• Follow Us on

Home ငဖဲၿမိဳ႕နယ္တြင္ ခိုး၀င္ဘဂၤါလီ ၂၄ ဦး ဖမ္းဆီးရမိ ပြဲစားမ်ားက မေကြး တိုင္းအေရာက္ က်ပ္သိန္း ၂၀ ျဖင့္ ခိုးသြင္းလာျခင္းျဖစ္

ငဖဲၿမိဳ႕နယ္တြင္ ခိုး၀င္ဘဂၤါလီ ၂၄ ဦး ဖမ္းဆီးရမိ ပြဲစားမ်ားက မေကြး တိုင္းအေရာက္ က်ပ္သိန္း ၂၀ ျဖင့္ ခိုးသြင္းလာျခင္းျဖစ္

Share this post

မေကြးတိုင္းေဒသႀကီး၊ ငဖဲၿမိဳ႕နယ္၊ ပင္ဦးေက်းရြာအုပ္စုကံရြာေက်းရြာ၏ အေနာက္ေျမာက္ဘက္(၂)မိုင္ခန္႔
အကြာတြင္ ခိုးဝင္ဘဂၤါလီ(၂၄)ဦးအား ဒီဇင္ဘာလ ၂၀ရက္ ည ၇ နာရီအခ်ိန္တြင္ ဖမ္းဆီးရမိခဲ့သည္။

ကနဦးဖမ္းဆီးရမိခဲ့ေသာ ၎ခိုးဝင္ဘဂၤါလီ(၂၂)ဦးမွာ က်ား (၁၆)ဦး၊ မ(၅)ဦးျဖစ္သည့္အျပင္ ကေလးငယ္
မ (၄)ႏွစ္တစ္ဦး ပါဝင္သည္ဟုသိရသည္။

၎တို႔အား စစ္ေဆးခဲ့ရာ လြတ္ေျမာက္ေနသည့္ ဘဂၤါလီ(၄)ဦးရွိေနေသးသည္ဟု စစ္ေဆးသိရွိရသျဖင့္ ကံရြာ
ေက်းရြာအေနာက္ေျမာက္ဘက္ ၂ မိုင္ ၁ ဖာလုံခန္႔အကြာတြင္ ေတာနင္းရွာေဖြၾကရာ ဘဂၤါလီအမ်ိဳးသားႏွစ္ဦးကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

မေလးရွားႏိုင္ငံသို႔ သြားေရာက္လိုလွ်င္ မေကြးတိုင္းအတြင္းအေရာက္တြင္ ေငြက်ပ္သိန္း(၂၀)ေပးရမည္ျဖစ္ၿပီး က်န္ေငြ(၂၅)သိန္းကို ရန္ကုန္အေရာက္တြင္ ဆက္လက္ေပးေခ်ရမည္ျဖစ္ေၾကာင္းသိရ၍ လိုက္ပါလာခဲ့ရာ ပြဲစားကခ်င္းလူမ်ိဳး(၃)ဦးထံ အပ္ႏွံေပးသျဖင့္ ၎တို႔ႏွင့္အတူ ႏိုဝင္ဘာလ ၂၂ ရက္ေန႔က ခရီးဆက္လာခဲ့ျခင္း ျဖစ္ေၾကာင္း ထြက္ခ်က္ေပးခဲ့သည္။

ဖမ္းဆီးရမိခဲ့သည္ခိုးဝင္ဘဂၤါလီမ်ားသည္ ေငြက်ပ္သိန္း (၃၉၀)ကိုပြဲစားမ်ားထံေပးအပ္ခဲ့ၿပီးျဖစ္ၿပီး လိုက္ပါပို႔ ေဆာင္သည့္ခ်င္းလူမ်ိဳး(၃)ဦးမွာ မေကြးတိုင္းေဒသႀကီးအေရာက္တြင္ ခ်င္းလူမ်ိဳး(၂)ဦးထံ ထပ္မံအပ္ႏွံေပးခဲ့ၿပီး
ေတာလမ္းအတိုင္း ဆက္လက္ထြက္ခြာလာၾကရာ ကံရြာေက်းရြာအေနာက္ေျမာက္သို႔အေရာက္တြင္ ခ်င္း လူမ်ိဳးမ်ားက ရန္ကုန္ပို႔ေဆာင္ေပးမည့္ေမာ္ေတာ္ယာဥ္သြားရွာမည္ေျပာ၍ ထြက္ခြာသြားၿပီးေနာက္ ဖမ္းဆီး
ခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ခိုးဝင္ဘဂၤါလီ (၂၄) ဦးကို ႏိုင္ငံသားမ်ားမွတ္ပုံတင္ေရးအက္ဥပေဒ ၆(၃)ျဖင့္ ငဖဲၿမိဳ႕နယ္ တရား႐ုံးတြင္ ငဖဲၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပုံတင္ဦးစီးဌာနမွ တရားလိုျပဳလုပ္ ဦးတိုက္ ေလ်ာက္ထားသြားမည္ျဖစ္ေၾကာင္းသိရသည္။

