• Follow Us on

Home ကုလတရားခံု႐ုံးတြင္ ၾကားနားၿပီးေနာက္ ျမန္မာဘက္က သေဘာထားေပ်ာ့ေျပာင္းလာဟု ဘဂၤလားေဒ့ရွ္ဆို

ကုလတရားခံု႐ုံးတြင္ ၾကားနားၿပီးေနာက္ ျမန္မာဘက္က သေဘာထားေပ်ာ့ေျပာင္းလာဟု ဘဂၤလားေဒ့ရွ္ဆို

Share this post

ကုလအျပည္ျပည္ဆိုင္ရာတရား႐ုံးမွာ ၾကားနာခဲ့ၿပီးေနာက္ ျမန္မာႏုိင္ငံဘက္က သေဘာထားရပ္တည္ခ်က္ ေပ်ာ့ေျပာင္းလာတယ္လို႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရး၀န္ႀကီး မိုမန္က ေျပာၾကားလိုက္ပါတယ္။

“သူတို႕ရဲ႕ သေဘာထားရပ္တည္ခ်က္ ေပ်ာ့ေျပာင္းလာပါတယ္။ ကၽြန္ေတာ့္ကို အလည္အပတ္ခရီးစဥ္အတြက္ ဖိတ္ထားပါတယ္။ ဒါဟာ ေကာင္းမြန္တဲ့ ဖိတ္ၾကားမႈေတြပါ” လို႔ မိုမန္က တနဂၤေႏြေန႔မွာ BDNews 24 ကို ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီး ၄င္းအေနနဲ႔ ဘဂၤလားေဒ့ရွ္က ဘဂၤါလီအားလံုးကို ျမန္မာႏုိင္ငံကို ျပန္ေရာက္တဲ့အခါ ျမန္မာႏုိင္ငံ ကို လာေရာက္မယ္လို႔ ေျပာၾကားခဲ့ဖူးေၾကာင္းနဲ႔ အခုတစ္ႀကိမ္ထပ္ဖိတ္ၾကားမႈအတြက္ ျမန္မာႏုိ္င္ငံဘက္က ဘာေတြေဆာင္ရြက္ၿပီးစီးမယ္ဆိုတာကို ေစာင့္ၾကည့္ေနပါတယ္လို႔လည္း မိုမန္က ေျပာပါတယ္။

ျမန္မာအစိုးရအာဏာပိုင္ေတြအေနနဲ႔ ဘဂၤလားေဒ့ရွ္ကို လာေရာက္လည္ပတ္ၿပီး သူတို႔လူ(ဘဂၤါလီ)ေတြနဲ႔ စကားေျပာဆိုၿပီး ဘာေတြေမွ်ာ္မွန္းထားတယ္ဆိုတာကို နားလည္ေအာင္ ေဆာင္ရြက္ဖုိ႔လည္း မိုမန္က တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

Ref; BDnews 24

#PeopleMedia

(Unicode)
ကုလတရားခုံရုံးတွင် ကြားနားပြီးနောက် မြန်မာဘက်က သဘောထားပျော့ပြောင်းလာဟု ဘင်္ဂလားဒေ့ရှ်ဆို
…………………………………………………………

ကုလအပြည်ပြည်ဆိုင်ရာတရားရုံးမှာ ကြားနာခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်က သဘောထားရပ်တည်ချက် ပျော့ပြောင်းလာတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်က ပြောကြားလိုက်ပါတယ်။

“သူတို့ရဲ့ သဘောထားရပ်တည်ချက် ပျော့ပြောင်းလာပါတယ်။ ကျွန်တော့်ကို အလည်အပတ်ခရီးစဉ်အတွက် ဖိတ်ထားပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ဖိတ်ကြားမှုတွေပါ” လို့ မိုမန်က တနင်္ဂနွေနေ့မှာ BDNews 24 ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၄င်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီအားလုံးကို မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါ မြန်မာနိုင်ငံ ကို လာရောက်မယ်လို့ ပြောကြားခဲ့ဖူးကြောင်းနဲ့ အခုတစ်ကြိမ်ထပ်ဖိတ်ကြားမှုအတွက် မြန်မာနို်င်ငံဘက်က ဘာတွေဆောင်ရွက်ပြီးစီးမယ်ဆိုတာကို စောင့်ကြည့်နေပါတယ်လို့လည်း မိုမန်က ပြောပါတယ်။

မြန်မာအစိုးရအာဏာပိုင်တွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို လာရောက်လည်ပတ်ပြီး သူတို့လူ(ဘင်္ဂါလီ)တွေနဲ့ စကားပြောဆိုပြီး ဘာတွေမျှော်မှန်းထားတယ်ဆိုတာကို နားလည်အောင် ဆောင်ရွက်ဖို့လည်း မိုမန်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

Ref; BDnews 24

#PeopleMedia


Share this post