• Follow Us on

Home PDF အဖွဲ့မှ ဒေသခံအမျိုးသမီးတစ်ဦးကို တူမီးနှင့် ပစ်သတ်ပြီးနောက် နားရွက်ကိုဖြတ်ပြီး အလောင်းကို ရေထဲ ပစ်ချခဲ့တယ်လို့ ထုတ်ပြန်

PDF အဖွဲ့မှ ဒေသခံအမျိုးသမီးတစ်ဦးကို တူမီးနှင့် ပစ်သတ်ပြီးနောက် နားရွက်ကိုဖြတ်ပြီး အလောင်းကို ရေထဲ ပစ်ချခဲ့တယ်လို့ ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃ (People Media)

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်အရှေ့ရွာဘုရားလမ်း၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးကို  တူမီးနှင့် ပစ်သတ်ခဲ့ပြီးနောက် နားရွက်ကို ဖြတ်၍ အလောင်းအား ချင်းတွင်းမြစ်အတွင်းသို့ ပြစ်ချခဲ့တယ်လို့ နှလုံးလှလူ မိုက်ကြီးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

 

အဆိုပါ အမျိုးသမီးသည် ကျောက်ရစ်မြို့ တိုက်ပွဲအခြေအနေများကို လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ပေးပို့ခဲ့ခြင်း ကြောင့် သတ်ဖြတ်ခဲ့တယ်လို့ အထက်ပါ PDF အဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

 

လက်ရှိအချိန်၌ အဆိုပါအဖွဲ့သည် စစ်ကိုင်းတိုင်းရှိ မြို့နယ်များ၌ အုပ်ချုပ်ရေးမှူးများကို သတ်ဖြတ်ခြင်း၊ တပ် မတော်ထောက်ခံသူဟု ယူဆရသူများကို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။

 

#PeopleMedia #နှလုဲးသားလူမိုက်ကြီးများအဖွဲ့

 

(unicode)


………………………………………………………………………

 


 


 


 


 



Share this post