သက္ေနာင္

#PeopleMedia

(Unicode)
ငဖဲမြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၂၄ ဦး ဖမ်းဆီးရမိ ပွဲစားများက မကွေး တိုင်းအရောက် ကျပ်သိန်း ၂၀ ဖြင့် ခိုးသွင်းလာခြင်းဖြစ်
…………………………………………………………………….

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာအုပ်စုကံရွာကျေးရွာ၏ အနောက်မြောက်ဘက်(၂)မိုင်ခန့်
အကွာတွင် ခိုးဝင်ဘင်္ဂါလီ(၂၄)ဦးအား ဒီဇင်ဘာလ ၂၀ရက် ည ၇ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့သည်။

ကနဦးဖမ်းဆီးရမိခဲ့သော ၎င်းခိုးဝင်ဘင်္ဂါလီ(၂၂)ဦးမှာ ကျား (၁၆)ဦး၊ မ(၅)ဦးဖြစ်သည့်အပြင် ကလေးငယ်
မ (၄)နှစ်တစ်ဦး ပါဝင်သည်ဟုသိရသည်။

၎င်းတို့အား စစ်ဆေးခဲ့ရာ လွတ်မြောက်နေသည့် ဘင်္ဂါလီ(၄)ဦးရှိနေသေးသည်ဟု စစ်ဆေးသိရှိရသဖြင့် ကံရွာ
ကျေးရွာအနောက်မြောက်ဘက် ၂ မိုင် ၁ ဖာလုံခန့်အကွာတွင် တောနင်းရှာဖွေကြရာ ဘင်္ဂါလီအမျိုးသားနှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

မလေးရှားနိုင်ငံသို့ သွားရောက်လိုလျှင် မကွေးတိုင်းအတွင်းအရောက်တွင် ငွေကျပ်သိန်း(၂၀)ပေးရမည်ဖြစ်ပြီး ကျန်ငွေ(၂၅)သိန်းကို ရန်ကုန်အရောက်တွင် ဆက်လက်ပေးချေရမည်ဖြစ်ကြောင်းသိရ၍ လိုက်ပါလာခဲ့ရာ ပွဲစားကချင်းလူမျိုး(၃)ဦးထံ အပ်နှံပေးသဖြင့် ၎င်းတို့နှင့်အတူ နိုဝင်ဘာလ ၂၂ ရက်နေ့က ခရီးဆက်လာခဲ့ခြင်း ဖြစ်ကြောင်း ထွက်ချက်ပေးခဲ့သည်။

ဖမ်းဆီးရမိခဲ့သည်ခိုးဝင်ဘင်္ဂါလီများသည် ငွေကျပ်သိန်း (၃၉၀)ကိုပွဲစားများထံပေးအပ်ခဲ့ပြီးဖြစ်ပြီး လိုက်ပါပို့ ဆောင်သည့်ချင်းလူမျိုး(၃)ဦးမှာ မကွေးတိုင်းဒေသကြီးအရောက်တွင် ချင်းလူမျိုး(၂)ဦးထံ ထပ်မံအပ်နှံပေးခဲ့ပြီး
တောလမ်းအတိုင်း ဆက်လက်ထွက်ခွာလာကြရာ ကံရွာကျေးရွာအနောက်မြောက်သို့အရောက်တွင် ချင်း လူမျိုးများက ရန်ကုန်ပို့ဆောင်ပေးမည့်မော်တော်ယာဉ်သွားရှာမည်ပြော၍ ထွက်ခွာသွားပြီးနောက် ဖမ်းဆီး
ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ခိုးဝင်ဘင်္ဂါလီ (၂၄) ဦးကို နိုင်ငံသားများမှတ်ပုံတင်ရေးအက်ဥပဒေ ၆(၃)ဖြင့် ငဖဲမြို့နယ် တရားရုံးတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ တရားလိုပြုလုပ် ဦးတိုက် လျောက်ထားသွားမည်ဖြစ်ကြောင်းသိရသည်။

သက်နောင်

#PeopleMedia


Share this post