငံခြားအခြေခံအဆောက်အဦတည်ဆောက်ရေးကိစ္စတွေမှာ ငွေသုံးစွဲမှုတွေအပေါ် ဝေဖန်လေ့ရှိတဲ့ပွန်ပီယိုက အကူအညီတွေကို တိုက်ရိုက်ဖြစ်စေ၊ နိုင်ငံစုံပါဝင်တဲ့အသင်း အဖွဲ့တွေကဖြစ်စေပေးသွားမယ်လို့လည်းပြောပါတယ်။ အမေရိကန်အစိုးရခွင့်ပြုချပေးထားပြီး အတိအကျထုတ် မပြောလိုတဲ့ရန်ပုံငွေထဲကနေလှူဒါန်းတာလို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်၊ စနေနေ့အထိဆိုရင် တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၇၂၂ ယောက်ရှိ လာပြီး ကူးစက်ခံရသူ ၃၄၅၀၀ ကျော်ရှိနေပြီလို့ တရုတ်အစိုးရက ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် ၂၀၀၃ -၂၀၀၄ ခုနှစ်က အလားတူကိုရိုနာဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်တဲ့ဆားစ်ရောဂါထက် တရုတ်နိုင်ငံမှာ သေဆုံးသူဦးရေ ပိုများလာပါပြီ။ ဒါပေမဲ့ ဆားစ်ရောဂါဖြစ်ပွားမှုကြောင့် တစ်ကမ္ဘာလုံးမှာသေဆုံးသူ ၇၇၀ ကျော်ရှိခဲ့ပြီး အခုဗိုင်း ရပ်စ်ကြောင့် တရုတ်နိုင်ငံပြင်ပမှာ သေဆုံးသူ ၂ ဦးပဲရှိပါတယ်။

Source – AFP

Photo – People’s Daily China

#PeopleMedia #USA #Offering #China #Wuhan #CoronaVirus #2019nCoV #Deadtoll


Share this post