• Follow Us on

Home ဂျာမနီတွင် ဂျူးဆန့်ကျင်ရေးအကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံး


Share this post


တရားခံသေနတ်သမားဟာ ၄င်းပစ်ခတ်တိုက်ခိုက်ခဲ့တာကို ရုပ်သံမှတ် တမ်းရိုက်ကူးခဲ့ပြီး ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။



Ref; Reuters

(unicode)
ဂျာမနီတွင် ဂျူးဆန့်ကျင်ရေးအကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၂ ဦး သေဆုံး
………………………………………………………………

ဂျာမနီနိုင်ငံ၊ ဟာလီမြို့မှာ အောက်တိုဘာ ၉ ရက်နေ့က ဂျူးဆန့်ကျင်ရေး အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုကြောင့် လူ ၂ ဦးသေဆုံးခဲ့ပါတယ်။

တရားခံသေနတ်သမားဟာ ၎င်းပစ်ခတ်တိုက်ခိုက်ခဲ့တာကို ရုပ်သံမှတ် တမ်းရိုက်ကူးခဲ့ပြီး ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ်တင်ခဲ့ပါတယ်။

သေနတ်သမားကို ရဲတပ်ဖွဲ့ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီဝန် ကြီးချုပ် အန်ဂျယ်လာ မာကယ်က အခုလိုအကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချကြောင်းပြော ကြားခဲ့ပါတယ်။ အခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဥရောပမှာ ဂျူးဆန့်ကျင်ရေး ပြန်လည်မြင့်တက်လာတာကို ပြသနေ တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။

ဂျူးဆန့်ကျင်ရေးလုပ်ရပ်တွေကို ဂျာမနီအစိုးရအာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ အတွက်လည်း နေတန်ယာဟုက တွစ်တာက တစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Ref; Reuters


Share this post