• Follow Us on

Home ဂ်ပန္တြင္ စက္႐ုပ္မ်ားျဖင့္ ေရေလွာင္တမံတည္ေဆာက္မည္

ဂ်ပန္တြင္ စက္႐ုပ္မ်ားျဖင့္ ေရေလွာင္တမံတည္ေဆာက္မည္

Share this post

တိုက်ိဳ၊ ဇူလိုင္ ၂၅

ဂ်ပန္ႏိုင္ငံမွအႀကီးဆံုးကုမၸဏီ ၅ ခုထဲတြင္ ပါ၀င္ေသာ အိုဘာယာ႐ွီေကာ္ပိုေရး႐ွင္းက လုပ္ငန္းစဥ္တစ္ခုလံုးနီးပါးကို စက္႐ုပ္မ်ား အသံုးျပဳၿပီး ေရေလွာင္တမံတည္ေဆာက္ေနသည္။ ဂ်ပန္တြင္ လုပ္သားအင္အား႐ွားပါးျခင္းႏွင့္ လုပ္သားအင္အားစုအသက္ အ႐ြယ္ႀကီးလာျခင္းတို႔ေၾကာင့္ စက္႐ုပ္မ်ားအသံုးျပဳကာတည္ေဆာက္ေနျခင္းဟု Nikkei Asian Review သတင္းတြင္ေဖာ္ျပ သည္။

ဂ်ပန္ႏိုင္ငံအေ႐ွ႕ေတာင္ဘက္႐ွိအဓိကကၽြန္းတစ္ခုေပၚမွ မဲအီစီရင္စုတြင္ တမံတည္ေဆာက္မည္ျဖစ္သည္။

၈၄ မီတာျမင့္မည့္အေဆာက္အအံုသည္ ၂၀၂၃ ခုႏွစ္၊ မတ္လတြင္ ၿပီးဆံုးရန္ရည္႐ြယ္ထားသည္။

ေဆာက္လုပ္ေရးလုပ္ငန္းတြင္ စက္႐ံုႏွင့္အလိုအေလ်ာက္နည္းပညာအမ်ိဳးမ်ိဳးကို အိုဘာယာ႐ွီက စမ္းသပ္ေနသည္။

တမံတည္ေဆာက္ျခင္းသည္ ႏွစ္ေပါင္းမ်ားစြာအေတြ႕အၾကံဳမ်ားအေပၚအေျခခံထားသည့္ ဗဟုသုတႏွင့္ ကၽြမ္းက်င္မႈတို႔ လိုအပ္ေသာေၾကာင့္ အိုဘာယာ႐ွီ၏အလိုအေလ်ာက္စနစ္သည္ တမံတည္ေဆာက္ေရးႏွင့္ တျခားလက္ေတြ႕အသံုးခ်မႈလုပ္ ငန္းစဥ္မ်ားတြင္ အေျပာင္းအလဲႀကီးႀကီးမားမားျဖစ္လာႏိုင္သည္။

စက္႐ုပ္မ်ားအသံုးျပဳျခင္းေၾကာင့္ လုပ္ငန္းၾကာျမင့္ခ်ိန္ ၃၀ ရာခိုင္ႏႈန္းခန္႔ပိုမိုသက္သာေၾကာင္း အိုဘာယာ႐ွီမွတမံတည္ေဆာက္ ေရးနည္းပညာအဖြဲ႔ေခါင္းေဆာင္အကီရာ နာအီတိုကေျပာသည္။

ကာဂ်ီမာကုမၸဏီက ၂၄ နာရီအသံုျပဳႏိုင္သည့္ ကိုယ္တိုင္ေမာင္းႏွင္သည့္ေျမတူးစက္မ်ားႏွင့္ အမိႈက္သယ္ကားမ်ားတီထြင္ထားၿပီး တျခားဂ်ပန္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကလည္း အလိုအေလ်ာက္စနစ္မ်ားအသံုးျပဳေနသည္။

