• Follow Us on

Home ဂ်ပန္နိုင္ငံက တာေဝး သေဘၤာဖ်က္ဒုံးက်ည္မ်ား ထုတ္လုပ္မည္

ဂ်ပန္နိုင္ငံက တာေဝး သေဘၤာဖ်က္ဒုံးက်ည္မ်ား ထုတ္လုပ္မည္

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၉

အေရွ႕တ႐ုတ္ပင္လယ္အတြင္းရွိ အျငင္းပြားကၽြန္းစုမ်ား အပါအဝင္ အေနာက္ေတာင္ပိုင္းရွိ အိုကီနာဝါ ကၽြန္းစုဝန္းက်င္ရွိ စစ္သေဘၤာမ်ားကို ပစ္ခတ္နိုင္မည့္ သေဘၤာဖ်က္ဒုံးက်ည္မ်ား ထုတ္လုပ္မည္ဟု ဂ်ပန္နိုင္ငံက ေျပာၾကားသည္။

“ကၽြန္ေတာ္တို႔ပိုင္ဆိုင္တဲ့ အေနာက္ေတာင္ပိုင္းက ကၽြန္းစုေတြဝန္းက်င္မွာ လုံျခဳံေရးအေျခအေန တင္းမာ လာခဲ့ပါတယ္။ သင့္ေတာ္တဲ့နည္လမ္းနဲ႔ ကၽြန္ေတာ္တို႔ လက္တုံ႔ျပန္မွာျဖစ္ပါတယ္” ဟု ဂ်ပန္ကာကြယ္ေရးဝန္ႀကီး နိုဘူအိုကီရွီက သတင္းစာရွင္းလင္းပြဲတစ္ခု၌ ေျပာၾကားခဲ့သည္။

သေဘၤာဖ်က္ဒုံးက်ည္မ်ားေၾကာင့္ မိမိေရပိုင္နက္အတြင္း ျပည္ပတပ္ဖြဲ႕မ်ား လြတ္လပ္စြာ အသုံးျပဳခြင့္မရွိ ေစေရး ဟန္႔တားရန္ရည္ရြယ္သည့္ ကန္႔သတ္နယ္ေျမတစ္ခုအထိ ဂ်ပန္နိုင္ငံက တိုးခ်ဲ႕ကာကြယ္နိုင္မည္ျဖစ္သည္။

ေျမာက္ကိုရီးယားနိုင္ငံရွိ တိုက္ခ်င္းပစ္ဒုံးက်ည္မ်ားကို ဖ်က္ဆီးနိုင္သည့္ ဒုံးက်ည္မ်ား ဂ်ပန္နိုင္ငံက ဝယ္ ယူၿပီး တ႐ုတ္နိုင္ငံရွိ ပစ္မွတ္မ်ားကို ပစ္ခတ္နိုင္ေသာ ခ႐ုဇ္ဒုံးက်ည္မ်ားကဲ့သို႔ေသာ လက္နက္မ်ားဝယ္ယူရန္ စဥ္း စားေနခ်ိန္တြင္ ယခုဆုံးျဖတ္ခ်က္ ျပဳလုပ္ျခင္းျဖစ္သည္။

ေျမာက္ကိုရီးယားနိုင္ငံကပစ္လႊတ္ေသာ ဒုံးက်ည္မ်ားကို ဖ်က္ခ်နိုင္သည့္ ေအးဂ်ိစ္ဒုံးက်ည္စနစ္ သို႔မ ဟုတ္ စစ္သေဘၤာသစ္ႏွစ္စင္း ဝယ္ယူရန္လည္း စီစဥ္ေနသည္ဟု ဂ်ပန္နိုင္ငံက ေျပာသည္။

ကိုးကား – ရိုက္တာ

Ref; Japan to develop longer-range anti-ship missiles

(unicode)
ဂျပန်နိုင်ငံက တာဝေး သင်္ဘောဖျက်ဒုံးကျည်များ ထုတ်လုပ်မည်
……………………………………….

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉

အရှေ့တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းစုများ အပါအဝင် အနောက်တောင်ပိုင်းရှိ အိုကီနာဝါ ကျွန်းစုဝန်းကျင်ရှိ စစ်သင်္ဘောများကို ပစ်ခတ်နိုင်မည့် သင်္ဘောဖျက်ဒုံးကျည်များ ထုတ်လုပ်မည်ဟု ဂျပန်နိုင်ငံက ပြောကြားသည်။

“ကျွန်တော်တို့ပိုင်ဆိုင်တဲ့ အနောက်တောင်ပိုင်းက ကျွန်းစုတွေဝန်းကျင်မှာ လုံခြုံရေးအခြေအနေ တင်းမာ လာခဲ့ပါတယ်။ သင့်တော်တဲ့နည်လမ်းနဲ့ ကျွန်တော်တို့ လက်တုံ့ပြန်မှာဖြစ်ပါတယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

သင်္ဘောဖျက်ဒုံးကျည်များကြောင့် မိမိရေပိုင်နက်အတွင်း ပြည်ပတပ်ဖွဲ့များ လွတ်လပ်စွာ အသုံးပြုခွင့်မရှိ စေရေး ဟန့်တားရန်ရည်ရွယ်သည့် ကန့်သတ်နယ်မြေတစ်ခုအထိ ဂျပန်နိုင်ငံက တိုးချဲ့ကာကွယ်နိုင်မည်ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံရှိ တိုက်ချင်းပစ်ဒုံးကျည်များကို ဖျက်ဆီးနိုင်သည့် ဒုံးကျည်များ ဂျပန်နိုင်ငံက ဝယ် ယူပြီး တရုတ်နိုင်ငံရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်သော ခရုဇ်ဒုံးကျည်များကဲ့သို့သော လက်နက်များဝယ်ယူရန် စဉ်း စားနေချိန်တွင် ယခုဆုံးဖြတ်ချက် ပြုလုပ်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံကပစ်လွှတ်သော ဒုံးကျည်များကို ဖျက်ချနိုင်သည့် အေးဂျိစ်ဒုံးကျည်စနစ် သို့မ ဟုတ် စစ်သင်္ဘောသစ်နှစ်စင်း ဝယ်ယူရန်လည်း စီစဉ်နေသည်ဟု ဂျပန်နိုင်ငံက ပြောသည်။

ကိုးကား – ရိုက်တာ

Ref; Japan to develop longer-range anti-ship missiles


Share this post