• Follow Us on

Home ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့သည့်အပေါ် လုံးဝပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့သည့်အပေါ် လုံးဝပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ (People Media)

 

ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့သည့်အပေါ် လုံးဝပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ၁၉-၁၁-၂၀၂၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့မှုကို ပြန်လည်ရည်ညွှန်းအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

ထုတ်ပြန်ချက်တွင် ၁၆-၁၂-၂၀၂၁ ရက်တွင် ကျင်းပခဲ့သည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ မျက်နှာစုံညီအစည်းအဝေးတွင် ယင်းဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့သည့်အပေါ် နိုင်ငံခြား ရေးဝန်ကြီးဌာနက ထပ်လောင်းကန့်ကွက်သည်။

 

မြန်မာနိုင်ငံအနေဖြင့် ယင်းအဆိုမူကြမ်းကိုမဲခွဲရန် တောင်းဆိုလေ့ရှိခဲ့သော်လည်း ယခုနှစ်တွင် မဲမခွဲဘဲ အ တည်ပြုခဲ့ခြင်းမှာ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းခံထားရပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် တရား ရင်ဆိုင်နေရသူက ကုလသမဂ္ဂတွင် မမှန်မကန်ကိုယ်စားပြုနေခြင်းကြောင့် ဖြစ်သည်။ ၎င်း၏ နိုင်ငံတော်အပေါ် သစ္စာဖောက်သောလုပ်ရပ်သည် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေသည်။

 

လူ့အခွင့်အရေးကိစ္စရပ်များကို စဉ်းစားသုံးသပ်ရာတွင် နိုင်ငံအားလုံး တစ်ပြေးညီကျင့်သုံးရေး၊ သမာသမတ်ကျ ရေး၊ နိုင်ငံတစ်နိုင်ငံတည်းကိုရွေးချယ်ပစ်မှတ်မထားရေးစသည့် ကုလသမဂ္ဂအခြေခံမူများကို ဆန့်ကျင်၍ နိုင်ငံ တစ်နိုင်ငံတည်းအပေါ် ဦးတည်ချမှတ်သည့် ဆုံးဖြတ်ချက်အဆိုများကို မြန်မာနိုင်ငံကအစဉ်တစိုက် ဆန့်ကျင် သည်။

 

ယင်းကဲ့သို့ ဆုံးဖြတ်ချက်အဆိုများကို ရေးဆွဲပြီး ဆွေးနွေးပွဲများ ဆောင်ရွက်သည့်လုပ်ငန်းစဉ်များတွင် ချို့ယွင်းမှု များရှိကြောင်း တွေ့ရှိရသည်။ ယခုဆုံးဖြတ်ချက်အဆိုတွင် မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းကြောင်း၌ မည်သည့် အခါကမျှ မရှိခဲ့ဘဲ ပြည်သူများက အသိအမှတ်မပြုသည့် “ရိုဟင်ဂျာ” ဆိုသောအသုံးအနှုန်းအပါအဝင် လိုရာ ပုံသွင်း၍ မှားယွင်းသည့်အကြောင်းအရာများနှင့် ပြည့်နှက်နေသည်မှာ လက်မခံနိုင်ဖွယ်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံက ယင်းဆုံးဖြတ်ချက်အဆိုကို ပြင်းထန်စွာ ကန့်ကွက်ပယ်ချလိုက်ကြောင်း စသည်ဖြင့် ဖော်ပြ ထားသည်။

 

#PeopleMedia #MOFA

 

(unicode)


……………………………………………………

 


 


 


 


 


 


 

#PeopleMedia #MOFA


Share this post