• Follow Us on

Home ခါဆန်မြို့ကျသွားပြီဖြစ်ကြောင်း မြို့တော်ဝန်ပြော

ခါဆန်မြို့ကျသွားပြီဖြစ်ကြောင်း မြို့တော်ဝန်ပြော

Share this post

နိုင်ငံတကာ၊ မတ် ၃

 

ယူကရိန်းနိုင်ငံတောင်ပိုင်းမြို့ဖြစ်တဲ့ ခါဆန်မြို့မှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေမရှိတော့ဘဲ ဒေသခံတွေဟာ မြို့ကို ရောက်ရှိလာတဲ့ရုရှားတပ်တွေရဲ့အမိန့်အတိုင်းဆောင်ရွက်နေရပြီး ခါဆန်မြို့ဟာလည်း ရုရှားတပ်တွေထိန်းချုပ် မှုအောက်ကိုကျရောက်သွားပြီဖြစ်ကြောင်း ခါဆန်မြို့တော်ဝန်အီဟာကိုလီခါယိဗ်ကပြောပါတယ်။

 

ခါဆန်မြို့ကို ရုရှားတပ်တွေလေးငါးရက်ဝိုင်းထားပြီးတဲ့နောက် အခုလို မြို့တော်ဝန်ဆီကကြေညာချက်ကို လူမှု ကွန်ရက်ပေါ်မှာတွေ့ရတာဖြစ်ပါတယ်။ လူဦးရေ ၃၀၀,၀၀၀ နီးပါးရှိတဲ့ ခါဆန်မြို့ဟာ မဟာဗျူဟာအရအရေးပါတဲ့မြို့တစ်မြို့ဖြစ်ပြီး ပင်လယ်နက်ဘက် ကို ဝင်ပေါက်တစ်ခုလည်းဖြစ်ပါတယ်။

 

ခါဆန်မြို့ကို ရုရှားတပ်တွေက သိမ်းပိုက်လိုက်ပြီဆိုတာက ခါဆန်မြို့ တော်ဝန်က မတ်လ ၂ ရက်နေ့က ငြင်းဆိုလိုက်ပြီး ယူကရိန်းတပ်ဖွဲ့ဝင်တွေက ခုခံတိုက်ခိုက်နေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

 

ဒါပေမဲ့ ဒီကနေ့ လူမှုကွန်ရက်ပေါ်မှာတင်လိုက်တဲ့ပို့စ်အရ ခါဆန်မြို့ကနေ ယူကရိန်းတပ်ဖွဲ့ဝင် တွေထွက်ခွာသွားပြီဖြစ်ကြောင်းသိရပါတယ်။

 

မြိ့တော်ကိုတိုက်ခိုက်နေတဲ့တပ်မှူးအပါအဝင် လက်နက်ကိုင်ဆောင်ထားတဲ့ရုရှားအရာရှိ ၁၀ ယောက်လောက် ဟာ ခါဆန်မြို့တော်ခန်းမကို မတ်လ ၂ ရက်နေ့က ဝင်ရောက်လာခဲ့တယ်လို့ မြို့တော်ဝန်က New York Times သတင်းစာကိုပြောပါတယ်။

 

ခါဆန်မြို့မှာလည်း ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ဒေသနှစ်ခုမှာ ဖွဲ့စည်းထားသလို အုပ်ချုပ်ရေးအဖွဲ့သစ်တစ်ခု ဖွဲ့စည်းသွားဖို့ စီစဉ်နေတယ်လို့ ရုရှားအရာရှိတွေက သူ့ကိုပြောကြောင်း မြို့တော်ဝန်ကပြောပါတယ်။

 

တကယ်လို့ ခါဆန်မြို့က ရုရှားတွေရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီဆိုရင် ဒီမြို့ဟာ ရုရှားတပ်တွေရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားတဲ့ပထမဦးဆုံးမြို့ဖြစ်တဲ့အတွက် ဒီအဖြစ်အပျက်ဟာ ရုရှား-ယူကရိန်း ပဋိပက္ခထဲမှာ အရေးကြီးတဲ့အဖြစ် အပျက်ဖြစ်ပါတယ်။

 

မတ်လ ၂ ရက်နေ့ ညနေပိုင်းမှာ ခါဆန်မြို့ရဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဟန်နာဒီလာဟူတာက ကြေ ညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ကြေညာချက်ထဲမှာ “လက်ရှိ အိမ်မှာမရှိတဲ့သူတေါရော အပြင်ကိုထွက် သွားကြမယ့်သူတွေကိုရော အပြင်ကိုထွက်မသွားကြပါနဲ့လို့ သတိပေးချင်ပါတယ်။ ကျူးကျော်လာတဲ့သူတွေဟာ မြို့တွင်း/ မြို့ပြင် နေရာအနှံ့အပြားမှာရောက်နေပြီး အလွန်အန္တရာယ်ကြီးမားတဲ့အတွက် မိမိနေရာမှာပဲနေကြဖို့ သတိပေးချင်ပါတယ်။” လို့ ပါရှိပါတယ်။

 

Ref: Kherson mayor indicates the city has fallen

 

#PeopleMedia

 

(unicode)


………………………………..

 


 


 


 


 


 


 


 


 


 

Ref: Kherson mayor indicates the city has fallen

 

#PeopleMedia


Share this post