• Follow Us on

Home ကလေးမြို့မှ ဆေးကုသပြီး ပြန်ကြွလာသည့် ဖလမ်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌဆရာတော်နှင့် လူငယ် သင်တန်းကျောင်းမှ ဒု-ဦးစီးမှူးတို့ ပျောက်ဆုံးနေ

ကလေးမြို့မှ ဆေးကုသပြီး ပြန်ကြွလာသည့် ဖလမ်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌဆရာတော်နှင့် လူငယ် သင်တန်းကျောင်းမှ ဒု-ဦးစီးမှူးတို့ ပျောက်ဆုံးနေ

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ဆေးကုသပြီး ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ပြန်လည်ကြွချီတော်မူလာ သည့် ဖလမ်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ လုံပီးသာသနရက္ခိတာ ပရိယတ္တိသာသနာပြုစာသင်တိုက် ဆရာ တော် ဘဒ္ဒန္တဉာဏိကနှင့် သွားရောက်ပင့်ဆောင်သည့် လူငယ်သင်တန်းကျောင်းမှ ဒုတိယဦးစီးမှူးတို့ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

 

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ လုံပီးသာသနရက္ခိတာ ပရိယတ္တိသာသနာပြုစာသင်တိုက် ကျောင်းထိုင်ဆရာတော်၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဖြစ်သည့် ဆရာတော် ဘဒ္ဒန္တဉာဏိကသည် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက လေ ငန်းရောဂါဝေဒနာခံစားနေရသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ခုံသားကျေးရွာဘုန်းကြီးကျောင်းသို့ ကြွရောက်သီတင်းသုံးကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆေးကုသမှုခံယူလျက်ရှိရာမှာ ဆရာတော်၏ ကျန်းမာရေးသက်သာလာသဖြင့် ဖလမ်းမြို့ရှိ စာသင် တိုက်သို့ ပြန်လည်ကြွရောက်ရန် ဆရာတော်သည် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဒုဦးစီးမှူး ဦးချစ်စန်းမောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် ပြန်လည်ကြွချီလာခဲ့ရာ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်ထိ ဖလမ်းမြို့ရှိ စာသင်တိုက်သို့ ရောက်ရှိလာခြင်းမရှိသည့်အပြင် အဆက်အသွယ်ပြတ်တောက်လျက်ရှိ ကြောင်း သိရသည်။

 

သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာတာဝန်ရှိသူများနှင့် ချိတ်ဆက်စုံစမ်းရှာဖွေလျက်ရှိပြီး၊ ပြည်သူများ အနေဖြင့်လည်း ဆရာတော်၏ သတင်းရရှိပါက နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ သတင်းပေးပို့ကြရန် မေတ္တာ ရပ်ခံထားသည်။

 

#PeopleMedia #ဖလမ်းမြို့

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post