• Follow Us on

Home ချမ်းမြသာစည်မြို့နယ်ရှိ စားသောက်ဆိုင်၌ ဗုံးပေါက်ကွဲရာ ကျား ၃ ဦး မ ၂ ဦး ဒဏ်ရာရရှိသည့်အနက် ကျား ၁ ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိ

ချမ်းမြသာစည်မြို့နယ်ရှိ စားသောက်ဆိုင်၌ ဗုံးပေါက်ကွဲရာ ကျား ၃ ဦး မ ၂ ဦး ဒဏ်ရာရရှိသည့်အနက် ကျား ၁ ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိ

Share this post

မန္တလေး၊ အောက်တိုဘာ ၃၀ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်းရှိ Lake View စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကန်တော်ကြီးပတ်လမ်းရှိ Lake View စားသောက်ဆိုင်တွင် ချိန်ကိုက်ဗုံးဟု ယူဆရသည့် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ကျား ၃ ဦး၊ မ ၂ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည့်အနက် ကျား ၁ ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရှိရသည်။

 

အဆိုပါပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို လူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

 

အလားတူ အောက်တိုဘာ ၂၇ ရက်နေ့တွင်လည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သိပ္ပံလမ်းပေါ်ရှိ ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)တိုင်းဒေသကြီး ဦးစီးမှူးရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ဆိုင်ကယ်များမီးလောင်ခဲ့ပြီး လူများထိခိုက်မှုရှိခဲ့သည်။

 

#PeopleMedia #မန္တလေး #ပေါက်ကွဲမှု

 

(unicode)


………………………………………………………………

 

မန်တလေး၊ အောကျတိုဘာ ၃၀ (People Media)

 


 


 


 


 

#PeopleMedia #မန်တလေး #ပေါကျကှဲမှု


Share this post