• Follow Us on

Home စင္ကာပူဘဏ္ေတြက ေ႐ႊေတာင္လုပ္ငန္းစုကို စိမ္းလန္းစိုျပည္ေရးေခ်းေငြ ေဒၚလာ ၄၄ သန္းထုတ္ေခ်း

စင္ကာပူဘဏ္ေတြက ေ႐ႊေတာင္လုပ္ငန္းစုကို စိမ္းလန္းစိုျပည္ေရးေခ်းေငြ ေဒၚလာ ၄၄ သန္းထုတ္ေခ်း

Share this post

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၇

ျမန္မာႏိုင္ငံက ေ႐ႊေတာင္လုပ္ငန္းစုကို စင္ကာပူႏိုင္ငံက OCBC ဘဏ္နဲ႔ UOB ဘဏ္တို႔က သဘာ၀ပတ္၀န္း က်င္ မထိခိုက္တဲ့စီမံကိန္းေတြမွာ အသံုးျပဳဖို႔ အေမရိကန္ေဒၚလာ ၄၄ သန္းထုတ္ေခ်းလိုက္ပါတယ္။ ေခ်းေငြ ထဲကသန္း ၃၀ ေလာက္က OCBC ကျဖစ္ၿပီးေတာ့ က်န္တာကေတာ့ UOB က ေပးတာလို႔ ေ႐ႊေတာင္လုပ္ငန္း စုနဲ႔ OCBCတို႔ ဗုဒၶဟူးေန႔က ပူးတြဲထုတ္ျပန္ခ်က္မွာပါ၀င္ပါတယ္။

Junction City ေစ်း၀ယ္စင္တာအတြက္ ထုတ္ယူခဲ့တဲ့ေငြကို အခုေခ်းေငြနဲ႔ျပန္ျဖည့္ဖို႔ ေ႐ႊေတာင္လုပ္ငန္းစုရဲ႕ ကုမၸဏီခြဲ City Square Commercial က အခုေခ်းေငြကိုအသံုးျပဳလိမ့္မယ္လို႔ OCBC က The Business Times သတင္းစာကိုေျပာပါတယ္။ အရင္ေခ်းေငြကလည္း OCBC နဲ႔ UOBတို႔ကပါပဲ။ ၂၀၁၇ ခုႏွစ္မွာဖြင့္လွစ္ ခဲ့တဲ့ Junction Cityဟာ ရန္ကုန္ၿမိဳ႕လည္က ဘက္စံုသံုးၿမိဳ႕ျပဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြထဲကတစ္ခုျဖစ္ၿပီး စြမ္းအင္သက္သာတဲ့လွ်ပ္စစ္နဲ႔စက္မႈပစၥည္းစနစ္ေတြပါ၀င္တာေၾကာင့္ စြမ္းအင္သံုးစြဲမႈ ၁၅ ကေန ၂၀ ရာခိုင္ႏႈန္းအထိသက္သာတယ္လို႔ ပူးတြဲထုတ္ျပန္ခ်က္အရသိရပါတယ္။

အခုႏွစ္ဇန္နဝါရီမွာ စင္ကာပူႏိုင္ငံမွာ႐ွိတဲ့ အေဆာက္အအံုႏွင့္ ေဆာက္လုပ္ေရးအာဏာပိုင္အဖြဲ႕က Green Mark အသိအမွတ္ျပဳလက္မွတ္ထုတ္ေပးခဲ့ၿပီးတဲ့ေနာက္ ဘဏ္ေတြက စိမ္းလန္းစိုျပည္ေရးေခ်းေငြထုတ္ေပးခဲ့ တာပါ။ Green Markဟာ ႏိုင္ငံတကာအသိအမွတ္ျပဳလက္မွတ္ျဖစ္ၿပီး တ႐ုတ္၊ အင္ဒိုနီး႐ွား၊ မေလး႐ွားနဲ႔ ဗီယက္နမ္ႏိုင္ငံတို႔က ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြလည္း ရ႐ွိထားပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ Junction City က ပထမဆံုးအသိအမွတ္ျပဳလက္မွတ္ရ႐ွိထားတဲ့လုပ္ငန္းျဖစ္လာတာပါ။

Source – Business Times

Photo – Shwe Taung Group and OCBC

#PeopleMedia #Myanmar #GreenLoan

(Unicode)
စင်ကာပူဘဏ်တွေက ရွှေတောင်လုပ်ငန်းစုကို စိမ်းလန်းစိုပြည်ရေးချေးငွေ ဒေါ်လာ ၄၄ သန်းထုတ်ချေး
…………………………………………………………

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံက ရွှေတောင်လုပ်ငန်းစုကို စင်ကာပူနိုင်ငံက OCBC ဘဏ်နဲ့ UOB ဘဏ်တို့က သဘာဝပတ်ဝန်း ကျင် မထိခိုက်တဲ့စီမံကိန်းတွေမှာ အသုံးပြုဖို့ အမေရိကန်ဒေါ်လာ ၄၄ သန်းထုတ်ချေးလိုက်ပါတယ်။ ချေးငွေ ထဲကသန်း ၃၀ လောက်က OCBC ကဖြစ်ပြီးတော့ ကျန်တာကတော့ UOB က ပေးတာလို့ ရွှေတောင်လုပ်ငန်း စုနဲ့ OCBCတို့ ဗုဒ္ဓဟူးနေ့က ပူးတွဲထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

Junction City ဈေးဝယ်စင်တာအတွက် ထုတ်ယူခဲ့တဲ့ငွေကို အခုချေးငွေနဲ့ပြန်ဖြည့်ဖို့ ရွှေတောင်လုပ်ငန်းစုရဲ့ ကုမ္ပဏီခွဲ City Square Commercial က အခုချေးငွေကိုအသုံးပြုလိမ့်မယ်လို့ OCBC က The Business Times သတင်းစာကိုပြောပါတယ်။ အရင်ချေးငွေကလည်း OCBC နဲ့ UOBတို့ကပါပဲ။ ၂၀၁၇ ခုနှစ်မှာဖွင့်လှစ် ခဲ့တဲ့ Junction Cityဟာ ရန်ကုန်မြို့လည်က ဘက်စုံသုံးမြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေထဲကတစ်ခုဖြစ်ပြီး စွမ်းအင်သက်သာတဲ့လျှပ်စစ်နဲ့စက်မှုပစ္စည်းစနစ်တွေပါဝင်တာကြောင့် စွမ်းအင်သုံးစွဲမှု ၁၅ ကနေ ၂၀ ရာခိုင်နှုန်းအထိသက်သာတယ်လို့ ပူးတွဲထုတ်ပြန်ချက်အရသိရပါတယ်။

အခုနှစ်ဇန်နဝါရီမှာ စင်ကာပူနိုင်ငံမှာရှိတဲ့ အဆောက်အအုံနှင့် ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့က Green Mark အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခဲ့ပြီးတဲ့နောက် ဘဏ်တွေက စိမ်းလန်းစိုပြည်ရေးချေးငွေထုတ်ပေးခဲ့ တာပါ။ Green Markဟာ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ဖြစ်ပြီး တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့က ဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း ရရှိထားပါတယ်။ မြန်မာနိုင်ငံမှာတော့ Junction City က ပထမဆုံးအသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့လုပ်ငန်းဖြစ်လာတာပါ။

Source – Business Times

Photo – Shwe Taung Group and OCBC

#PeopleMedia #Myanmar #GreenLoan


Share this post