• Follow Us on

Home ဂ်ပန္ရထားတြဲအသစ္မ်ား ျမန္မာႏိုင္ငံသို႔ပို႔ေဆာင္

ဂ်ပန္ရထားတြဲအသစ္မ်ား ျမန္မာႏိုင္ငံသို႔ပို႔ေဆာင္

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၂၈

ရန္ကုန္-မႏၲေလးရထားလမ္းတြင္အသုံးျပဳရန္ ရထားတြဲအသစ္မ်ား ဂ်ပန္ႏိုင္ငံဆိပ္ကမ္းမွ ျမန္မာႏိုင္ငံသို႔ပို႔ေ ဆာင္လိုက္ၿပီျဖစ္ေၾကာင္းသိရသည္။

ျသဂုတ္လ ၂၈ ရက္ ရန္ကုန္ရွိ ဂ်ပန္သံ႐ုံးထုတ္ျပန္ခ်က္အရ ရထားတြဲ ၆တြဲပါ ရထားတစ္စင္းကိုဂ်ပန္ႏိုင္ငံ Niigata ဆိပ္ကမ္းမွတဆင့္ ျသဂုတ္လ ၂၁ရက္တြင္ပို႔ေဆာင္လိုက္ၿပီျဖစ္ေၾကာင္းသံ႐ုံးကေဖာ္ျပထားသည္။

ရန္ကုန္-မႏၲေလးရထားလမ္းကိုျပန္လည္ျပဳျပင္မြမ္းမံရန္ႏွင့္ အဆင့္ျမႇင့္တင္ရန္အတြက္ ရထားလမ္းေအာ က္ခံ ေျမသား၊ သံလမ္းႏွင့္အခ်က္ျပစနစ္မ်ားမြမ္းမံျခင္း၊အဆင့္ျမႇင့္တင္ျခင္းႏွင့္ရထားတြဲမ်ား၀ယ္ယူျခင္းတို႔ကို ဂ်ပန္ႏိုင္ငံအစိုးရႏွင့္ ျမန္မာႏိုင္ငံအစိုးရတို႔ပူးေပါင္းကာ ဂ်ပန္ႏိုင္ငံတရား၀င္ဖြံၿဖိဳးမႈအစီအစဉ္ျဖင့္ ေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

ျမန္မာ့မီးရထား လမ္းပိုင္းတြင္ ရန္ကုန္-မႏၲေလး၊ ရန္ကုန္-ေမာ္လၿမိဳင္၊ ရန္ကုန္-ပုဂံ၊ ရန္ကန္ု-ေအာင္လံ-ပုဂံ၊ ရန္ကုန္-ျပည္၊ေမာ္လၿမိဳင္-ထား၀ယ္ဟူ၍ ေအာင္ျမန္မာျပည္တြင္ ရထားလမ္းတို႔ အသီးသီးရွိၿပီး ရထားသံ လမ္းမိုင္ ၄၂၈၈မိုင္ထိ ေဖာက္လုပ္ၿပီးစီးခဲ့ၿပီျဖစ္သည္။

#PeopleMedia #ဂ်ပန္ #ျမန္မာ

(unicode)
ဂျပန်ရထားတွဲအသစ်များ မြန်မာနိုင်ငံသို့ပို့ဆောင်
………………………………

ရန်ကုန်၊ ဩဂုတ် – ၂၈

ရန်ကုန်-မန္တလေးရထားလမ်းတွင်အသုံးပြုရန် ရထားတွဲအသစ်များ ဂျပန်နိုင်ငံဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ပို့ ေဆာင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

သြဂုတ်လ ၂၈ ရက် ရန်ကုန်ရှိ ဂျပန်သံရုံးထုတ်ပြန်ချက်အရ ရထားတွဲ ၆တွဲပါ ရထားတစ်စင်းကိုဂျပန်နိုင်ငံ Niigata ဆိပ်ကမ်းမှတဆင့် သြဂုတ်လ ၂၁ရက်တွင်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းသံရုံးကဖော်ပြထားသည်။

ရန်ကုန်-မန္တလေးရထားလမ်းကိုပြန်လည်ပြုပြင်မွမ်းမံရန်နှင့် အဆင့်မြှင့်တင်ရန်အတွက် ရထားလမ်းအော က်ခံ မြေသား၊ သံလမ်းနှင့်အချက်ပြစနစ်များမွမ်းမံခြင်း၊အဆင့်မြှင့်တင်ခြင်းနှင့်ရထားတွဲများဝယ်ယူခြင်းတို့ကို ဂျပန်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့ပူးပေါင်းကာ ဂျပန်နိုင်ငံတရားဝင်ဖွံဖြိုးမှုအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြန်မာ့မီးရထား လမ်းပိုင်းတွင် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပုဂံ၊ ရန်ကန်ု-အောင်လံ-ပုဂံ၊ ရန်ကုန်-ပြည်၊မော်လမြိုင်-ထားဝယ်ဟူ၍ အောင်မြန်မာပြည်တွင် ရထားလမ်းတို့ အသီးသီးရှိပြီး ရထားသံ လမ်းမိုင် ၄၂၈၈မိုင်ထိ ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်သည်။

#PeopleMedia #ဂျပန် #မြန်မာ


Share this post