• Follow Us on

Home အသားတိုးကြက် မွေးမြူခဲ့သည့် ကြက်ခြံ၌ Q စင်တာ ထားရှိရန် ချောက်မြို့နယ် ထွေ/အုပ်နှင့်အဖွဲ့ ပြင်ဆင်နေ

အသားတိုးကြက် မွေးမြူခဲ့သည့် ကြက်ခြံ၌ Q စင်တာ ထားရှိရန် ချောက်မြို့နယ် ထွေ/အုပ်နှင့်အဖွဲ့ ပြင်ဆင်နေ

Share this post

ရန်ကုန်၊ ဇူလိုင် – ၂၂ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ မိုလာကျေးရွာရှိ အသားတိုးကြက် မွေးမြူခဲ့သည့် ကြက်ခြံ၌ Q စင်တာ ထားရှိရန် ကွင်းဆင်းကြည့်ခဲ့ကြောင်း ဇူလိုင်(၂၀)ရက်နေ့၌ ချောက်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန Page မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ထိုကဲ့သို့ အသားတိုးကြက် မွေးမြူခဲ့သည့် ကြက်ခြံအဟောင်းကို Q စင်တာ ထားရှိမည့်အပေါ် အများပြည်သူများ က မှတ်ချက်ပြုဝေဖန်မှုများ ပြုလုပ်နေကြပါတယ်။

 

အဆိုပါ အသားတိုးကြက်ခြံ၌ Q စတင်တာ ထားရှိရန် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များအပါအဝင် မြို့နယ်ထွေအုပ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ချောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန Page က ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

 

#PeopleMedia #ချောက်မြို့

 

(unicode)


…………………………………………………….

 


 


 


 


 



Share this post