• Follow Us on

Home NLD ပါတီ ဦးဆောင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှ ပြည်ခိုင်ဖြိုး ပါတီ နှုတ်ထွက်


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၁၇






(Unicode)
NLD ပါတီ ဦးဆောင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီမှ ပြည်ခိုင်ဖြိုး ပါတီ နှုတ်ထွက်
…………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၁၇

NLD ပါတီဦးဆောင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်နှစ်ဦးသည် နှုတ်ထွက်သွားခဲ့သည်။

ပြင်ဆင်ရေးကော်မတီမှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ကိုယ်စားလှယ်များဖြစ်သော ဦးစိုင်းကျော်မိုး၊ ဦးဆီဟူးဒွေ့ တို့သည် ၎င်းတို့၏ဆန္ဒအရ ဒီဇင်ဘာ(၁၆)ရက်၌ ပြည်ထောင်စုလွှတ်တော်နာယကမှ နှုတ်ထွက်ခွင့်ပြုလိုက် သည်။

လက်ရှိအချိန်၌ NLD ပါတီဦးဆောင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးအဖွဲ့ဝင် (၄၅)ဦး၌ ပြည်ခိုင်ဖြိုးပါတီ ထပ်မံ နှုတ်ထွက်ခဲ့ခြင်းကြောင့် (၄၀)ဦးသာ ကျန်ရှိမည်ဖြစ်သည်။

အဆိုပါကော်မတီမှ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များ နှုတ်ထွက်သွားခဲ့သည်။

#PeopleMedia #Political


Share this post