• Follow Us on

Home ဂျပန်အစိုးရဝန်ကြီးဟောင်းက မြန်မာစစ်အစိုးရကိုထောက်ခံရန် ပြောဆိုလိုက်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ရန် ဂျပန်ပြည်သူများအား တိုက်တွန်း

ဂျပန်အစိုးရဝန်ကြီးဟောင်းက မြန်မာစစ်အစိုးရကိုထောက်ခံရန် ပြောဆိုလိုက်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ရန် ဂျပန်ပြည်သူများအား တိုက်တွန်း

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈ (People Media)

 

ဂျပ်ထိပ်တန်းကုမ္ပဏီများကို ဒေါ်လာဘီလျံပေါင်းများစွာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့သူ ဂျပန် အစိုးရဝန်ကြီးဟောင်းတစ်ဦးက မြန်မာစစ်အစိုးရကိုထောက်ခံကြရန် ဂျပန်ပြည်သူများကို တိုက်တွန်းလိုက် သည်။

 

အသက် ၈၇ နှစ် ရှိပြီဖြစ်သောအစိုးရဝန်ကြီးဟောင်း ဟီဒီယိုဝါတာနာဘီသည် မြန်မာ့တပ်မတော်နှင့် ဆက်စပ် နေသော ရှော့ပင်းမောတစ်ခုတွင် အမေရိကန်ဒေါ်လာ ၄၂ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း ရိုက်တာသတင်းဌာန က ဖော်ပြထားသည်။

 

မြန်မာစစ်အစိုးရနှင့် ပြန်လည်ဆက်ဆံရန် ဝါတာနာဘီ၏တောင်းဆိုချက်မှာ လက်ရှိဂျပန်အစိုးရ၏ အကူအညီ များဖြတ်တောက်မှု၊ မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများရပ်တန့်ရန် တောင်းဆိုမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေ သည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏သြဇာလွှမ်းမိုးကြီးစိုးမှုကို ဆန့်ကျင်၍ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဂျပန်နိုင်ငံက ချိန်ခွင်လျှာထိန်းညှိရန် နည်းလမ်းများရှာဖွေလျက်ရှိကြောင်း လေ့လာသူများကပြောသည်။

 

ဝါတာနာဘီ ကူညီထူထောင်ခဲ့သော အထူးစီးပွားရေးဇုံနှင့် JMA (ဂျပန်-မြန်မာအသင်း)  အဖွဲ့ဝင်များသည် အခြားနိုင်ငံများမှ ကုမ္ပဏီများ ကဲ့သို့ မြန်မာနိုင်ငံရှိ ၎င်းတို့ရင်းနှီးမြှုပ်နှံမှုများအား ပြန်လည်ရုပ်သိမ်းသွားကြရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၏ ဖိအားပေးမှုကို ခံနေကြရသည်။

 

မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းမှုမှာ ဥပဒေနှင့်ညီညွတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် က ပြောကြားခဲ့သည့် ဝါတာနာဘီသည် ဇွန်လအတွင်းက ကျင်းပခဲ့သသော JMA (ဂျပန်-မြန်မာအသင်း)  ၏ ပုံမှန်အစည်းအဝေးတွင် ၎င်း၏မှတ်ချက်စကားကို ပြောကြားခဲ့သည်။

 

ယခုနှစ်အတွင်း JMA (ဂျပန်-မြန်မာအသင်း)မှ ကုမ္ပဏီခြောက်ခုနုတ်ထွက်ခဲ့ပြီး အဖွဲ့ဝင်ကုမ္ပဏီတစ်ခုက ဝါတာနာဘီ၏ မှတ်ချက်စကားကို ပြန်လည်ဆန့်ကျင်ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး JMA (ဂျပန်-မြန်မာအသင်း)၏ ရပ်တည်မှုကို XYMAX ကုမ္ပဏီက စိုးရိမ်ပူပန်မိကြောင်း ပြောဆိုခဲ့သည်။

 

“စစ်အာဏာသိမ်းမှုကို ကျွန်တော်တို့ လုံးဝ မထောက်ခံပါဘူး။ အာဏာသိမ်းမှုကို ထောက်ခံချက်ပေးနေပုံရတဲ့ ပြောဆိုချက်တွေကိုလည်း ကျွန်တော်တို့ မထောက်ခံနိုင်ပါဘူး” ဟု XYMAX ကုမ္ပဏီမှ နိုင်ငံတကာစီးပွားရေးအ မှုဆောင်အရာရှိ Ryuhei Mori က ပြောသည်။

 

Ref: Japan business lobbyist backs Myanmar coup, urges investment

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Japan business lobbyist backs Myanmar coup, urges investment

 

#PeopleMedia


Share this post