• Follow Us on

Home ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုကူညီရေးအသင်းများအနေဖြင့် တရားမဝင်မော်တော်ယာဉ်အသုံးမပြုရန် တိုင်း အစိုးရ ညွှန်ကြား၊ တိုင်းအစိုရ၏ ညွှန်ကြားချက်ကြောင့် လူမှုကူညီရေးလုပ်ငန်း လည်ပတ်မှု ထိခိုက်နိုင်

ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုကူညီရေးအသင်းများအနေဖြင့် တရားမဝင်မော်တော်ယာဉ်အသုံးမပြုရန် တိုင်း အစိုးရ ညွှန်ကြား၊ တိုင်းအစိုရ၏ ညွှန်ကြားချက်ကြောင့် လူမှုကူညီရေးလုပ်ငန်း လည်ပတ်မှု ထိခိုက်နိုင်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂၂ (People Media)

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းများအနေဖြင့် တရားမဝင်မော်တော်ယာဉ်များ ဆက်လက်အသုံးမပြုရန် တိုင်းအစိုးရက သက်ဆိုင်ရာဌာနတာဝန်ရှိသူများထံ ညွှန်ကြားထားသည်။

 

ထိုကဲ့သို့ တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားချက်အပေါ် အုပ်ချုပ်ရေးတာဝန်ရှိသူများက လူမှုရေးအသင်းအဖွဲ့များကို ခေါ်ယူတွေ့ဆုံပြီး တိုင်းအစိုးရ၏ ညွှန်ကြားချက်ကို ရှင်းလင်းပြောကြားထားပြီးဖြစ်ကြောင်း သိရသည်။

 

အထက်ပါကဲ့သို့ လူမှုကူညီရေးအသင်းများကို ခေါ်ယူတွေ့ဆုံရာတွင် လူမှုကူညီရေးအသင်းများအနေဖြင့် တရားဝင်မှတ်ပုံတင်ရန်၊ ငွေကြေးစီးဆင်းမှုစနစ်တကျထားရှိရန်နှင့် တရားမဝင်မော်တော်ယာဉ်များကို မသုံးစွဲ ရေးစသည့်အချက်များကို အုပ်ချုပ်ရေးအဖွဲ့များက ပြောဆိုခဲ့သည်။

 

လိုင်စင်မဲ့ယာဉ်များ အသုံးပြုမှုနှင့် ပတ်သက်ပြီး People Media က လူမှုကူညီရေးအဖွဲ့တစ်ခုထံ မေးမြန်းရာ “လိုင်စင်နဲ့ မဝယ်နိုင်တော့ တရားမဝင်ယာဉ်အနေနဲ့ သုံးစွဲပြီးတော့ ကူညီနေရတာတော့ ရှိတယ်။ ဒီလိုမျိုး အကြောင်းကြားတဲ့အခါကျတော့ ကျွန်တော်တို့မှာလည်း အခက်အခဲတွေက ရှိလာတယ်။ အားလုံးအဆင်မ ပြေတဲ့အချိန်မှာ ဒီလိုလုပ်တဲ့အခါကျတော့ ပိုပြီးတော့ ခက်ခဲတာပေါ့ဗျာ” လို့ ပြောပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေးအသင်းအများစုသည် လိုင်စင်မဲ့ယာဉ်များ အသုံးပြု၍ လူမှု ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်နေရပါတယ်။

 

“ဥပမာ ယာဉ်မတော်တဆမှုတွေ ရပ်ကွက်ထဲမှာ အရေးပေါ်ကိစ္စတွေ ပြီးတော့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အစိုးရက ဖြည့်ပေးမှာလား။ လိုင်စင်မဲ့ယာဉ်မို့ အခုက မကူညီနိုင်ဘဲ ထိုင်ကြည့်နေရတော့မယ်” လို့ လူမှုကူညီ ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အထက်ပါကဲ့သို့ လူမှုကူညီရေးအသင်းများကို တရားဝင်မှတ်ပုံတင်ရန်နှင့် ငွေစာရင်းများကို ထားရှိရန် တရား မဝင်မော်တော်ယာဉ်များကို ဆက်လက်အသုံးမပြုရန် ခေါ်ယူသတိပေးမှုပြုလုပ်ခြင်းသည် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းတွင်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ခေါ်ယူသတိပေးမှုပြုလုပ်ခြင်းမရှိကြောင်း လူမှုကူညီရေးအသင်းများထံက သိရပါတယ်။

 

Photo – Credit

 

#PeopleMedia #လူမှုကူညီရေးအသင်း #ရန်ကုန်တိုင်း

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 


 

Photo – Credit

 



Share this post