• Follow Us on

Home ၿဗိတိန္၀န္ႀကီးခ်ဳပ္ကို ေၾကာက္၍ မူဆလင္မ်ား နိုင္ငံက ထြက္ခြာရန္ ျပင္ဆင္

ၿဗိတိန္၀န္ႀကီးခ်ဳပ္ကို ေၾကာက္၍ မူဆလင္မ်ား နိုင္ငံက ထြက္ခြာရန္ ျပင္ဆင္

Share this post

ၿဗိတိန္အေထြေထြေ႐ြးေကာက္ပြဲမွာ ေဘာရစ္ ဂြၽန္ဆင္ဟာ သက္တမ္း ၅ ႏွစ္ၾကာ ၀န္ႀကီးခ်ဳပ္ေနရာအတြက္ အနိုင္ရရွိခဲ့ၿပီးေနာက္ ၿဗိတိန္မွ ေနထိုင္ၾကတဲ့ မူဆလင္ေတြဟာ နိုင္ငံက ထြက္ခြာဖို႔ ျပင္ဆင္လ်က္ရွိေနပါတယ္။

အခုလို ၿဗိတိန္က ထြက္ခြာဖို႔ ျပင္ဆင္ေနၾကသူေတြထဲမွာ မန္ခ်က္စတာက ဆင္းရဲႏြမ္းပါးသူေတြကို ေထာက္ပံ့ကူညီေနတဲ့ မူဆလင္ပရဟိတအဖြဲ႕ ေခါင္းေဆာင္တစ္ဦးလည္းပါ၀င္ေနပါတယ္။ ၄င္းက မိမိတို႔ရဲ႕ ပုဂၢိဳလ္ေရးလုံၿခဳံမႈနဲ႕ မိမိတို႔ကေလးငယ္ေတြရဲ႕ အနာဂတ္အတြက္ စိုးရိမ္တာေၾကာင့္ အခုလို ၿဗိတိန္က ထြက္ခြာဖို႔ ျပင္ဆင္ေနတာလို႔ ေျပာပါတယ္။

ေဘာရစ္ဂြၽန္ဆင္ဟာ မူဆလင္ေတြနဲ႕ ပတ္သက္ၿပီး အျပဳသေဘာမေဆာင္တဲ့ မွတ္ခ်က္ေပးမႈေတြေၾကာင့္ အစၥလာမ္ ဆန့္က်င္ေရးဝါဒီနဲ႕ လူမ်ိဳးဘာသာေရးခြဲျခားသူအျဖစ္ ေဝဖန္ခံထားရသူျဖစ္ပါတယ္။

၂၀၀၅ ခုႏွစ္က ေဘာရစ္ဂြၽန္ဆင္ဟာ လူေတြက အစၥလာမ္ကို ေၾကာက္ၾကတာ သဘာ၀ပဲလို႔ မွတ္ခ်က္ေပးခဲ့ဖူးသလို မူဆလင္အမ်ိဳးသမီးေတြရဲ႕ ရိုးရာ၀တ္စုံကိုလည္း ဘဏ္ဓားျပေတြနဲ႕ ႏွိုင္းယွဥ္ေျပာၾကားခဲ့ဖူးတဲ့အတြက္ ေဝဖန္ခံခဲ့ရဘူးပါတယ္။

ဒါေပမယ့္ ေဘာရစ္ဂြၽန္ဆင္ဟာ မဲဆြယ္စည္း႐ုံးေရးကာလမွာ မူဆလင္ေတြအေပၚ အျပဳသေဘာမေဆာင္တဲ့ မွတ္ခ်က္ေပးခဲ့မႈေတြအတြက္ ျပန္လည္ေတာင္းပန္ထားပါတယ္။

Ref; metro.co.uk

[Unicode]
ဗြိတိန်ဝန်ကြီးချုပ်ကို ကြောက်၍ မူဆလင်များ နိုင်ငံက ထွက်ခွာရန် ပြင်ဆင်
………………………………………………………………………..

ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ ဘောရစ် ဂျွန်ဆင်ဟာ သက်တမ်း ၅ နှစ်ကြာ ဝန်ကြီးချုပ်နေရာအတွက် အနိုင်ရရှိခဲ့ပြီးနောက် ဗြိတိန်မှ နေထိုင်ကြတဲ့ မူဆလင်တွေဟာ နိုင်ငံက ထွက်ခွာဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

အခုလို ဗြိတိန်က ထွက်ခွာဖို့ ပြင်ဆင်နေကြသူတွေထဲမှာ မန်ချက်စတာက ဆင်းရဲနွမ်းပါးသူတွေကို ထောက်ပံ့ကူညီနေတဲ့ မူဆလင်ပရဟိတအဖွဲ့ ခေါင်းဆောင်တစ်ဦးလည်းပါဝင်နေပါတယ်။ ၎င်းက မိမိတို့ရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုနဲ့ မိမိတို့ကလေးငယ်တွေရဲ့ အနာဂတ်အတွက် စိုးရိမ်တာကြောင့် အခုလို ဗြိတိန်က ထွက်ခွာဖို့ ပြင်ဆင်နေတာလို့ ပြောပါတယ်။

ဘောရစ်ဂျွန်ဆင်ဟာ မူဆလင်တွေနဲ့ ပတ်သက်ပြီး အပြုသဘောမဆောင်တဲ့ မှတ်ချက်ပေးမှုတွေကြောင့် အစ္စလာမ် ဆန့်ကျင်ရေးဝါဒီနဲ့ လူမျိုးဘာသာရေးခွဲခြားသူအဖြစ် ဝေဖန်ခံထားရသူဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က ဘောရစ်ဂျွန်ဆင်ဟာ လူတွေက အစ္စလာမ်ကို ကြောက်ကြတာ သဘာဝပဲလို့ မှတ်ချက်ပေးခဲ့ဖူးသလို မူဆလင်အမျိုးသမီးတွေရဲ့ ရိုးရာဝတ်စုံကိုလည်း ဘဏ်ဓားပြတွေနဲ့ နှိုင်းယှဉ်ပြောကြားခဲ့ဖူးတဲ့အတွက် ဝေဖန်ခံခဲ့ရဘူးပါတယ်။

ဒါပေမယ့် ဘောရစ်ဂျွန်ဆင်ဟာ မဲဆွယ်စည်းရုံးရေးကာလမှာ မူဆလင်တွေအပေါ် အပြုသဘောမဆောင်တဲ့ မှတ်ချက်ပေးခဲ့မှုတွေအတွက် ပြန်လည်တောင်းပန်ထားပါတယ်။

Ref; metro.co.uk

#PeopleMedia


Share this post