• Follow Us on

Home ဘင်္ဂါလီစခန်းများတွင် မကြာမီ 3G၊ 4G ဖုန်းဝန်ဆောင်မှုမျာြး ပန်ရမည်

ဘင်္ဂါလီစခန်းများတွင် မကြာမီ 3G၊ 4G ဖုန်းဝန်ဆောင်မှုမျာြး ပန်ရမည်

Share this post

ဒါကာ၊ သြဂုတ် ၂၈








#PeopleMedia

(unicode)
ဘင်္ဂါလီစခန်းများတွင် မကြာမီ 3G၊ 4G ဖုန်းဝန်ဆောင်မှုများြ ပန်ရမည်
……………………………………………………

ဒါကာ၊ သြဂုတ် ၂၈

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့က်စ်ဘဇားခရိုင်ရှိ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)စခန်းများတွင် မကြာမီ 3G၊ 4G ဖုန်းဝန်ဆောင်မှုများပြန်ရမည်ဖြစ်သည်။

ပြီးခဲ့သည့်တစ်နှစ်နီးပါကသတ်မှတ်ခဲ့သည့်ကန့်သတ်ချက်များကို ဖယ်ရှားရန် ဘင်္ဂလားဒေ့ရှ်အစိုးရကဆုံးဖြတ်ခဲ့ပြီးနောက် ဝန်ဆောင်မှုများပြန်ရရန်ရှိနေခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ပြည်ထဲရေးဝန်ကြီးအဆာဒူဇာမန် ခန်းဦးဆောင်သည့်အထူးလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးဝန်ကြီးဌာနထံသို့ အထူးလုပ်ငန်းအဖွဲ့က ဆုံးဖြတ်ချက်အကြောင်း စာပေးပို့အသိပေးခဲ့သည်ဟု အရာရှိများကပြောသည်။

“ဆုံးဖြတ်ချက်ကို ကျွန်တော်တို့အသိပေးပြီးပါပြီ။ BTRC (ဘင်္ဂလားဒေ့ရှ်တယ်လီဖုန်းဆက်သွယ်ရေးစည်းကမ်းထိန်းသိမ်းရေးကော်မရှင်)က ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နေပါပြီ။” ဟု စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးဝန်ကြီး မူစတာဖာ ဂျက်ဘာက ကြာသပတေးနေ့တွင်အတည်ပြုသည်။

မကြာမီဝန်ဆောင်မှုများပြန်ရမည်ဟု BTRC အရာရှိတစ်ယောက်ကပြောသော်လည်း အချိန်အတိအကျမပြောချေ။

Ref : Rohingya Camps: 3G, 4G mobile services to resume soon

#PeopleMedia


Share this post