• Follow Us on

Home ေရာဂါမျပင္းထန္သည့္ COVID-19 လူနာမ်ားကို ကုသရာတြင္ ငွက္ ဖ်ားေရာဂါကုသေဆးအက်ိဳးသက္ေရာက္မႈ မ႐ွိဟုဆို

ေရာဂါမျပင္းထန္သည့္ COVID-19 လူနာမ်ားကို ကုသရာတြင္ ငွက္ ဖ်ားေရာဂါကုသေဆးအက်ိဳးသက္ေရာက္မႈ မ႐ွိဟုဆို

Share this post

နယူးေယာက္၊ ဇူလိုင္ ၁၇

ကို႐ိုနာဗိုင္းရပ္စ္ကိုကုသရာတြင္အသံုးျပဳေနသည့္ ငွက္ဖ်ားေရာဂါေဆး ဟိုက္ဒေရာက္ဆီကလို႐ိုကြင္း Hydroxy chloroquine သည္ COVID-19 ေရာဂါမျပင္းထန္သည့္လူနာမ်ားတြင္ ေဆးမတိုးေၾကာင္း မင္နီဆိုးတားတကၠ သိုလ္မွ သုေတသီမ်ား၏ ေလ့လာခ်က္တြင္ ေတြ႕႐ွိသည္။

ထိုေဆးေပးၿပီးကုသသည့္လူနာ ၂၄ ရာခိုင္ႏႈန္းတြင္ ၁၄ ရက္ၾကာေသာအခါ ေရာဂါလကၡဏာမ်ားေတြ႕ေနရၿပီး ေနာက္ထပ္အာနိသင္မ႐ွိသည့္အစားထိုးေဆးတစ္မ်ိဳးေပးသည့္လူနာအုပ္စုတြင္ အၾကမ္းဖ်င္း ၃၀ ရာခိုင္ႏႈန္း၌ ၁၄ ရက္ၾကာေသာအခါ လကၡဏာမ်ားေတြ႕ေနရသည္။

စာရင္းအင္းသေဘာအရ ကြာျခားခ်က္မသိသာေၾကာင္း သုေတသီမ်ားကေျပာသည္။ က်ပန္းျပဳလုပ္ခဲ့ၿပီး အစား ထိုးေဆးျဖင့္ထိန္းခ်ဳပ္ထားသည့္ေလ့လာမႈကို ေဆး႐ံုတက္ကုသျခင္းမျပဳရသည့္လူနာ ၄၉၁ ေယာက္တြင္ ျပဳ လုပ္ခဲ့ၿပီး အေမရိကန္ျပည္ေထာင္စုတြင္ ေရာဂါစစ္ေဆးႏိုင္မႈ႐ွားပါးျပတ္လပ္ေနသျဖင့္ ပါ၀င္စမ္းသပ္ခဲ့သည့္ လူနာ ၅၈ ရာခိုင္ႏႈန္းကိုသာ ေရာဂါ႐ွိ၊ မ႐ွိစစ္ေဆးႏိုင္ခဲ့သည္။

မတ္လတြင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဟိုက္ဒေရာက္ဆီကလို႐ိုကြင္းအသံုးျပဳၿပီး COVID-19 ကုသ မႈကို ႏႈတ္အားျဖင့္ေထာက္ခံခဲ့ၿပီးေနာက္ ဆယ္စုႏွစ္ခ်ီသက္တမ္း႐ွိေနသည့္ထိုေဆးအေပၚ ေမွ်ာ္လင့္ခ်က္မ်ား ႐ွိခဲ့သည္။

သို႔ေသာ္ အစားထိုးအာနိသင္မဲ့ေဆးမ်ားထိန္းခ်ဳပ္သည့္ ေလ့လာမႈအမ်ားအျပားတြင္ ဟိုက္ဒေရာက္ဆီကလို ႐ိုကြင္းသည္ COVID-19 ကုသရန္(သို႔မဟုတ္)ကာကြယ္ရန္ ေဆးမတိုးေၾကာင္းေတြ႕ရသည္။

Ref : Hydroxychloroquine ineffective against mild COVID-19, study shows

#PeopleMedia

(unicode)
ရောဂါမပြင်းထန်သည့် COVID-19 လူနာများကို ကုသရာတွင် ငှက် ဖျားရောဂါကုသဆေးအကျိုးသက်ရောက်မှု မရှိဟုဆို
…………………………………………………………

နယူးယောက်၊ ဇူလိုင် ၁၇

ကိုရိုနာဗိုင်းရပ်စ်ကိုကုသရာတွင်အသုံးပြုနေသည့် ငှက်ဖျားရောဂါဆေး ဟိုက်ဒရောက်ဆီကလိုရိုကွင်း Hydroxy chloroquine သည် COVID-19 ရောဂါမပြင်းထန်သည့်လူနာများတွင် ဆေးမတိုးကြောင်း မင်နီဆိုးတားတက္က သိုလ်မှ သုတေသီများ၏ လေ့လာချက်တွင် တွေ့ရှိသည်။

ထိုဆေးပေးပြီးကုသသည့်လူနာ ၂၄ ရာခိုင်နှုန်းတွင် ၁၄ ရက်ကြာသောအခါ ရောဂါလက္ခဏာများတွေ့နေရပြီး နောက်ထပ်အာနိသင်မရှိသည့်အစားထိုးဆေးတစ်မျိုးပေးသည့်လူနာအုပ်စုတွင် အကြမ်းဖျင်း ၃၀ ရာခိုင်နှုန်း၌ ၁၄ ရက်ကြာသောအခါ လက္ခဏာများတွေ့နေရသည်။

စာရင်းအင်းသဘောအရ ကွာခြားချက်မသိသာကြောင်း သုတေသီများကပြောသည်။ ကျပန်းပြုလုပ်ခဲ့ပြီး အစား ထိုးဆေးဖြင့်ထိန်းချုပ်ထားသည့်လေ့လာမှုကို ဆေးရုံတက်ကုသခြင်းမပြုရသည့်လူနာ ၄၉၁ ယောက်တွင် ပြု လုပ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ရောဂါစစ်ဆေးနိုင်မှုရှားပါးပြတ်လပ်နေသဖြင့် ပါဝင်စမ်းသပ်ခဲ့သည့် လူနာ ၅၈ ရာခိုင်နှုန်းကိုသာ ရောဂါရှိ၊ မရှိစစ်ဆေးနိုင်ခဲ့သည်။

မတ်လတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဟိုက်ဒရောက်ဆီကလိုရိုကွင်းအသုံးပြုပြီး COVID-19 ကုသ မှုကို နှုတ်အားဖြင့်ထောက်ခံခဲ့ပြီးနောက် ဆယ်စုနှစ်ချီသက်တမ်းရှိနေသည့်ထိုဆေးအပေါ် မျှော်လင့်ချက်များ ရှိခဲ့သည်။

သို့သော် အစားထိုးအာနိသင်မဲ့ဆေးများထိန်းချုပ်သည့် လေ့လာမှုအများအပြားတွင် ဟိုက်ဒရောက်ဆီကလို ရိုကွင်းသည် COVID-19 ကုသရန်(သို့မဟုတ်)ကာကွယ်ရန် ဆေးမတိုးကြောင်းတွေ့ရသည်။

Ref : Hydroxychloroquine ineffective against mild COVID-19, study shows

#PeopleMedia


Share this post