• Follow Us on

Home ခင်ဦးမြို့နယ်၌ ဆိုင်ကယ်ဖြင့် ဈေးလိုက်လံရောင်းချသည့် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရ

ခင်ဦးမြို့နယ်၌ ဆိုင်ကယ်ဖြင့် ဈေးလိုက်လံရောင်းချသည့် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ ဆိုင်ကယ်ဖြင့် ဈေးလိုက်လံရောင်းချသည့် အမျိုးသမီးတစ်ဦးသည် ဇန်နဝါရီ ၂၂ ရက်နေ့၌ အမည်မသိ လက်နက်ကိုင် လူတစ်စုက လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

ခင်ဦးမြို့နယ်နေ ဒေါ်ခင်မျိုးရီသည် ဈေးရောင်းချရန် နေအိမ်မှထွက်ခွာလာပြီးနောက် ခင်ဦး-ပင်ပေါင်း သွား ကားလမ်းအရောက်၌ လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်သည်။

 

“အသတ်ခံရတဲ့အမျိုးသမီးက ခင်ဦး-ပင်ပေါင်း ကားလမ်းက ရွာတချို့မှာ ဟင်းသီးဟင်းရွက်နဲ့ အသားငါး တချို့ကို ဆိုင်ကယ်နဲ့ လိုက်ရောင်းတာ။ လမ်းခရီးမှာ အသတ်ခံရတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ်များ၌ ဈေးလိုက်လံရောင်းချသည့် အမျိုးသားအချို့နှင့် အမျိုးသမီးအချို့ လုပ်ကြံသတ်ဖြတ်ခံရ၍ သေ ဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia #ခင်ဦးမြို့

 

(unicode)


……………………………………………………..

 


 


 


 


 


 



Share this post