• Follow Us on

Home ဂ်ပန္အစိုးရမွ ျမန္မာအစိုးရထံ အေမရိကန္ေဒၚလာ ၅ ဒသမ ၁၈ သန္း တန္ဖိုးရွိေသာ ေဆးဘက္ဆိုင္ရာ စက္ပစၥည္းကိရိယာမ်ား လွဴဒါန္း

ဂ်ပန္အစိုးရမွ ျမန္မာအစိုးရထံ အေမရိကန္ေဒၚလာ ၅ ဒသမ ၁၈ သန္း တန္ဖိုးရွိေသာ ေဆးဘက္ဆိုင္ရာ စက္ပစၥည္းကိရိယာမ်ား လွဴဒါန္း

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၈
ဂ်ပန္အစိုးရမွ ျမန္မာအစိုးရထံ အေမရိကန္ေဒၚလာ ၅ ဒသမ ၁၈ သန္း တန္ဖိုးရွိေသာ ေဆးဘက္ဆိုင္ရာ စက္ ပစၥည္းကိရိယာမ်ား ယေန႔ ေအာက္တိုဘာ ၂၈ ရက္ေန႔တြင္ ေထာက္ပံ့လွဴဒါန္းခဲ့သည္။
အဆိုပါ COVID-19 ေရာဂါ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသရန္အတြက္ ၅ ဒသမ ၁၈ သန္းခန္႔ တန္ဖိုးရွိေသာ ေဆးဘက္ဆိုင္ရာစက္ပစၥည္းကိရိယာမ်ားျဖစ္သည္ PCR စက္မ်ားႏွင့္ PCR နည္းပညာျဖင့္ စစ္ေဆးမႈအတြက္ လက္ပ္ေတာ့ကြန္ပ်ဴတာမ်ားကို က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၊ ေဆးသုေတသနဦစီးဌာနၫႊန္ၾကားေရး မွဴးခ်ဳပ္ ပါေမာကၡေဒါက္တာေဇာ္သန္းထြန္းထံသို႔ လႊဲေျပာင္းေပးအပ္ခဲ့သည္။
ဆက္လက္ၿပီး ဂ်ပန္ႏိုင္ငံအစိုးရအေနျဖင့္ လူနာတင္ယာဥ္မ်ား၊ Medical waste management disposal systems centrifuges ႏွင့္ autoclaves မ်ားကို ဆက္လက္၀ယ္ယူသြားမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံအစိုးရသို႔ ဆက္ တိုက္လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ံုးတြင္ ေဖာ္ျပထားသည္။
#PeopleMedia#ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံ႐ံုး
(unicode)
ဂျပန်အစိုးရမှ မြန်မာအစိုးရထံ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၈ သန်း တန်ဖိုးရှိသော ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ လှူဒါန်း
……………………………………………………………………
ရန်ကုန်၊ အောက်တိုဘာ ၂၈
ဂျပန်အစိုးရမှ မြန်မာအစိုးရထံ အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၈ သန်း တန်ဖိုးရှိသော ဆေးဘက်ဆိုင်ရာ စက် ပစ္စည်းကိရိယာများ ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့တွင် ထောက်ပံ့လှူဒါန်းခဲ့သည်။
အဆိုပါ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် ၅ ဒသမ ၁၈ သန်းခန့် တန်ဖိုးရှိသော ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများဖြစ်သည် PCR စက်များနှင့် PCR နည်းပညာဖြင့် စစ်ဆေးမှုအတွက် လက်ပ်တော့ကွန်ပျူတာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦစီးဌာနညွှန်ကြားရေး မှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဂျပန်နိုင်ငံအစိုးရအနေဖြင့် လူနာတင်ယာဉ်များ၊ Medical waste management disposal systems centrifuges နှင့် autoclaves များကို ဆက်လက်ဝယ်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရသို့ ဆက် တိုက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတွင် ဖော်ပြထားသည်။
#PeopleMedia#မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး


Share this post