ဂ်ပန္ႏိုင္ငံ၏ေဆာက္လုပ္ေရးလုပ္သားမ်ားလ်င္ျမန္စြာ အသက္ႀကီးရင့္ေနၾကၿပီး ၃၅ ရာခိုင္ႏႈန္းမွာ အသက္ ၅၅ ႏွစ္ႏွင့္အထက္ ႐ွိေနသည္ဟု ဂ်ပန္ေဆာက္လုပ္ေရးလုပ္ငန္းအသင္းခ်ဳပ္ထံမွသိရသည္။

Ref : Japan to build dam entirely with robots

#PeopleMedia

(unicode)
ဂျပန်တွင် စက်ရုပ်များဖြင့် ရေလှောင်တမံတည်ဆောက်မည်
……………………………………………

တိုကျို၊ ဇူလိုင် ၂၅

ဂျပန်နိုင်ငံမှအကြီးဆုံးကုမ္ပဏီ ၅ ခုထဲတွင် ပါဝင်သော အိုဘာယာရှီကော်ပိုရေးရှင်းက လုပ်ငန်းစဉ်တစ်ခုလုံးနီးပါးကို စက်ရုပ်များ အသုံးပြုပြီး ရေလှောင်တမံတည်ဆောက်နေသည်။ ဂျပန်တွင် လုပ်သားအင်အားရှားပါးခြင်းနှင့် လုပ်သားအင်အားစုအသက် အရွယ်ကြီးလာခြင်းတို့ကြောင့် စက်ရုပ်များအသုံးပြုကာတည်ဆောက်နေခြင်းဟု Nikkei Asian Review သတင်းတွင်ဖော်ပြ သည်။

ဂျပန်နိုင်ငံအရှေ့တောင်ဘက်ရှိအဓိကကျွန်းတစ်ခုပေါ်မှ မဲအီစီရင်စုတွင် တမံတည်ဆောက်မည်ဖြစ်သည်။

၈၄ မီတာမြင့်မည့်အဆောက်အအုံသည် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပြီးဆုံးရန်ရည်ရွယ်ထားသည်။

ဆောက်လုပ်ရေးလုပ်ငန်းတွင် စက်ရုံနှင့်အလိုအလျောက်နည်းပညာအမျိုးမျိုးကို အိုဘာယာရှီက စမ်းသပ်နေသည်။

တမံတည်ဆောက်ခြင်းသည် နှစ်ပေါင်းများစွာအတွေ့အကြုံများအပေါ်အခြေခံထားသည့် ဗဟုသုတနှင့် ကျွမ်းကျင်မှုတို့ လိုအပ်သောကြောင့် အိုဘာယာရှီ၏အလိုအလျောက်စနစ်သည် တမံတည်ဆောက်ရေးနှင့် တခြားလက်တွေ့အသုံးချမှုလုပ် ငန်းစဉ်များတွင် အပြောင်းအလဲကြီးကြီးမားမားဖြစ်လာနိုင်သည်။

စက်ရုပ်များအသုံးပြုခြင်းကြောင့် လုပ်ငန်းကြာမြင့်ချိန် ၃၀ ရာခိုင်နှုန်းခန့်ပိုမိုသက်သာကြောင်း အိုဘာယာရှီမှတမံတည်ဆောက် ရေးနည်းပညာအဖွဲ့ခေါင်းဆောင်အကီရာ နာအီတိုကပြောသည်။

ကာဂျီမာကုမ္ပဏီက ၂၄ နာရီအသုံပြုနိုင်သည့် ကိုယ်တိုင်မောင်းနှင်သည့်မြေတူးစက်များနှင့် အမှိုက်သယ်ကားများတီထွင်ထားပြီး တခြားဂျပန်ဆောက်လုပ်ရေးလုပ်ငန်းများကလည်း အလိုအလျောက်စနစ်များအသုံးပြုနေသည်။

ဂျပန်နိုင်ငံ၏ဆောက်လုပ်ရေးလုပ်သားများလျင်မြန်စွာ အသက်ကြီးရင့်နေကြပြီး ၃၅ ရာခိုင်နှုန်းမှာ အသက် ၅၅ နှစ်နှင့်အထက် ရှိနေသည်ဟု ဂျပန်ဆောက်လုပ်ရေးလုပ်ငန်းအသင်းချုပ်ထံမှသိရသည်။

Ref : Japan to build dam entirely with robots

#PeopleMedia


Share this post