• Follow Us on

Home ဂ်ပန္မွာ တ႐ုတ္အဆုတ္ေရာင္ေရာဂါျဖစ္ပြားမႈ ပထမဆံုးေတြ႕ရွိတယ္လို႔ အတည္ျပဳ

ဂ်ပန္မွာ တ႐ုတ္အဆုတ္ေရာင္ေရာဂါျဖစ္ပြားမႈ ပထမဆံုးေတြ႕ရွိတယ္လို႔ အတည္ျပဳ

Share this post

လူတစ္ေယာက္ေသဆံုးခဲ့ၿပီး အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ခရီးသြားသတိေပးခ်က္ထုတ္ျပန္ထားရတဲ့ တ႐ုတ္ႏိုင္ငံက ကို႐ိုနာဗိ္ုင္းရပ္စ္ကူးစက္ခံရမႈျုဖစ္ရပ္ ပထမဆံုး႐ွိလာၿပီလို႔ ဂ်ပန္က အတည္ျပဳပါတယ္။ ၿမိဳ႕ေတာ္ တိုက်ိဳနားက ကာနာဂါ၀ါစီရင္စုမွာေနတဲ့ အသက္ ၃၀ ၀န္းက်င္အမ်ိဳးသားတစ္ေယာက္ကူးစက္ခံခဲ့ရတယ္လို႔ ဂ်ပန္က်န္းမာေရး၀န္ႀကီးဌာနက ၾကာသပေတးေန႔မွာ ထုတ္ျပန္ပါတယ္။

 

အဲဒီလူဟာ ေရာဂါပိုးစၿပီးျပန္႔ႏွံ႔တယ္လို႔ ယံုၾကည္ေနၾကတဲ့ တ႐ုတ္ႏုိင္ငံ၊ ၀ူဟန္ၿမိဳ႕ကို ေရာက္ခဲ့တယ္လို႔ ထုတ္ ျပန္ခ်က္မွာပါ၀င္ပါတယ္။ အခုျဖစ္ရပ္ဟာ တ႐ုတ္ႏုိင္ငံျပင္ပမွာ ပထမဆံုးဗိုင္းရပ္စ္ကူးစက္ခံရတယ္လို႔ ထုတ္ ျပန္တဲ့ျဖစ္ရပ္ျဖစ္ပါတယ္။ အခုလအေစာပိုင္းတုန္းကလည္း ထိုင္းမွာ တ႐ုတ္ခရီးသည္တစ္ေယာက္ကို ေရာဂါ ထိန္းခ်ဳပ္ဖို႔ သီးသန္႔ကုသခဲ့ပါတယ္။ ၀ူဟန္မွာေတာ့ ေရာဂါျဖစ္ပြားမႈေပါင္း ၄၁ ခု႐ွိေနၿပီလို႔ အစီရင္ခံေနၾကပါ တယ္။

 

အဆုတ္ေရာင္လုပ္သားေတြ အလုပ္လုပ္ၾကတဲ့ ၀ူဟန္ၿမိဳ႕လယ္က ဟြာနန္းပင္လယ္စာလက္ကားေစ်းဟာ ေရာဂါ ျပန္႔ပြားမႈနဲ႔ ဆက္စပ္ေနပံုရလို႔ ဇန္န၀ါရီ ၁ ရက္မွာ ေစ်းကိုပိတ္ခဲ့ၿပီး လက္႐ွိအခ်ိန္အထိ တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကည့္ေနပါတယ္။ ေနာက္ထပ္က်ယ္က်ယ္ျပန္႔ျပန္႔ေရာဂါကူးစက္ႏိုင္ေသးၿပီး ဗိုင္းရပ္စ္ဟာ လူူလူခ်င္းကူး စက္ႏိုင္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)က အဂၤါေန႔မွာ သတိေပးပါတယ္။

 

ကို႐ိုနာဗိုင္းရပ္စ္ေတြဟာ သာမန္အေအးမိေရာဂါကေန ဆားစ္ေရာဂါအထိ ျဖစ္ပြားႏိုင္တဲ့ ဗိုင္းရပ္စ္မ်ိဳးႏြယ္ႀကီး ျဖစ္ပါတယ္။

 

Source – Agencies via CAN

 

#PeopleMedia #International

 

(Unicode)

လူတစ်ယောက်သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးသွားသတိပေးချက်ထုတ်ပြန်ထားရတဲ့ တရုတ်နိုင်ငံက ကိုရိုနာဗိ်ုင်းရပ်စ်ကူးစက်ခံရမှုြဖစ်ရပ် ပထမဆုံးရှိလာပြီလို့ ဂျပန်က အတည်ပြုပါတယ်။ မြို့တော် တိုကျိုနားက ကာနာဂါဝါစီရင်စုမှာနေတဲ့ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ယောက်ကူးစက်ခံခဲ့ရတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီလူဟာ ရောဂါပိုးစပြီးပြန့်နှံ့တယ်လို့ ယုံကြည်နေကြတဲ့ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို ရောက်ခဲ့တယ်လို့ ထုတ် ပြန်ချက်မှာပါဝင်ပါတယ်။ အခုဖြစ်ရပ်ဟာ တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ ထုတ် ပြန်တဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ အခုလအစောပိုင်းတုန်းကလည်း ထိုင်းမှာ တရုတ်ခရီးသည်တစ်ယောက်ကို ရောဂါ ထိန်းချုပ်ဖို့ သီးသန့်ကုသခဲ့ပါတယ်။ ဝူဟန်မှာတော့ ရောဂါဖြစ်ပွားမှုပေါင်း ၄၁ ခုရှိနေပြီလို့ အစီရင်ခံနေကြပါ တယ်။

အဆုတ်ရောင်လုပ်သားတွေ အလုပ်လုပ်ကြတဲ့ ဝူဟန်မြို့လယ်က ဟွာနန်းပင်လယ်စာလက်ကားဈေးဟာ ရောဂါ ပြန့်ပွားမှုနဲ့ ဆက်စပ်နေပုံရလို့ ဇန်နဝါရီ ၁ ရက်မှာ ဈေးကိုပိတ်ခဲ့ပြီး လက်ရှိအချိန်အထိ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေပါတယ်။ နောက်ထပ်ကျယ်ကျယ်ပြန့်ပြန့်ရောဂါကူးစက်နိုင်သေးပြီး ဗိုင်းရပ်စ်ဟာ လူလူချင်းကူး စက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အင်္ဂါနေ့မှာ သတိပေးပါတယ်။

ကိုရိုနာဗိုင်းရပ်စ်တွေဟာ သာမန်အအေးမိရောဂါကနေ ဆားစ်ရောဂါအထိ ဖြစ်ပွားနိုင်တဲ့ ဗိုင်းရပ်စ်မျိုးနွယ်ကြီး ဖြစ်ပါတယ်။

Source – Agencies via CAN

#PeopleMedia #International


Share this post