• Follow Us on

Home ကူးစက္ခံရသူ ၇၇၀၀၀ ေက်ာ္ထပ္တိုးၿပီး အေမရိကန္တြင္ တစ္ေန႔တာ ကူးစက္မႈစံခ်ိန္တင္

ကူးစက္ခံရသူ ၇၇၀၀၀ ေက်ာ္ထပ္တိုးၿပီး အေမရိကန္တြင္ တစ္ေန႔တာ ကူးစက္မႈစံခ်ိန္တင္

Share this post

နယူးေယာက္၊ ဇူလိုင္ ၁၇

ၾကာသပေတးေန႔တြင္ အေမရိကန္ျပည္ေထာင္စု၌ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူစံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး တစ္ ရက္အတြင္း ကူးစက္ခံရသူ ၇၇၀၀၀ ေယာက္႐ွိခဲ့သည့္အျပင္ ေသဆံုးသူ ၁၀၀၀ နီးပါးျမင့္တက္ခဲ့သည္။

ဖေလာ္ရီဒါ၊ ေတာင္ကာ႐ိုလိုင္းနားႏွင့္ တကၠဆက္ျပည္နယ္တို႔တြင္ တစ္ေန႔တာအတြင္း ကူးစက္ခံရသူစံခ်ိန္ တင္ခဲ့သည့္အျပင္ ေသဆံုးသူ ၉၆၉ ေယာက္႐ွိခဲ့ၿပီး ဇြန္ ၁၀ ရက္ေနာက္ပိုင္း တစ္ေန႔တာ ေသဆံုးမႈ အမ်ား ဆံုးျဖစ္ခဲ့သည္။

COVID-19 ေၾကာင့္ အေမရိကန္ႏိုင္ငံသား ၁၃၈၀၀၀ ေက်ာ္ေသဆံုးခဲ့ၿပီး ကူးစက္ခံရသူဦးေရျမင့္တက္လာျခင္း ႏွင့္ ျပည္နယ္မ်ားတြင္ ေဆး႐ံုတက္ရသူျမင့္တက္လာျခင္းတို႔ေၾကာင့္ ေသဆံုးသူပိုမ်ားလာႏိုင္ေၾကာင္း ကၽြမ္းက်င္ သူမ်ားက သတိေပးထားသည္။

တကၠဆက္ႏွင့္အရီဇိုးနားျပည္နယ္တို႔မွအဆိုးဆံုးဒဏ္ခံရသည့္ေနရာမ်ားတြင္ အေလာင္းမ်ားထားရန္ ေနရာကုန္ ဆံုးေနၿပီး ေရခဲေသတၱာႀကီးမ်ားႏွင့္ အေအးခန္းမ်ားတြင္ ထားေနရသည္။

ဧၿပီတြင္ အေမရိကန္၌ေသဆံုးသူအျမင့္ဆံုးေရာက္ခဲ့ၿပီး တစ္ေန႔လွ်င္ ပ်မ္းမွ် ၂၀၀၀ နီးပါး႐ွိခဲ့သည္။

အကယ္၍ အေမရိကန္ႏိုင္ငံသားမ်ားက ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈဟန္႔တားေရးအတြက္လိုအပ္သည့္အဆင့္မ်ားကို လိုက္ နာျခင္းမ႐ွိပါက ကူးစက္ခံရသူ တစ္ေန႔လွ်င္ ၁ သိန္းခန္႔႐ွိလာႏိုင္သည္ဟု အေမရိကန္အစိုးရ၏ ကူးစက္ေရာဂါ ဆိုင္ရာထိပ္တန္းကၽြမ္းက်င္သူေဒါက္တာ အန္တိုနီ ေဖာက္ခ်ီက သတိေပးသည္။
ဂၽြန္ေဟာ့ကင္းတကၠသိုလ္၏မွတ္တမ္းမ်ားအရ အေမရိကန္ျပည္ေထာင္စုတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၃.၅၇ သန္း႐ွိေနသည္။

Ref : US coronavirus cases shatter records and rise by 77,000 in single day

#PeopleMedia

(unicode)
ကူးစက်ခံရသူ ၇၇၀၀၀ ကျော်ထပ်တိုးပြီး အမေရိကန်တွင် တစ်နေ့တာ ကူးစက်မှုစံချိန်တင်
………………………………………………………

နယူးယောက်၊ ဇူလိုင် ၁၇

ကြာသပတေးနေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူစံချိန်တင်မြင့်တက်ခဲ့ပြီး တစ် ရက်အတွင်း ကူးစက်ခံရသူ ၇၇၀၀၀ ယောက်ရှိခဲ့သည့်အပြင် သေဆုံးသူ ၁၀၀၀ နီးပါးမြင့်တက်ခဲ့သည်။

ဖလော်ရီဒါ၊ တောင်ကာရိုလိုင်းနားနှင့် တက္ကဆက်ပြည်နယ်တို့တွင် တစ်နေ့တာအတွင်း ကူးစက်ခံရသူစံချိန် တင်ခဲ့သည့်အပြင် သေဆုံးသူ ၉၆၉ ယောက်ရှိခဲ့ပြီး ဇွန် ၁၀ ရက်နောက်ပိုင်း တစ်နေ့တာ သေဆုံးမှု အများ ဆုံးဖြစ်ခဲ့သည်။

COVID-19 ကြောင့် အမေရိကန်နိုင်ငံသား ၁၃၈၀၀၀ ကျော်သေဆုံးခဲ့ပြီး ကူးစက်ခံရသူဦးရေမြင့်တက်လာခြင်း နှင့် ပြည်နယ်များတွင် ဆေးရုံတက်ရသူမြင့်တက်လာခြင်းတို့ကြောင့် သေဆုံးသူပိုများလာနိုင်ကြောင်း ကျွမ်းကျင် သူများက သတိပေးထားသည်။

တက္ကဆက်နှင့်အရီဇိုးနားပြည်နယ်တို့မှအဆိုးဆုံးဒဏ်ခံရသည့်နေရာများတွင် အလောင်းများထားရန် နေရာကုန် ဆုံးနေပြီး ရေခဲသေတ္တာကြီးများနှင့် အအေးခန်းများတွင် ထားနေရသည်။

ဧပြီတွင် အမေရိကန်၌သေဆုံးသူအမြင့်ဆုံးရောက်ခဲ့ပြီး တစ်နေ့လျှင် ပျမ်းမျှ ၂၀၀၀ နီးပါးရှိခဲ့သည်။

အကယ်၍ အမေရိကန်နိုင်ငံသားများက ဗိုင်းရပ်စ်ပျံ့နှံ့မှုဟန့်တားရေးအတွက်လိုအပ်သည့်အဆင့်များကို လိုက် နာခြင်းမရှိပါက ကူးစက်ခံရသူ တစ်နေ့လျှင် ၁ သိန်းခန့်ရှိလာနိုင်သည်ဟု အမေရိကန်အစိုးရ၏ ကူးစက်ရောဂါ ဆိုင်ရာထိပ်တန်းကျွမ်းကျင်သူဒေါက်တာ အန်တိုနီ ဖောက်ချီက သတိပေးသည်။
ဂျွန်ဟော့ကင်းတက္ကသိုလ်၏မှတ်တမ်းများအရ အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃.၅၇ သန်းရှိနေသည်။

Ref : US coronavirus cases shatter records and rise by 77,000 in single day

#PeopleMedia


Share this post