• Follow Us on

Home ချီဖွေမြို့နယ်အတွင်း မဲရုံမထားနိုင်သည့် ကျေးရွာအုပ်စု ကိုးအုပ်စုရှိ


Share this post


ချမ်းမြူး
#PeopleMedia #EPN #ချီဖွေမြို့

(unicode)

ချီဖွေမြို့နယ်အတွင်း မဲရုံမထားနိုင်သည့် ကျေးရွာအုပ်စု ကိုးအုပ်စုရှိ
မြစ်ကြီးနား၊ စက်တင်ဘာလ ၂၄
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း မဲရုံမထားရှိနိုင်သည့် ကျေးရွာ အုပ်စုပေါင်း (၉)အုပ်စုရှိကြောင်း ချီဖွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ချီဖွေမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)အတွင်းမှကျေးရွာ အုပ်စု (၈)အုပ်စုနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) အတွင်းက ကျေးရွာ အုပ်စု (၁) အုပ်စုရှိပြီး စသည့်ကျေးရွာ အုပ်စု (၉)အုပ်စုတို့တွင် နယ်မြေ လုံခြုံရေးအရ မဲရုံများ ထားရှိနိုင်ခြင်း မရှိကြောင်း ချီဖွေမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇုန်းဘောမ်က ပြောသည်။
“ချီဖွေရဲ့ မေခအနောက်ဘက်ကမ်းမှာ ကျွန်တော်တို့ သွားရောက်ပြီး ဆောင်ရွက်လို့ မရဘူး။ လုံခြုံမှု မရှိဘူးပေါ့။ နောက်တစ်ဖက်က အဖွဲ့စည်းတွေ နေထိုင်တဲ့ဒေသဖြစ်တယ်။ မဲဆန္ဒနယ်အမှတ်(၂)ဘက်မှာလည်း တစ်ဖက်က အဖွဲ့အစည်းတွေ နေထိုင်တယ်။ လုံခြုံမှု မရှိတဲ့အတွက် ကျွန်တော်တို့ သွားရောက်ခြင်း မပြုနိုင်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ချီဖွေမြို့နယ်အတွင်း ပြည်ထဲရေးအ မည်ပေါက် ကျေးရွာအုပ်စုပေါင်း (၄၉)အုပ်စုရှိသော်လည်း ကျေးရွာ အုပ်စု (၄၀) အုပ်စုတွင် မဲရုံပေါင်း ၄၇ ရုံသာ ထားရှိနိုင်ပြီး ကျန်ကျေးရွာ အုပ်စု(၉)အုပ်စုတွင် မူ နယ်မြေလုံခြုံရေးအရ တစ်ရုံမှ ထားရှိနိုင်ခြင်း မရှိကြောင်း ချီဖွေမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ချီဖွေမြို့နယ်အတွင်း မဲပေးနိုင်သည့် လူဦးရေ (၁၁၇၁၇)ဦး ရှိကြောင်း ချီဖွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ချမ်းမြူး

Share this post