• Follow Us on

Home ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာရှိ စိန်စေတီ၊ မြစေတီတွင် မီးပူဇော်ထားသော မီးကြိုးများ ဖြုတ်အခိုးခံရ

ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာရှိ စိန်စေတီ၊ မြစေတီတွင် မီးပူဇော်ထားသော မီးကြိုးများ ဖြုတ်အခိုးခံရ

Share this post

နေပြည်တော်၊ ဇူလိုင် ၂၂ (People Media)

 

ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာရှိ စိန်စေတီ၊ မြစေတီတွင် မီးပူဇော်ထားသော မီးကြိုးများကို ယမန့်နေ့ည က ဖြုတ်ယူအခိုးခံရတယ်လို့ သိရပါတယ်။

 

“အင်း အဲ့လိုဖြစ်တာကတော့ ကြားပါတယ်။ ဒါပေမယ့် အဲ့ဒီက ဘုန်းကြီးကျောင်းကိုတော့ ကျွန်တော်တို့ သွား မကြည့်ရသေးဘူး ဒါမျိုးဖြစ်စဉ်တွေကလည်း ကျိုက်ထိုမှာက ခဏခဏ ဖြစ်လာတယ်” ဟု ကျိုက်ထိုမြို့ ဒေသခံ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

 

ယခုရက်ပိုင်းအတွင်း ကျိုက်ထိုမြို့ ကျေးရွာများတွင် မီးပူဇော်ထားသော ဘက်ထရီအိုးများလည်း ဖြုတ်၍ အခိုးခံ ရမှုများရှိကြောင်းလည်း သိရပါတယ်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ကျိုက်ထိုမြို့တွင် ရွှေအပါအဝင် ဆိုင်ကယ်များကို လူငယ် ၆ ဦးက  လုယက်မှုဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူများ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဖမ်းဆီးရမိ ထားတယ်လို့ သိရပါတယ်။

 

#PeopleMedia #ကျိုက်ထို

 

(unicode)


……………………………………………..

 


 


 


 


 


 



Share this post