• Follow Us on

Home ခရမ်းမြို့နယ်၌ စသုံးလုံး ဝန်ထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး တပ်ဆေးရုံသို့ ပို့ဆောင်ထား၊ လုပ်ကြံခံရသူ၏ သားသမီးများသည် NLD ပါတီအောင်နိုင်ရေးအတွက် တက်ကြွစွာပါဝင်ခဲ့သူများဖြစ်နေ

ခရမ်းမြို့နယ်၌ စသုံးလုံး ဝန်ထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး တပ်ဆေးရုံသို့ ပို့ဆောင်ထား၊ လုပ်ကြံခံရသူ၏ သားသမီးများသည် NLD ပါတီအောင်နိုင်ရေးအတွက် တက်ကြွစွာပါဝင်ခဲ့သူများဖြစ်နေ

Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၃ (People Media)

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ နေထိုင်သည့် စသုံးလုံး ဝန်ထမ်းဟောင်းတစ်ဦး သည် ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်ခန့်က သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပါတယ်။

 

“သေနတ်နဲ့ ၂ ချက်အပစ်ခံရတာ။ အပစ်ခံရတဲ့နေရာက သူ့ရဲ့ အိမ်နဲ့နီးပါတယ်။ အခု တပ်ဆေးရုံကို ပို့ဆောင် ထားပါတယ်” လို့ ခရမ်းဒေသခံတစ်ဦးက People Media ကို ပြောပါတယ်။

 

သေနတ်ဖြင့် လုပ်ကြံခံရသူ ဦးမျိုးနိုင်သည် စသုံးလုံး၌ တာဝန်ဆောင်ခဲ့သူတစ်ဦးဖြစ်သလို ၎င်း၏ သားသမီးများ သည် ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ NLD အောင်နိုင်ရေးလှုပ်ရှားမှု၌ တက်ကြွစွာပါဝင်ခဲ့သူများဖြစ်တယ်လို့ ဒေသခံ အချို့က ပြောပါတယ်။

 

လက်ရှိအချိန်၌ ခရမ်းမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် တာဝန်မှ အားလုံးနုတ်ထွက်ခဲ့ပြီးလည်း ဖြစ်ပါ တယ်။

 

Photo – ခရမ်းချန်နယ်

 

#PeopleMedia #ခရမ်း

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 



Share this post