• Follow Us on

Home ဂျပန်နိုင်ငံသို့ လုပ်သားအဖြစ်စေလွှတ်ခွင့်ရရှိသည့် ပြည်ပအလုပ်အကိုင်လိုင်စင်ရအေဂျင်စီ(၃)ခုအား အပြီး ပိတ်သိမ်းလိုက်ပြီး၊ အေဂျင်စီ(၁)ခုအား ယာယီပိတ်သိမ်းလိုက်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာန ထုတ်ပြန်

ဂျပန်နိုင်ငံသို့ လုပ်သားအဖြစ်စေလွှတ်ခွင့်ရရှိသည့် ပြည်ပအလုပ်အကိုင်လိုင်စင်ရအေဂျင်စီ(၃)ခုအား အပြီး ပိတ်သိမ်းလိုက်ပြီး၊ အေဂျင်စီ(၁)ခုအား ယာယီပိတ်သိမ်းလိုက်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာန ထုတ်ပြန်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သားအဖြစ် စေလွှတ်ခွင့်ရရှိသည့် ပြည်ပအလုပ်အကိုင် လိုင်စင်ရအေဂျင်စီများ အနက်မှ အေဂျင်စီ (၃)ခုအား  အပြီးပိတ်သိမ်းလိုက်ပြီး၊ အေဂျင်စီ (၁)ခုအား ယာယီပိတ်သိမ်းလိုက်ကြောင်း၊ အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ ယမန်နေ့က ထုတ်ပြန်လိုက်သည်။

 

အပြီးပိတ်သိမ်းသည့် အေဂျင်စီများမှာ Chan Family Co.,Ltd၊ Richmen Overseas Recruitment Co., Ltd နှင့် Golden Kayin Co., Ltd တို့ဖြစ်ပြီး၊ ယာယီပိတ်သိမ်းသည့် အေဂျင်စီ (၁)ခုမှာ Active United Co.,Ltdတို့ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ဂျပန်နိုင်ငံသို့ ကျွမ်းကျင်လုပ်သား စေလွှတ်ခွင့်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (၁၁၂)ခုရှိသည့်အနက် ဂျပန်နိုင် ငံသို့ ကျွမ်းကျင်လုပ်သား စေလွှတ်ခွင့် အပြီးပိတ်သိမ်းသည့် အေဂျင်စီ (၃)ခု၊ ယာယီပိတ်သိမ်းသည့် အေဂျင်စီ (၁)ဖြစ်သည့်အတွက် လုပ်သားစေလွှတ်ရေး လက်ရှိဆောင်ရွက်လျက်ရှိသည့် အေဂျင်စီ စုစုပေါင်းမှာ (၁၀၈) ခုရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 

#PeopleMedia


Share this post